Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၂၀၀ ကျော် ထပ်မံဝင်ရောက်

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၂၀၀ ကျော် ထပ်မံဝင်ရောက်

0
By Editor on September 23, 2024 Headline

(005MK)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာစစ်ဘေးရှောင် ၂၀၀ ကျော် ထပ်မံဝင်ရောက်လာသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ်တမ်းအရ ပြီးခဲ့သည့်အပတ်က မြန်မာစစ်ဘေးရှောင် ၂၀၅ ယောက်သည် ခေါဇောလ်ခရိုင်ထဲ ဝင်ရောက်လာခဲ့ကြပြီး လက်ရှိမီဇိုရမ်ပြည်နယ်တစ်ခုလုံးတွင် မြန်မာစစ်ဘေးရှောင် ၃၃၉၆၁ ဦးရှိသည်ဟု All india Radio News Aizawl က ဖော်ပြသည်။

ခေါဇောလ်ခရိုင်ထဲသို့ ယခုဝင်ရောက်လာကြသော မြန်မာစစ်ဘေးရှောင်များမှာ မြန်မာနိုင်ငံဘယ်ဒေသမှ ဝင်ရောက်လာသူများဖြစ်ကြောင်းကို ဖော်ပြထားခြင်းမရှိပေ။

မီဇိုရမ်ပြည်နယ်အတွင်း ခိုလုံနေကြသော မြန်မာစစ်ဘေးရှောင်များသည် ဒေသတွင်းရှိ ခရိုင် ၁၁ ခုမှာ ဖြန့်ကျက်နေထိုင်ကြသည်ဟု သိရသည်။

ခရိုင် ၁၁ ခုအနက် ခရိုင် ၇ ခုမှာ စစ်ဘေးရှောင်စခန်းများရှိသော်လည်း ကျန် ခရိုင် ၄ ခုမှာတော့ စစ်ဘေးရှောင်စခန်းများမရှိဘဲ ဆွေးမျိုးများထံနှင့် အိမ်ငှါးအဖြစ် နေထိုင်ကြသည်ဟု သိရသည်။

မြန်မာစစ်ဘေးရှောင်များအနက် ၁၀၂၂၈ ဦးမှာ အမျိုးသားများ ဖြစ်ကြပြီး ၁၀၈၅၆ ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး ၁၂၈၇၇ ဦးမှာ ၁၈ နှစ်မပြည့်သေးသော ကလေးငယ်များကြသည်ဟု All india Radio News Aizawl က ဖော်ပြသည်။

စစ်ဘေးရှောင်များအနက် ၁၆၉၆၉ ဦးမှာ ခရိုင် ၇ ခုထဲက စစ်ဘေးရှောင်စခန်း ၁၂၉ ခုမှာနေထိုင်ကြပြီး၊ ၁၆၉၉၂ ဦးမှာ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများထံနှင့် အိမ်ငှါးဖြင့်လည်းကောင်း နေထိုင်ကြသည်ဟုဆိုသည်။

တချို့မှာ ဆွေမျိုးများ၏ တောင်ယာ၊ ခြံ စသည့်နေရာများတွင် ခြံစောင့်အဖြစ်နေထိုင်ကြရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်မှာ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းလုံးမှာ စစ်ရေးပဋိပက္ခများ ဖြစ်ပွားလာခဲ့ရာ ၂၀၂၁ ခုနှစ် မတ်လဆန်းပိုင်းကစ၍ မီဇိုရမ်ပြည်နယ်ထဲသို့ စစ်ဘေးရှောင်များ စတင်ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.