Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်တွင် ၃ ရက်အတွင်း ရူပီးသိန်း ၃၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

မီဇိုရမ်ပြည်နယ်တွင် ၃ ရက်အတွင်း ရူပီးသိန်း ၃၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

0
By Editor on August 2, 2022 Khonumthung

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် လွန်ခဲ့သည့် ၃ ရက်အတွင်းမှာ ရူပီးသိန်း ၃၀ ကျော် တန်ဖိုးရှိသည့် ဘိန်းဖြူများကို မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် လူ ၈ ဦးထံမှ ဖမ်းဆီးရမိသည်ဟု မီဇိုရမ်ပြည်နယ် မူးယစ်တိုက်ဖျက်ရေးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် စနေနေ့ ဇူလိုင် ၃၀ ရက်နေ့က ကျန်ဖိုင်းခရိုင် Hnahlan ကျေးရွာတွင် ရူပီး ၆ သိန်းခန့်တန်ဖိုးရှိသော ဘိန်းဖြူ ၅၀၀ ဂရမ်ကို မြန်မာနိုင်ငံသားတစ်ဦးထံမှ ဖမ်းဆီးရမိခဲ့ကြောင်း Mizoram News သတင်းတွင်ဖော်ပြသည်။

ထို့အပြင် ဇူလိုင်လ ၂၈ ရက်နေ့ကလည်း မာမစ်ခရိုင် Dapchhuah ကျေးရွာတွင် ရူပီး ၂၃ ဒသမ ၄ သိန်း ကျော်တန်ဖိုးရှိသော ဘိန်းဖြူ ၂.၈၅ ကီလိုဂရမ်ကို တြိပူရပြည်နယ်သား သုံးဦးနှင့် အာသံပြည်နယ်သား နှစ်ဦးထံမှ ဖမ်းဆီးခဲ့ကြပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုသည့် ယာဉ်တစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

အလားတူ ဇူလိုင် ၂၇ ရက်နေ့ကလည်း ရူပီး ၁ ဒသမ ၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၁၅၄ ဂရမ်ကို အိုင်ဇောလ်မြို့ ရပ်ကွက်တစ်ခုတွင် အမျိုးသမီးတစ်ဦးအပါအဝင် လူနှစ်ဦးထံမှ ဖမ်ဆီးရမိခဲ့ပြီး ၎င်းတို့အားလုံး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အက်ဥပဒေ 1985 ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း Mizoram News သတင်းတွင် ဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မူးယစ်ဆေးဝါး (အထူးသဖြင့် ဘိန်းဖြူ) ဖမ်းဆီးမှု မကြာခဏရှိခဲ့သည်။

ဘိန်းဖြူအများစုသည် အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ယူဆရပြီး ဘိန်းဖြူဖမ်းဆီးမှုအများစုမှာ မြန်မာနိုင်ငံသားများ ပါဝင်လေ့ရှိကြသည်။

ထို့အကြောင့် ချင်းလက်နက်ကိုင်အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံသားများအနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ယူရောင်းချခြင်းမပြုရန် ပြင်းပြင်းထန်ထန် သတိပေးထုတ်ပြန်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.