Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးသော စစ်ကောင်စီတပ်သား ၁၅၁ ဉီး မြန်မာကိုပြန်ပို့

မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးသော စစ်ကောင်စီတပ်သား ၁၅၁ ဉီး မြန်မာကိုပြန်ပို့

0
By Editor on January 3, 2024 Headline

(005MK)

ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA ၏ စခန်းသိမ်းတိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၁၅၁ ဦးကို ဇန်န၀◌ါရီလ ၂ ရက်နေ့က မြန်မာ့လေ ကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ခေါ်ဆောင်သွားကြပြီဟု သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Lengpui လေဆိပ်ကတဆင့် မြန်မာလေကြောင်းလိုင်းဖြင့် နှစ်သုတ်ခွဲ၍ သယ်ဆောင်သွားခြင်းဖြစ်ပြီး ပထမအသုတ်တွင် တပ်သား ၈၄ ဉီးနှင့် ဒုတိယသုတ်တွင် ၆၇ ဉီးကို ခေါ်ထုတ်သွားပြီဖြစ်သည်ဟု ဒေသတွင်းသတင်းမီဒီယာတွင် ဖော်ပြသည်။

ချင်းပြည်နယ် ပလက်၀မြို့နယ် အိန္ဒိယ- မြန်မာနယ်စပ်အနီးရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA က ဒီဇင်ဘာလ ၂၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၁၅၁ ဦးသည် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Tuisentlang ကျေးရွာက အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ ထွက်ပြေးခိုလုံခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့ထဲတွင် ဒဏ်ရာရရှိသူ ၉ ဦးရှိကာ ၄ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။

ပြီးခဲ့သည့် နို၀င်ဘာလအတွင်းကလည်း ချင်းပြည်နယ်က စခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်သားအယောက် ၁၀၀ ခန့်မှာ စခန်းကိုစွန့်ခွါပြီး မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ ထွက်ပြေးလာသူအားလုံးကို အိန္ဒိယဗဟိုအစိုးရက ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်ကာ စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.