Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

0
By Editor on June 30, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် Sairang/Sihhmui မှ အိန္ဒိယ-မြန်မာနယ်စပ် Zorinpui အထိ ရထားလမ်းဖောက်လုပ်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီးစီးပြီဟု မီဇိုရမ်အထက်လွတ်တော်အမတ် Pu K.Vanlalvena ကပြောသည်။

မီဇိုရမ်အထက်လွတ်တော်အမတ် Pu K. Vanlalvena သည် ပြည်နယ်၏ မြို့တော်အနီး Sairang/Sihhmui ရထား ဘူတာမှတဆင့် မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် မြန်မာနယ်စပ် Zorinpui အထိ ရထားလမ်း ဖောက်လုပ်ရန် အိန္ဒိယဗဟိုအစိုးရထံ ယခင်ကတည်းကတင်ပြတောင်းဆိုချက်ကို ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် ရထားပို့ဆောင်ရေးဝန်ကြီးကို မကြာသေးခင်ကတွေ့ဆုံဆွေးနွေးခဲ့သည်ဟု All India Radio News က ဖော်ပြသည်။

ထိုသို့တွေ့ဆုံရာမှာ ရထားပို့ဆောင်ရေးဝန်ကြီးက Sairang/Sihhmui မှ Zorinpui အထိ ရထားလမ်းဖောက်မည့် စီမံကိန်းနှင့်ပတ်သက်၍ ပဏမစစ်တမ်းကောက်ယူမှုပြီးဆုံးပြီဖြစ်ကြောင်း၊ သို့သော်လည်း မြေပုံကိုတော့ နောက်ဆုံး အတည်ပြုချက်မရသေးကြောင်း ပြောဆိုခဲ့သည်ဟု Pu K. Vanlalvena ကပြောသည်။

အဆိုပါ ပဏာမစစ်တမ်းကောက်ယူချက်အရ Sairang/Sihhmui ရထားဘူတာ မှ မြန်မာနယ်စပ် Zorinpui အထိ ကီလိုမီတာ ၂၂၃ ရှည်လျားမည့် ရထားလမ်း ဖောက်လုပ်ရမည်ဟုသိရသည်။

ရထားလမ်းဖောက်လုပ်ပြီးစီးပါက မီဇိုရမ် ပြည်နယ်မှ ချင်းပြည်နယ် ပလက်ဝမြို့ ထိုမှတဆင့် ခရိုင်ပြည်နယ် စစ်တွေမြို့ဆိပ်ကမ်းအထိ ဆက်သွယ်နိုင်မည့် Kaladan Multi-Modal Transit Transport Project (KMMTTP) အတွက်လည်း များစွာအကျိုးရှိမည်ဟုသိရသည်။

ယခုလက်ရှိတွင် အိန္ဒိယပြည်မဘက်နှင့် မီဇိုရမ်ပြည်နယ်တို့ ဆက်သွယ်နိုင်မယ့် Sairang/ Sihhmui ရထားလမ်းစီမံကိန်းမှာ ပြီးစီးပြီဖြစ်ကာ ဇူလိုင်လ ၃၁ ရက်မတိုင်ခင် ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကပြောသည်။ လက်ရှိမှာတော့ ပြည်မဘက်မှ ရထားများ Sairang/Sihhmui ဘူတာသို့ အစမ်းပြေးဆွဲနေပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.