Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ် တက္ကသိုလ်တွင် ပညာသင်ကြားနိုင်မည့် ပညာတော်သင်အစီစဉ် ICA ခေါ်ယူ

မီဇိုရမ်ပြည်နယ် တက္ကသိုလ်တွင် ပညာသင်ကြားနိုင်မည့် ပညာတော်သင်အစီစဉ် ICA ခေါ်ယူ

0
By Editor on August 10, 2022 Headline

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ တက္ကသိုလ်တွင် သုတေသန Fellowship သင်တန်းတက်ရောက်နိုင်ရန် မြန်မာစစ်ဘေးဒုက္ခသည် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာတော်သင်အစီစဉ်တရပ်ကို ချင်းရေးရာအဖွဲ့ချုပ် (ICA) က သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိ မြန်မာနိင်ငံအတွင်းဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေအမျိုးမျိုးကြောင့် မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်ရပြီး ကျန်ရစ်ခဲ့သော ပညာရေးကွာဟချက်များ ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ချင်းရေးရာအဖွဲ့ချုပ် (ICA) နှင့် မီဇိုရမ်တက္ကသိုလ် (MZU) တို့ ပူးပေါင်းဆောင်ရွက်သည့် အစီစဉ်တရပ်ဖြစ်သည်။

သုတေသန Fellowship သင်တန်းကို လာမည့်အောက်တိုဘာလ ၃ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်သော စစ်ဘေးဒုက္ခသည် ၅ ဦးကို ခေါ်ယူမှာဖြစ်ပြီး ယင်းအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်သည်။

“သုတေသနလုပ်မှာဖြစ်သည့်အတွက် အနည်းဆုံးတော့ ဘွဲ့တစ်ခုခုတော့ရထားရမယ်၊ ဥပမာအားဖြင့် လူမှုရေးသိပ္ပံ၊ ပထဝီ၊ နိုင်ငံရေးသိပ္ပံတို့၊ ဥပ‌ဒေတို့ နောက်ပြီးတော့ လူမှုကြီးကြပ်‌ရေးနင့် ပက်သက်တဲ့ ဘွဲ့ရထားတဲ့လူတွေကို ဦးစားပေးခေါ်မှာပေါ့နော်၊ ပြီးတော့မှ စာတမ်းကကြတော့ အင်္ဂလိပ်လို ရေးရမှာဖြစ်တဲ့အတွက်ကြောင့် မြန်မာရော အင်္ဂလိပ်ရော ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်တဲ့သူကို ကျွန်ပ်တို့ခေါ်ပါတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောသည်။

Fellowship သင်တန်းသည် ယခုနှစ် အောက်တိုဘာလ မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ၁၂ လ ကြာမြင့်မည်ဖြစ်ပြီး ၁၈ လအထိ သက်တမ်းတိုးနိုင်ခြေရှိကြောင်း သိရသည်။

ရွေးချယ်ခံရသော ပညာတော်သင်များအတွက် နေထိုင်စားသောက်စရိတ်နှင့် တက္ကသိုလ်ရှိ သင်ကြားရေးဆိုင်ရာ အထောက်အကူပစ္စည်းများကို ပေးအပ်မည်ဟု သိရသည်။

ထို့အပြင် နိုင်ငံတကာသုတေသီများ၏ ကွန်ရက်နှင့် ချိတ်ဆက်နိုင်ပြီး နိုင်ငံတကာတက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများမှ ပညာရှင်များမှ ကြီးကြပ်ကွပ်ကဲခြင်းများလည်း ရရှိနိုင်မည်ဟု ICA က ထုတ်ပြန်သည်။

လျှောက်လွှာများကို ယခုလ သြဂုတ် ၃၁ ရက်နေ့ ညနေ ၅ နာရီတွင် ပိတ်မည်ဖြစ်ပြီး အောက်ပါလင့်တွင် အသေးစိတ်သွားရောက်ကြည့်ရှုနိုင်သည်။

https://chinaffairs.org/wp-content/uploads/2022/08/ICA-Call-for-Myanmar-Research-Fellows_Aug2022.pdf?fbclid=IwAR0wjLJ8Niq7ifwLg_hOuJ3PzwkZhOePBn6aQ8chm8A3IMEP-qTDCar_MUc
https://chinaffairs.org/call-for-myanmar-research-fellows/?fbclid=IwAR30yxox6K7bgE6pIASrkcO7NAvkkvaps56h-urjBEr8gqc0d6dqgq1cJK0

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.