Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် Pu K.Vanlalvena က အိန္ဒိယနိုင်ငံ ဒု-သမ္မတထံ မြန်မာနိုင်ငံအရေး တင်ပြ

မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် Pu K.Vanlalvena က အိန္ဒိယနိုင်ငံ ဒု-သမ္မတထံ မြန်မာနိုင်ငံအရေး တင်ပြ

0
By Editor on March 16, 2021 Headline
#Unicode
ရစ်ချက် – မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် (RAJYA SABHA MP)Pu K.Vanlalvena က အိန္ဒိယနိုင်ငံ ဒုသမ္မတလည်းဖြစ် အထက်လွှတ်တော် ဥက္ကဌ M.Venkaiah Naidu ထံ လက်ရှိ မြန်မာနိုင်ငံ အရေးနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြတောင်း ဆိုမှုပြုလုပ်ခဲ့သည်ဟုသိရသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီကိုရောက်ရှိနေသော မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် Pu K.Vanlalvena က အိန္ဒိယနိုင်ငံ ဒုသမ္မတ M.Venkaiah Naidu နေအိမ်တွင် မတ်လ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံပြီး ယခုလို တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
“မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသောအခြေအနေကြောင့် သေဆုံးသူနှင့်ဒဏ်ရာရရှိသူများစွာရှိနေပြီဖြစ်တယ်။ သို့သော်လည်း သေဆုံးသူနှင့် ဒဏ်ရာရရှိသူဦးရေမှာ တိတိကျကျမသိရကြောင်း၊ နိုင်ငံခေါင်းဆောင်များအပြင် များစွာ သောသူကိုပါ ဖမ်းဆီးခံထားရကြောင်း၊ မြန်မာနိုင်ငံ စစ်အာဏာရှင်ကိုမလိုလားဘဲ ပြည်သူလူထုဘက်တွင် ရပ်တည် ပေးတဲ့ စစ်သား၊ ရဲ အများအပြားတို့မှာလည်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ဒုသမ္မတထံ” တင်ပြခဲ့သည်။
မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာကြသော မြန်မာနိ်ုင်ငံသားများအပေါ် အရေးတကြီး အကူအညီ ထောက်ပံ့မှုများလို အပ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် မြန်မာလူထုများခံစားနေရသည့် ဒုက္ခများအဆုံး သတ်ချုပ်ငြိမ်းစေရေးအတွက် ကြားဝင်ဆောင်ရွက်ပေးရန်နှင့် မြန်မာ့အရေးနှင့်ပတ်သတ်၍ အိန္ဒိယဗဟိုအစိုးရ၏ မူဝါဒ(Policy)ကိုလည်း ပြည်လည်သုံးသပ်ရန်လိုအပ်ကြောင်း အိန္ဒိယဒုသမ္မတထံသို့ Pu K.Vanlalvena က တိုက်တွန်းတောင်းဆိုခဲ့သည်။
လက်ရှိတွင် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာသော မြန်မာဒုက္ခသည် (Refugee) များမှာ လူဦးရေ ၃၇၀ ကျော် ရှိနေပြီဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ပြောသည်။
“Home department စာရင်းပြုစုချက်အရ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာသူ မြန်မာနိုင်ငံသား လူဦးရေ ၃၇၀ ကျော်ရှိနေပြီဖြစ်တယ်။ မီဇိုရမ်ပြည်သူလူထုများက လိုအပ်သလို ကူညီဆောင်ရွက်ပေးနေကြတယ်” မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးကပြောသည်။
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Champhai နှင့် နယ်စပ်ကျေးရွာ လူကြီးများ၏ပြောကြားချက်အရ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာသော မြန်မာဒုက္ခသည်များမှာ ၅၀၀ နီးပါးရှိနေပြီဟု သိရပြီး ခိုနူမ်းသုန်သတင်းဌာန အနေဖြင့် သီးသန့်အတည်ပြုချက်မရရှိသေးပေ။
#Zawgyi
ရစ္ခ်က္ – မီဇိုရမ္ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ (RAJYA SABHA MP)Pu K.Vanlalvena က အိႏိၵယႏိုင္ငံ ဒုသမၼတလည္းျဖစ္ အထက္လႊတ္ေတာ္ ဥကၠဌ M.Venkaiah Naidu ထံ လက္ရွိ ျမန္မာႏိုင္ငံ အေရးႏွင့္ပတ္သက္၍ ေဆြးေႏြး တင္ျပေတာင္း ဆိုမႈျပဳလုပ္ခဲ့သည္ဟုသိရသည္။
အိႏိၵယႏိုင္ငံ နယူးေဒလီကိုေရာက္ရွိေနေသာ မီဇိုရမ္ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Pu K.Vanlalvena က အိႏိၵယႏိုင္ငံ ဒုသမၼတ M.Venkaiah Naidu ေနအိမ္တြင္ မတ္လ ၁၅ ရက္ေန႕က သြားေရာက္ေတြ႕ဆံုၿပီး ယခုလို တင္ျပေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း မီဇိုရမ္ျပည္နယ္ ျပန္ၾကားေရးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။
“ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ပြားေနေသာအေျခအေနေၾကာင့္ ေသဆံုးသူႏွင့္ဒဏ္ရာရရွိသူမ်ားစြာရွိေနၿပီျဖစ္တယ္။ သို႕ေသာ္လည္း ေသဆံုးသူႏွင့္ ဒဏ္ရာရရွိသူဦးေရမွာ တိတိက်က်မသိရေၾကာင္း၊ ႏိုင္ငံေခါင္းေဆာင္မ်ားအျပင္ မ်ားစြာ ေသာသူကိုပါ ဖမ္းဆီးခံထားရေၾကာင္း၊ ျမန္မာႏိုင္ငံ စစ္အာဏာရွင္ကိုမလိုလားဘဲ ျပည္သူလူထုဘက္တြင္ ရပ္တည္ ေပးတဲ့ စစ္သား၊ ရဲ အမ်ားအျပားတို႕မွာလည္း မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံေနၿပီျဖစ္ေၾကာင္း အိႏိၵယႏိုင္ငံ ဒုသမၼတထံ” တင္ျပခဲ့သည္။
မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံလာၾကေသာ ျမန္မာႏိ္ုင္ငံသားမ်ားအေပၚ အေရးတႀကီး အကူအညီ ေထာက္ပံ့မႈမ်ားလို အပ္ေၾကာင္း၊ လက္ရွိ ျမန္မာႏိုင္ငံတြင္ စစ္အာဏာသိမ္းမႈေၾကာင့္ ျမန္မာလူထုမ်ားခံစားေနရသည့္ ဒုကၡမ်ားအဆံုး သတ္ခ်ဳပ္ၿငိမ္းေစေရးအတြက္ ၾကား၀င္ေဆာင္ရြက္ေပးရန္ႏွင့္ ျမန္မာ့အေရးႏွင့္ပတ္သတ္၍ အိႏိၵယဗဟိုအစိုးရ၏ မူဝါဒ(Policy)ကိုလည္း ျပည္လည္သံုးသပ္ရန္လိုအပ္ေၾကာင္း အိႏိၵယဒုသမၼတထံသို႔ Pu K.Vanlalvena က တိုက္တြန္းေတာင္းဆို ခဲ့သည္။
လက္ရွိတြင္ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံလာေသာ ျမန္မာဒုကၡသည္ (Refugee) မ်ားမွာ လူဦးေရ ၃၇၀ ေက်ာ္ ရွိေနၿပီျဖစ္ေၾကာင္း မီဇိုရမ္ျပည္နယ္ ျပည္ထဲေရးဝန္ႀကီး Pu Lalchamliana က ေျပာသည္။
“Home department စာရင္းျပဳစုခ်က္အရ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံလာသူ ျမန္မာႏိုင္ငံသား လူဦးေရ ၃၇၀ ေက်ာ္ရွိေနၿပီျဖစ္တယ္။ မီဇိုရမ္ျပည္သူလူထုမ်ားက လိုအပ္သလို ကူညီေဆာင္ရြက္ေပးေနၾကတယ္” မီဇိုရမ္ျပည္နယ္ ျပည္ထဲေရးဝန္ႀကီးကေျပာသည္။
အိႏိၵယ-ျမန္မာနယ္စပ္ မီဇိုရမ္ျပည္နယ္ Champhai ႏွင့္ နယ္စပ္ေက်းရြာ လူႀကီးမ်ား၏ေျပာၾကားခ်က္အရ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံလာေသာ ျမန္မာဒုကၡသည္မ်ားမွာ ၅၀၀ နီးပါးရွိေနၿပီဟု သိရၿပီး ခိုႏူမ္းသုန္သတင္းဌာန အေနျဖင့္ သီးသန္႔အတည္ျပဳခ်က္မရရွိေသးေပ။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.