Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်ရှိ မိဘမဲ့က​လေးနှင့် မူးယစ်​ဆေးစွဲသူထိန်းသိမ်းပြုစုရာ TNT ​ဂေဟာတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၅၀၀ ကျော်တွေ့ရှိ

မီဇိုရမ်ပြည်ရှိ မိဘမဲ့က​လေးနှင့် မူးယစ်​ဆေးစွဲသူထိန်းသိမ်းပြုစုရာ TNT ​ဂေဟာတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၅၀၀ ကျော်တွေ့ရှိ

0
By Editor on June 22, 2021 Khonumthung

မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ Muanna Veng ရပ်ကွက်တွင်တည်ရှိသော မိဘမဲ့ကလေးများနှင့် မူးယစ်​ဆေးသုံးစွဲသူများ ပြုစုထိန်းသိမ်းရာဂေဟာ Thutak Nunpuitu Team (TNT) တွင် ကိုဗစ်ရောဂါပိုးပြန့်နှံ့နေကြောင်းသိရပြီး ပြည်နယ်အစိုးရဦးဆောင်မှုဖြင့် ဇွန်လ ၂၀ ရက်နေ့က စမ်းသပ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၅၀၀ ကျော်တွေ့ရှိခဲ့ကြောင်း သိရသည်။

Thutak Nunpuitu Team (TNT) ဂေဟာတွင်ရှိသော လူဦးရေ ၁၀၉၉ ဦးကို စစ်ဆေးခဲ့ရာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၅၄၇ ဦး​တွေ့ရှိခဲ့ကြသည်။

Thutak Nunpuitu Team (TNT) ဂေဟာတွင် မသန်စွမ်းသူ ၂၈၀ ကျော်ရှိပြီး မူးယစ်ဆေးစွဲသူနှင့် မိဘမဲ့ကလေးငယ်များအပြင် ၄င်းအဂေဟာရှိ ဝန်ထမ်းများ စုစုပေါင်း တစ်ထောင်ကျော်နေထိုင်ကြသည်။

မီဇိုရမ်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့က တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ လူနာသစ် ၆၆၂ ဦးတွေ့ရှိခဲ့ပြီး ၄င်းမှာ မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ စတင်တွေ့ရှိခဲ့သည့်အချိန်ကစပြီး တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ အများဆုံးတွေ့ရှိသည့်ရက်အဖြစ် စံချိန်တင်ခဲ့သည်။

လက်ရှိတွင် မီဇိုရမ်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရပြီး ကုသမှုခံယူနေသူ ၄၁၃၂ ဦးရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ ၈၃ ဦးအထိ ရှိနေပြီဖြစ်သည်။ Rc

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.