Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ရောက် စစ်ဘေးရှောင်များအား Refugee ID ကဒ် ထုတ်ပေးမည်ဟုဆို

မီဇိုရမ်ရောက် စစ်ဘေးရှောင်များအား Refugee ID ကဒ် ထုတ်ပေးမည်ဟုဆို

0
By Editor on January 24, 2022 Khonumthung

မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်များအား မီဇိုရမ်ပြည်နယ်အတွင်း ပိုမိုလုံခြုံမှုရှိစေရေးအတွက် မီဇိုရမ်အစိုးရက Refugee ID ကဒ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စကို မီဇိုရမ်အစိုးရမှ စစ်ဘေးရှောင်များအတွက် ဖွဲ့စည်းလိုက်သော DC, Home department နှင့် DM&R စုပေါင်းဖွဲ့စည်းထားသည့် Task Group အဖွဲ့က ဇန်နဝါရီ ၁၉ ရက်နေ့က အိုက်ဇောလ်မြို့ရှိ စစ်ဘေးရှောင်စခန်းများကို သွားရောက်ကြည့်ရှုခဲ့ရာတွင် အဖွဲ့၏ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မီဇိုရမ်ရောက် စစ်ဘေးရှောင်များ မီဇိုရမ်ပြည်နယ်အတွင်း ပိုမိုလုံခြုံမှုရှိစေရေးအတွက် ID ထုတ်ပေးမယ်။ စစ်ဘေးရှောင် စခန်းတွင်နေထိုင်သူများအတွက်သာမဟုတ်ဘဲ အပြင်မှာ နေထိုင်နေတဲ့ စစ်ဘေးရှောင်အားလုံးအတွက် လုပ်ပေးဖို့ အစီအစဉ်ရှိကြောင်းနှင့် မကြာခင် အကောင်ထည်ဖော်ဆောင်ရွက်သွားမယ်။” လို့ ပြောသည်။

အဆိုပါအဖွဲ့အစည်းက ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီက Sihphir ရပ်ကွက်တွင်ရှိသော CDM စစ်ဘေးရှောင်စခန်းကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည့်အကူအညီများလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားဖို့ ပြောသွားခဲ့သည်။

ဆက်လက်ပြီး နေ့လည် ၂ နာရီတွင် လွတ်တော်အမတ်များရှိရာစခန်းကို ဆက်လက်သွားရောက်ကြည့်ရှုခဲ့ပြီး လွတ်တော်အမတ်များက လိုအပ်တဲ့အကူအညီများ တင်ပြဆွေးနွေးခဲ့ရာ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အတူတကွ လက်တွဲလုပ်ဆောင်သွားကြဖို့ ပြောဆိုခဲ့သည်။

အဆိုပါအဖွဲ့အစည်းက ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း Sihhmui နှင့် Sairang ရပ်ကွက်ရှိ စစ်ဘေးရှောင်စခန်းများကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရပြီး၊ နယ်စပ်ဒေသများရှိ စစ်ဘေးရှောင်စခန်းများကိုလည်း ကိုဗစ်ရောဂါအခြေအနေ ကောင်းမွန်တဲ့အခါ သွားရောက်ကြည့်ရှုဖို့ အစီအစဉ်ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.