Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင် အယောက် ၄၀ ကျော် ကိုဗစ်ကူးစက်ခံရ၊ ၃ ဦးသေဆုံးပြီဟုသိရ

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင် အယောက် ၄၀ ကျော် ကိုဗစ်ကူးစက်ခံရ၊ ၃ ဦးသေဆုံးပြီဟုသိရ

0
By Editor on May 27, 2021 Khonumthung

ရစ်ချက် – မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု အမြင့်ဆုံးဖြစ်သည့် မြို့တော်အိုက်ဇောလ်ရှိ ရပ်ကွက်နှစ်ခုတွင် မြန်မာစစ်ဘေးရှောင် အယောက် ၄၀ ကျော်ခန့် ကိုဗစ်ကူးစက်ခံထားရပြီး ယင်းအနက် ၃ ဦးမှာ သေဆုံးသွားပြီဟု သိရသည်။

အိုက်ဇောလ်မြို့ရှိ Chhinga Veng နှင့် Electric Veng ရပ်ကွက် နှစ်ခုတွင် မြန်မာစစ်ဘေးရှောင်အဖြစ် ဝင်ရောက်ခိုနေကြသော အယောက် ၄၅ ဦးထံ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြပြီး လက်ရှိတွင် အယောက် ၃၀ ခန့် ကုသမှုခံယူနေကြဆဲဖြစ်ကြောင်း မီဇိုရမ်ရောက်စစ်ဘေးရှောင် ကူညီရေးအဖွဲ့ Myanmar Refugee Relief Committee အတွင်းရေးမှူး Salai Hulian က ပြောသည်။

“ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၄၅ ဦးဆိုတာက စတွေ့တဲ့အချိန်ကနေရေတွက်တာဖြစ်တယ်။ တကြိမ်တည်းမှာ တွေ့တာတော့မဟုတ်ဘူး။ သက်သာပျောက်ကင်းသွားတဲ့သူတွေလည်းရှိနေပြီ၊ လက်ရှိမှာ ပျမ်းမျှအားဖြင့်တော့ အယောက် ၃၀ လောက် ကုသဆဲဖြစ်တယ်။ ဒါအပြင့် အခြားအခြားသောရပ်ကွက်၊ မြို့နယ်တွေမှာလည်း ရှိနိုင်တယ်။”ဟု သူက ပြောသည်။

ကိုဗစ်ပိုးကူးစက်ခံထားရသည့် မြန်မာစစ်ဘေးရှောင်များသည် မြန်မာပြည်မှာကတည်းက ကူးစက်ခံထားရခြင်းမဟုတ်ဘဲ၊ မီဇိုရမ်ပြည်နယ်ရောက်မှ ကူးစက်ခံရခြင်းဖြစ်နိုင်ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ NGO United for Democratic Myanmar အတွင်းရေးမှူး Pu JH Liansanga က ပြောသည်။

“ဒီသတင်းကိုကြားကြားချင်ဘဲ သူတို့ကို ကျနော်ဆက်သွယ်ခဲ့တယ်။ Electric ရပ်ကွက်မှာ အစုလိုက်နေထိုင်ပြီး ကူးစက်ခံရတဲ့သူတွေက ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က အိုက်ဇောလ်ကိုရောက်လာကြတဲ့သူတွေဖြစ်တယ်။ ရောက်လာ တာနဲ့ YMA ကိုလည်း အကြောင်းကြားထားတယ်ပြောတယ်။ ကိုဗစ်-၁၉ လည်း စစ်ဆေးတယ်၊ အဲဒီတုန်းကတော့ အားလုံး Negative ဖြစ်တယ်။ ဒီရောက်မှကူးစက်ခံရတာဖြစ်နိုင်တယ်” ဟု သူကပြောသည်။

မီဇိုရမ်ပြည်နယ် Department of Information & Public Relations Government of Mizoram ၏ မေလ ၂၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ လက်ရှိမီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ လူဦးရေ ၂၈၁၇ ဦးရှိပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၄ ဦးရှိပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.