Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ဝန်ကြီးချုပ်အကြံပေးပုဂ္ဂိုလ်ဦးဆောင်သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ရိခေါဒါရ်မြို့သို့သွားရောက်

မီဇိုရမ်ဝန်ကြီးချုပ်အကြံပေးပုဂ္ဂိုလ်ဦးဆောင်သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ရိခေါဒါရ်မြို့သို့သွားရောက်

0
By Editor on July 7, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော Advocacy Group for peace ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့သည် CNO/CNDF နှင့် CDF-Hualngoram တို့တိုက်ပွဲဖြစ်ပွားရာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့သို့ သွားရောက်ခဲ့ကြသည်ဟုသိရသည်။

မီဇီုရမ်ဝန်ကြီးချုပ်အကြံပေးပုဂ္ဂိုလ် ပြည်နယ်လွတ်တော်အမတ် Pu Lalmuanpuia Punte ဦးဆောင်သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့သည် ဇူလိုင် ၆ ရက်နေ့က ရိခေါဒါရ်မြို့နှင့် ဇိုခေါထာရ်ကျေးရွာသို့သွားရောက်ပြီး CNDF နှင့် CDF-Hualngoram တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်ဟု All India Radio News က ဖော်ပြသည်။

ထိုသို့တွေ့ဆုံရာမှာ ညီအကိုအချင်းချင်းကြား ပြန်လည်ခြေဖျက်၍မရသော အမှားမျိုးကျူးလွန်ခြင်းမပြုကြရန် နှင့် အမျိုးသမီးနှင့် ကလေးငယ်များအပေါ် အပြစ်ကျူးလွန်ခြင်းမလုပ်မိစေရန် ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့ခေါင်းဆောင် Pu Lalmuanpuia Punte က မှာကြားခဲ့သည်ဟုသိရသည်။

ထို့အပြင် မီဇိုရမ်အစိုးရအနေဖြင့်လည်း အဖွဲ့အစည်း ၂ ခုအကြား ပဋိပက္ခများအဆုံးသတ်ကာ ငြိမ်းချမ်းရေးပြန်လည် ရရှိစေရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးရန်အဆင်သင့်ရှိကြောင်း ဝန်ကြီးချုပ်အကြံပေးပုဂ္ဂိုလ်က ပြောဆိုခဲ့သည်။

ယခုခရီးစဉ်တွင် Pu Lalmuanpuia Punte နှင့်အတူ မီဇိုးကျောင်းသားသမဂ္ဂ (MZP) ဥက္ကဌ Pu H. Lalthianghlima, တွဲဖက်အတွင်းရေးမှူး Lalhmingsanga တို့လည်း ပါဝင်သည်ဟု သိရသည်။

HPO/CDF-Hualngoram ထိန်းချုပ်ထားသော အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကို CNO/CNDF က ဝင်ရောက်တိုက်ခိုက်ရာမှာ ဇူလိုင် ၅ ရက်နေ့က ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲကြောင့် ရိခေါဒါရ်မြို့က ပြည်သူ ၃၀၀၀ ကျော် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်က ဗဟိုမီဇိုးလူငယ်များအသင်း (CYMA) ခေါင်းဆောင်များကလည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ CNO/CNDF နှင့် HPO/CDF-Hualngoram ခေါင်းဆောင်များကို ဇူလိုင်လ ၅ ရက်နေ့ညက တွေ့ဆုံပြီး နှစ်ဖက်တပ်ဖွဲ့ များအပစ်ခတ်ရပ်စဲကြရန် ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

ချင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဇွန်လထဲ အမျိုးသမီး ၃ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံး၊ ၁၇ ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.