Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်၊ ခိုင်ခီ ကုန်သွယ်ရေးဂိတ် မီးရှိ့မှု ကျူးလွန်သော လူများကို ဖမ်းဆီးအရေးယူထားကြောင်း ULA/ AA ဆို

မီဇိုရမ်၊ ခိုင်ခီ ကုန်သွယ်ရေးဂိတ် မီးရှိ့မှု ကျူးလွန်သော လူများကို ဖမ်းဆီးအရေးယူထားကြောင်း ULA/ AA ဆို

0
By Editor on September 17, 2026 Headline

(006SV)

အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ခိုင်ခီကျေးရွာက မရာလူငယ်အဖွဲ့ MTP ကုန်သွယ်ရေးဂိတ် မီးရှို့ခံရမှုနှင့် ပတ်သက်၍ ဦးဆောင်သူ ကိုဇော်နိုင်လင်းအပါအဝင် လူငယ်တချို့ကို ULA/ AA ၏ ဒီလပ်ဌာနက ဖမ်းဆီးထိန်းသိမ်းပြီး အရေးယူရန် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါပဋိပက္ခကို လက်ရှိမှာ ပြေလည်အောင် ဖြေရှင်းပြီးဖြစ်သကဲ့သို့ မှားသော လူများကလည်း တောင်းပန်ရမည့် လူများကို တောင်းပန်ထားကြောင်း ULA/ AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Arakan Princess Media ကို ယနေ့ စက်တင်ဘာလ ၁၇ ရက်မှာ ဖြေကြားသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၄ ရက်က ကျောက်တော်မြို့၊ ဇလိန့်တောင်ရွာမှ ကိုဇော်နိုင်လင်းသည် ဆိုင်းဟားခရိုင်၊ ခိုင်ခီရွာရှိ MTP ၏ စက်လှေကြီးကြပ်ရေးကော်မတီရုံးသို့ လာရောက်ပြီး ၎င်း၏ စက်လှေကို အလှည့်ချပေးရန် ပြောဆိုရာမှ တင်းမားမှု စတင်လာခဲ့ကြောင်း သိရသည်။

“ဒီကိစ္စတွေ မဖြစ်ခင် တစ်ရက်၊ စက်တင်ဘာလ ၁၃ ရက်က ခိုင်ခီရွာဆိပ်ကမ်းကို ရောက်ရှိလာတဲ့ ကုန်ကား ၇ စီးက ကုန်ပစ္စည်းတွေကို အိန္ဒိယဖက်က စက်လှေသမားတွေကို ဦးစားပေးပြီး ယင်းကုန်ကား ၇ စီးက ကုန်အားလုံးကို တင်ပေး လိုက်တဲ့အတွက် ပလက်ဝ၊ ရခိုင်ဖက်က စက်လှေသမားတွေ ကုန်တင်ခွင့် မရလိုက်တဲ့ ပုံစံဖြစ်တယ်။ တဖက်မှာ ကိုဇော်နိုင်လင်းရဲ့ စက်လှေက လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ကော်မတီရုံးမှာ စာရင်း တင်ထားပြီးသားဖြစ်လို့ ပလက်ဝဖက်သို့ ဆင်းရဖို့ စက်လှေထဲမှာ သူ့စက်လှေပါဖို့ ဖြစ်တယ်။ အခုက သူ့စက်လှေ နာမည်မပါတဲ့အခါ သူက သူ့ကို အလှည်ချပေးဖို့ ပြောလာခြင်းဖြစ်တယ်” ဟု ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

စက်လှေအလှည့်ချရန် လာပြောစဉ် ကိုဇော်နိုင်လင်းသည် အရက်မူးနေပြီး MARA THYUTLIA PY (MTP) ရွာလူငယ်အသင်း တာဝန်ရှိသူများနှင့် စကားများရာမှ ကိုယ်ထိလက်ရောက် ရန်ဖြစ်မှုဖြစ်ပွားခဲ့ကြောင်း၊ ကိုဇော်နိုင်လင်း၏ မျက်နှာကို MTP လူငယ်အဖွဲ့ဝင် ၁ ဦးက လက်သီးနှင့် ထိုးခဲ့သည်ဟု ULA/ AA ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ပဋိပက္ခဖြစ်စဉ်သည် ပလက်ဝ၊ ရခိုင်ဖက်က စက်လှေသမားတို့က ၎င်းတို့ ထွက်ရမည့် အလှည့်ကျသော်လည်း ထွက်ခွင့် မရဘဲ ဒေသခံ စက်လှေသမားများကို ဦးစားပေးသောကြောင့် ယခုကဲ့သို့ ဖြစ်လာရခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။

MTP ၏ စက်လှေကြီးကြပ်ရေးကော်မတီရုံးမှ ဖြစ်စဉ်ကို မကျေနပ်သော ကိုဇော်နိုင်လင်းသည် ၎င်း၏ မိတ်ဆွေသူငယ်ချင်း ၃၀ ခန့်ကို ခေါ်လာပြီး MTP ရုံးကို အုပ်စုလိုက် လာရောက်ဖျက်စီးသည့်အပြင် ရုံးကိုပါ မီးရှို့ဖျက်စီးရန် ကြိုးစားခဲ့ကြောင်း၊ အချိန်မီ မီးသတ်နိုင်၍ ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ကြောင်း ULA/ AA ထံမှ သိရသည်။

MTP ရုံးကို မီးရှို့ခံမှုနှင့်ပတ်သက်၍ MTP ရုံး လူငယ်များက မကျေမနပ်ဖြစ်ပြီး ခိုင်ခီရွာ တစ်ဖက်ကမ်းရှိ ပလက်ဝဖက်ခြမ်းမှ ဈေးဆိုင်တန်းကို ဖျက်စီးခဲ့သကဲ့သို့ လူတစ်ဦးကိုလည်း ရိုက်နှက်ခဲ့သည်ဟုလည်းဆိုသည်။

အဆိုပါပဋိပက္ခကို နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံပြီး ပြေပြေလည်လည် ဖြေရှင်းပြီးဖြစ်ကြောင်း၊ မှားသည့် လူများကလည်း တောင်းပန်ရမည့် လူများကို တောင်းပန်ထားပြီဖြစ်ကြောင်း ULA/ AA ထံမှ သိရသည်။

လက်ရှိမှာ ကိုဇော်နိုင်လင်းနှင့် ဦးဆောင်ပါဝင်သော လူငယ်တချို့ကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ဒီလပ်ဌာနက ဖမ်းဆီးထိန်းသိမ်းပြီး အရေးယူဆောင်ရွက်ရန် လုပ်ဆောင်နေသည်ဟု သိရသည်။

ခိုင်ခီကျေးရွာ မရာလူငယ်အဖွဲ့ MTP ဌာနခွဲဂိတ်ကို ရခိုင်လှေလုပ်သားများက စက်တင်ဘာလ ၁၄ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့သည့်အပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချပြီး Lodaw၊ Lomasu နှင့် Khaikhy ကုန်သွယ်ရေးလမ်းကြောင်း များကို စက်တင်ဘာလ ၁၆ ရက်မှစတင်၍ ယာယီပိတ်လိုက်သည်ဟု မရာလူငယ်အဖွဲ့-ဌာနချုပ် (MTP) က ယမန်နေ့က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.