Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ် အားကစားဝန်ကြီးမိသားစုမှ ကျန်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့

မီဇိုရမ် အားကစားဝန်ကြီးမိသားစုမှ ကျန်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့

0
By Editor on June 22, 2021 Headline

ချင်းပြည်နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများ​ကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia Royte မိသားစုက လိုအပ်သောစားနပ်ရိက္ခာများကို ဇွန်လ ၂၁ ရက်နေ့က ကူညီထောက်ပံ့ခဲ့သည်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် Pu Robert Romawia Royte မိသားစုမှ ​ထောက်ပံ့​သော ဆန်အိတ် ၃၀၊ အာလူး အိတ် ၃၀၊ သကြား အိတ် ၁၀၊ ပဲ အိတ် ၂၀ နှင့် ကြက်သွန်နီ ၅ အိတ် ကို ဇွန်လ ၂၁ ရက်နေ့မနက်က အိုက်ဇောလ်မြို့ကနေ ကုန်တင်ကားဖြင့် ကျန်းဖိုင်းခရိုင်ဘက်ကို ထွက်ခွာခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအနည်းငယ်က Mizo Students’ Union (MSU) နှင့် Myanmar Refugee Relief Committee (MRRC) အဖွဲ့တို့ ပူးပေါင်းပြီး အိန္ဒိယ-မြန်မာနယ်စပ်ဒေသတလျောက်တွင် ရောက်ရှိနေထိုင်ကြသော စစ်ဘေးရှောင်များထံ သွားရောက်ပြီး ကူညီထောက်ပံ့ခဲ့ကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် မီဇိုရမ်ပြည်နယ်တွင်တိမ်းရှောင်လာကြသူ စစ်ဘေးရှောင် ရာနဲ့ချီ ယခုရက်ပိုင်းအတွင်း ရှိနေပြီဖြစ်ကြောင်းသိရပြီး မီဇိုရမ်ပြည်နယ်အတွင်း ဝင်လို့မရဘဲ နယ်စပ်ဒေသတွင် သောင်တင်နေကြသောသူများစွာလည်းရှိနေကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က ပြည်သူ့အစိုးရထံ အာဏာသိမ်းယူခဲ့ပြီးနောက် ယခုလက်ရှိအခြေအနေအထိ မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေပြီဖြစ်သည်။ RC

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.