Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုးကျောင်းသားသမဂ္ဂ MSU ဥက္ကဌကို ငွေကြေးအလွဲသုံးစားမှု၊ ပြန်ပေးဆွဲမှုနှင့် ခြိမ်းခြောက်ငွေညှစ်မှုဖြင့် ဖမ်းဆီး

မီဇိုးကျောင်းသားသမဂ္ဂ MSU ဥက္ကဌကို ငွေကြေးအလွဲသုံးစားမှု၊ ပြန်ပေးဆွဲမှုနှင့် ခြိမ်းခြောက်ငွေညှစ်မှုဖြင့် ဖမ်းဆီး

0
By Editor on November 9, 2024 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အခြေစိုက် မီဇိုးကျောင်းသားသမဂ္ဂ(Mizo Student Union) ဥက္ကဌ Samuel Zoram thanpuia သည် ငွေကြေးအလွဲသုံးစားမှု၊ ပြန်ပေးဆွဲမှု နှင့် ခြိမ်းခြောက်ငွေညှစ်မှုဖြင့် ယမန်နေ့က ဖမ်းဆီးခံရသည်ဟု သိရသည်။

Anti-corruption Bureau(ACB) ဟုခေါ်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရိုက MSU ဥက္ကဌကို အဂတိလိုက် စားမှုဖြင့် နိုဝင်ဘာလ ၈ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက်၊ အိုင်ဇောလ်မြို့ရဲတပ်ဖွဲ့ကလည်း ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်၍ ငွေညှစ်မှုဖြင့် ထပ်မံဖမ်းဆီးခဲ့သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာမှာဖော်ပြထားသည်။

Samuel Zoramthanpuia ကို ယမန်နေ့က အိုင်ဇောလ်ခရိုင်တရားရုံးကိုခေါ်သွားပြီးနောက် တရားရုံး၏အမိန့်အရ ဗဟိုထောင်ကိုပို့ဆောင်လိုက်ပြီး၊ တရားစွဲဆိုသည့်အမှုများမှာ အာမခံ၍မရသောအမှု(Non Bailable) ဖြစ်သည်ဟု ဆိုသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို (ACB) က မီဇိုးကျောင်းသားသမဂ္ဂဥက္ကဌကို ဖမ်းဆီးသည့်အကြောင်းရင်းမှာ ၂၀၂၂ ခုနှစ်တုန်းက “Project Mizoram (Covid-19 Relief Fund)” အမည်ဖြင့် ကျန်းမာရေးနှင့် မိသားစု လူမှုဖူလုံရေးဌာန(Health and Family Welfare) မှ လက်ခံရရှိသော ရူပီးငွေသိန်း ၅၀ သုံးစွဲမှုဖြစ်သည်ဟု သိရသည်။

နောက်တစ်ခုမှာ ချင်းပြည်နယ်အတွင်းရှိ ချင်းပြည်သူလူထုနှင့် နယ်စပ်ဒေသမှ စစ်ဘေးရှောင်များကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နယ်စပ်ဆေးရုံမှ Medical Equipment များဝယ်ယူရန်လက်ခံရရှိသောရူပီးငွေ ၁၅ သိန်းကျော်ကို ကြားခံဝယ်ယူပေးရာတွင် Sukarma Healthcare and Medical Devices အား ကျသင့်ငွေမပေးသည့်အတွက် Supplier မှ တရားစွဲသည့်အမှုနှင့်သက်ဆိုင်သည်ဟု သိရသည်။

အဆိုပါငွေကြေးများသုံးစွဲမှုနှင့်ပတ်သက်၍ အလွဲသုံးစားမှုရှိသည်ဟု ACB က တိုင်းကြားချက်များ လက်ခံရရှိပြီးနောက် စက်တင်ဘာလ ၉ ရက်နေ့မှာ အစိုးရထံကနေ ပဏာမစုံစမ်းစစ်ဆေးခွင့် Preliminary inquiry ရရှိခဲ့သည်ဟုသိရသည်။

ထို့နောက် ACB ၏ ပဏာမစုံစမ်းစစ်ဆေးချက်အရ MSU ဥက္ကဌသည် အဆိုပါ ငွေကြေးများသုံးစွဲရာမှာ အဂတိလိုက်စားမှုများရှိခဲ့ကြောင်း တွေ့ရှိရသည့် အတွက် အမှုဖွင့်ကာ ယခုကဲ့သို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် အိုင်ဇောလ်မြို့ ရဲတပ်ဖွဲ့ကလည်း MSU ဥက္ကဌကို ဖမ်းဆီးသည့်အကြောင်းရင်းမှာ လူမျိုးခြားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေသော ဝန်ထမ်းကို MSU ရုံးခန်းမှာ ဖမ်းဆီးချုပ်နှောင်ကာ ခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည့်အမှုဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.