Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုးကျောင်းသားသမဂ္ဂ (MZP) က စစ်ဘေးရှောင်များလိုက်နာရမည့် စည်းကမ်းများ ထုတ်ပြန်

မီဇိုးကျောင်းသားသမဂ္ဂ (MZP) က စစ်ဘေးရှောင်များလိုက်နာရမည့် စည်းကမ်းများ ထုတ်ပြန်

0
By Editor on April 23, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့အခြေစိုက် မီဇိုးကျောင်းသားသမဂ္ဂ (MZP) က ၎င်းတို့ဒေသတွင်းနေထိုင်ကြသော မြန်မာစစ်ဘေး ရှောင်များ လိုက်နာရမည့် စည်းကမ်းများကို ယနေ့ ထုတ်ပြန်လိုက်သည်။

မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံက မိမိတို့ညီအကိုအမြောက်အများ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင် ခိုလုံလာကြပြီး ၎င်းတို့အနက် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော စာရွက်စာတမ်း သက်သေအထောက်များ ပိုင်ဆိုင်သူများနှင့် ပိုင်ဆိုင်ရန်ကြိုးစားနေသူများရှိသည်ဟု Mizo Zirlai Pawl(MZP), Headquarters Champhai ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကိစ္စသည် မိမိတို့နိုင်ငံ လူမျိုးအတွက် နောင်အနာဂတ်တွင်ဆိုးကျိုးများဖြစ်လာစေနိုင်သည့်အတွက် ယခုကဲ့သို့ အသိပေးထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ဘေးရှောင်များသည် အိန္ဒိယနိုင်ငံသားများမဟုတ်ကြသည့်အတွက် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော Voter ID, Aadhaar Card, Birth Certificate, Ration Card စသည့်စာရွက်စာတမ်း သက်သေအထောက် အထားများ ပိုင်ဆိုင် ခွင့်မရှိဟု MZP Headquarters Champhai ကဆိုသည်။

ထို့အပြင် အစိုးရကပိတ်ပင်ထားသော မူးယစ်ဆေးဝါးနှင့်ကူးသန်းရောင်းဝယ်ခြင်းများမပြုရန်၊ ဆိုင်ခန်း၊ အိမ်ခြံမြေ၊ ဝယ်ယူပိုင်ဆိုင်ခွင့်မရှိကြောင်း နှင့် စစ်ဘေးရှောင်များဖြစ်ကြသည့်နည်းတူ စစ်ဘေးရှောင်ကဲ့သို့ပြုမူနေထိုင်ကြရန်လိုအပ်ကြောင်း၊ မိမိတို့ ညီအကိုအချင်းချင်းကြား စည်းလုံးညီညွတ်မှုအားကောင်းလာစေရေးအတွက် မပြုအပ်သောအရာများအား သိလျှက်နှင့်ကျူးလွန်းခြင်းမပြုကြရန် အသိပေးအပ်သည်ဟု MZP, Headquarters Champhai ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်ပါအကြောင်းအရာများအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုသည်။

ကျန်ဖိုင်း(Champhai) သည် မီဇိုရမ်ပြည်နယ်၏ နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး ချင်းပြည်နယ်နှင့် ထိစပ်လျှက်ရှိကာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တည်ရှိသော စီးပွားရေးအရအချက်အချာကျသောမြို့ဖြစ်သည်။ ယခု လက်ရှိ ကျန်ဖိုင်းခရိုင်ထဲတွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် တစ်သောင်းကျော် နေထိုင်လျှက်ရှိကြောင်းသိရသည်။

မီဇိုရမ်ပြည်နယ်တစ်ခုလုံးတွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်ရှိသည်ဟု သိရပြီး ဧပြီလ ၁၈ ရက် နေ့ တုန်းကလည်း မီဇိုရမ်ပြည်နယ်က ဩဇာအကြီးဆုံးအရပ်ဖက်အဖွဲ့အစည်း ဗဟိုမီဇိုးလူငယ်များအသင်း(CYMA) က စစ်ဘေးရှောင်များလိုက်နာရမည့် တင်းကြပ်သောစည်းကမ်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.