Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုးကျောင်းသားသမဂ္ဂ MZP က အိန္ဒိယ-မြန်မာ နယ်စပ်အရေး မီဇိုရမ်အုပ်ချုပ်ရေးမှူး (Governor) ထံ တင်ပြ

မီဇိုးကျောင်းသားသမဂ္ဂ MZP က အိန္ဒိယ-မြန်မာ နယ်စပ်အရေး မီဇိုရမ်အုပ်ချုပ်ရေးမှူး (Governor) ထံ တင်ပြ

0
By Editor on January 27, 2025 Headline

(005MK)

မီဇိုးကျောင်းသားသမဂ္ဂ MZP ခေါင်းဆောင်များသည် ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး (Governor) ကို သွားရောက်တွေ့ဆုံကာ အိန္ဒိယ-မြန်မာ နယ်စပ် အဝင်/အထွက် ကန့်သတ်မှုအပေါ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး General (Dr) Vijay Kumar Singh ကို သူ၏အိမ်ယာ အိုင်ဇောလ်မြို့ Raj Bhavan ၌ ယနေ့ မွန်းလွဲပိုင်း ၃ နာရီတွင် သွားရောက်တွေ့ဆုံခဲ့ကြပြီး အိန္ဒိယဗဟိုအစိုးရ၏ Free Movement Regime (FMR) ဖျက်သိမ်းမှုနှင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုးခတ်မည့် Border Fencing အစီအစဉ်အပေါ် သဘောထားများကို တင်ပြခဲ့ကြသည်ဟု မီဇိုးကျောင်းသားသမဂ္ဂ MZP က ယနေ့မှာထုတ်ပြန်သည်။

“နယ်နိမိတ်တွေရဲ့ပိုင်းခြားမှုကြောင့် ဆင်းသက်လာရာ မျိုးနွယ်စုတူညီတဲ့ လူမျိုးတူ ညီအကိုအရင်းတွေ တစ်လုံးတစ်ဝတည်း ပြန်လည်ပေါင်းစည်းရေးရှေ့ရှူပြီး ကြိုးပမ်းနေတဲ့ကာလမှာ လွတ်လပ်စွာနယ်စပ် ဝင်/ထွက် သွားလာခွင့် ကန့်သတ်ခံရတဲ့အပြင် နယ်စပ်ခြံစည်းရိုးခတ်ဖို့ အစီစဉ်ကို လက်ခံလို့မရဘူး” ဟု MZP ၏ ယနေ့ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါကိစ္စကို မီဇိုရမ်အုပ်ချုပ်ရေးမှူးအနေဖြင့် တတ်နိုင်သည့်ဖက်မှ ကူညီဖြေရှင်းပေးရန်နှင့် အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ ပေးပို့မည့် နယ်စပ်အရေးနှင့်ပတ်သက်သော MZP ၏ သဘောထား အိပ်ဖွင့်ပေးစာကိုလည်း အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ကြသည်ဟု သိရသည်။

အိန္ဒိယဗဟိုအစိုးရသည် နှစ်ပေါင်း ၄၀ ခန့်ကျင့်သုံးလာခဲ့သည့် Free Movement Regime (FMR) ဟုခေါ်သော နှစ်နိုင်ငံပြည်သူများ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို ဖျက်သိမ်းလိုက်ပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပြည်သူများ နယ်စပ်ကတဆင့် ဝင်/ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်တင်းကြပ်လိုက်သည်။

ယင်းကိစ္စကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) ကလည်း ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အိန္ဒိယဗဟိုအစိုးရ၏ အမိန့်ထုတ်ပြန်ချက် မိတ္တူစာရွက်ကို မီးရှိုဖျက်ဆီးကြမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.