Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဒီယာတြင္လုပ္ကိုင္ၿပီး လုပ္ငန္းေႏွာက္ယွက္ေနေၾကာင္း စြပ္စြဲခ်က္ျဖင့္ အဖမ္းခံခဲ့ရျခင္းျဖစ္ဟု ဆလိုင္းေအာင္စိုးေျပာ

မီဒီယာတြင္လုပ္ကိုင္ၿပီး လုပ္ငန္းေႏွာက္ယွက္ေနေၾကာင္း စြပ္စြဲခ်က္ျဖင့္ အဖမ္းခံခဲ့ရျခင္းျဖစ္ဟု ဆလိုင္းေအာင္စိုးေျပာ

0
By Editor on December 17, 2020 Headline

#Unicode

Benezer – ခူမီးသတင်းမီဒီယာတွင် အလုပ်လုပ်ကိုင်ပြီး ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့၏ လုပ်ငန်းများကို နှောက်ယှက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု လေးလခွဲကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြန်လည်လွှတ်မြောက်လာခဲ့သည့် ချင်းလူငယ်ဆလိုင်းအောင်စိုးကပြောသည်။

“အဓိကတော့ ကျနော့်ကိုဖမ်းရတာက မသင်္ကာလို့ဖမ်းတာလို့ပြောတယ်၊ အထူးသဖြင့် သူတို့အလုပ်ကို နှောက်ယှက်တယ်ပေါ့လေ၊ ပြီးတော့ ခူမီးသတင်းမီဒီယာမှာ လုပ်တယ်ဆိုပြီး စွပ်စွဲထားတယ်၊ ပြီးတော့ မြန်မာ့တပ်မတော်နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျနော့်ကိုမသင်္ကာတော့ ဟုတ် /မဟုတ် စစ်ဆေးဖို့ ဖမ်းတာပါ၊ ကျနော့်ကို ဖမ်းထားစဉ်မှာ ရိုက်နှက်တာမျိုးတော့ မရှိပါဘူး၊ သူတို့အထက်ကလူတွေကလည်း ဘာမှ မရိုက်နှက်ဖို့ ပြောထားတယ်လို့ပြောတယ်” ဟု ဆလိုင်းအောင်စိုးမှပြောသည်။

AA တပ်ဖွဲ့မှ စွပ်စွဲသကဲ့သို့ သူသည် ခူမီးသတင်းဌာနတွင် အလုပ်လုပ်ကိုင်ခြင်းမရှိသလို မြန်မာ့တပ်တော်နှင့် အဆက်အသွယ်မရှိခဲ့ကြောင်း ဆလိုင်းအောင်စိုးကပြောသည်။

အေအေတပ်ဖွဲ့မှ ဆလိုင်းအောင်စိုးအား ရန်ကုန်မှ ပလက်ဝသို့အပြန် ကျောက်တော်နှင့်ပလက်ဝအကြား စက်လှေစီးနေစဉ် ဇူလိုင်လ ၃ဝ ရက်နေ့တွင် စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၁၃၈ ရက်ကြာချုပ်နှောင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်နေ့ တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူများအား သက်သေခိုင်ခိုင်မာမာမရှိဘဲ မသင်္ကာယုံဖြင့် ဖမ်းဆီး ခြင်းအား အေအေတပ်ဖွဲ့အနေဖြင့် နောက်နောင်တွင် ရှောင်ရှားရန်လိုအပ်ကြောင်း ဆလိုင်းအောင်စိုးကပြောသည်။

“လူတစ်ယောက်ကို သံသယရှိရုံနဲ့ နောက်တစ်ခါကျရင် မဖမ်းဖို့ပြောချင်တယ်၊ တိုင်တဲ့သူရှိရင်လည်း အထောက်အထား ခိုင်ခိုင်မာမာမရှိဘူးဆိုရင် မဖမ်းဖို့ကျနော်ပြောချင်တယ်” ဟု ဆလိုင်းအောင်စိုးကပြောသည်။

ဆလိုင်းအောင်စိုးအား အေအေမှဖမ်းဆီးစဉ်တွင် အခြားချင်းလူငယ်သုံးဦးလည်း ဖမ်းဆီးခဲ့သော်လည်း ထိုသုံးဦးမှာ ဩဂုတ်လ ၂၅ရက်နေ့က ပြန်လည်လွှတ်မြောက်ခဲ့ပြီး ဆလိုင်းအောင်စိုးမှာ ၄ လခွဲကြာ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

KACC ၏ စာရင်းအရ ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ်မှ လက်ရှိချိန်ထိ ရက္ခိုင့်တပ်တော် (AA) မှဖမ်းဆီးထားသော အရပ်သားအားလုံးပေါင်း ၁၀၅ ဦးထိရှိခဲ့ပြီး၊ ၈၄ ဦးမှာ ပြန်လည်လွတ်မြောက်လာပြီး ဖြစ်ကာ ၂၁ ဦးမှာ လက်ရှိအချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရသည်။

#Zawgyi

Benezer – ခူမီးသတင္းမီဒီယာတြင္ အလုပ္လုပ္ကိုင္ၿပီး ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔၏ လုပ္ငန္းမ်ားကို ေႏွာက္ယွက္ေနသည္ဆိုသည့္ စြပ္စြဲခ်က္ျဖင့္ အဖမ္းခံခဲ့ရျခင္းျဖစ္သည္ဟု ေလးလခြဲၾကာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး ဒီဇင္ဘာလ ၁၅ ရက္ေန႔က ျပန္လည္ လႊတ္ေျမာက္လာခဲ့သည့္ ခ်င္းလူငယ္ဆလိုင္းေအာင္စိုးကေျပာသည္။ 

“အဓိကေတာ့ က်ေနာ့္ကိုဖမ္းရတာက မသကၤာလို႔ဖမ္းတာလို႔ေျပာတယ္၊ အထူးသျဖင့္ သူတို႔အလုပ္ကို ေႏွာက္ယွက္တ ယ္ေပါ့ေလ၊ ၿပီးေတာ့ ခူမီးသတင္းမီဒီယာမွာ လုပ္တယ္ဆိုၿပီး စြပ္စြဲထားတယ္၊ ၿပီးေတာ့ ျမန္မာ့တပ္မေတာ္နဲ႔အဆက္အ သြယ္ရွိတယ္ ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ က်ေနာ့္ကိုမသကၤာေတာ့ ဟုတ္ မဟုတ္ စစ္ေဆးဖို႔ ဖမ္းတာပါ၊ က်ေနာ့္ကို ဖမ္းထားစဥ္မွာ ရိုက္ႏွက္တာမ်ိဳးေတာ့ မရွိပါဘူး၊ သူတို႔အထက္ကလူေတြကလည္း ဘာမွ မရိုက္ႏွက္ဖို႔ ေျပာထားတယ္လို႔ေျပာတယ္” ဟု ဆလိုင္းေအာင္စိုးမွေျပာသည္။

AA တပ္ဖြဲ႔မွ စြပ္စြဲသကဲ့သို႔ သူသည္ ခူမီးသတင္းဌာနတြင္ အလုပ္လုပ္ကိုင္ျခင္းမရွိသလို ျမန္မာ့တပ္ေတာ္ႏွင့္ အဆက္အ သြယ္မရွိခဲ့ေၾကာင္း ဆလိုင္းေအာင္စိုးကေျပာသည္။ 

ေအေအတပ္ဖြဲ႕မွ ဆလိုင္းေအာင္စိုးအား ရန္ကုန္မွ ပလက္ဝသို႔အျပန္ ေက်ာက္ေတာ္ႏွင့္ပလက္ဝအၾကား စက္ေလွစီးေနစဥ္ ဇူလိုင္လ ၃၀ ရက္ေန႔တြင္ စတင္ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး ရက္ေပါင္း ၁၃၈ ရက္ၾကာခ်ဳပ္ေႏွာင္ခဲ့ၿပီးေနာက္ ဒီဇင္ဘာ ၁၅ ရက္ေန႔ တြင္ ျပန္လႊတ္ေပးခဲ့ျခင္းျဖစ္သည္။ 

ရခိုင္ျပည္နယ္ႏွင့္ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ အျပစ္မဲ့ျပည္သူမ်ားအား သက္ေသခိုင္ခိုင္မာမာမရွိဘဲ မသကၤာယုံျဖင့္ ဖမ္းဆီး ျခင္းအား ေအေအတပ္ဖြဲ႕အေနျဖင့္ ေနာက္ေနာင္တြင္ ေရွာင္ရွားရန္လိုအပ္ေၾကာင္း ဆလိုင္းေအာင္စိုးကေျပာသည္။ 

“လူတစ္ေယာက္ကို သံသယရွိ႐ုံနဲ႔ ေနာက္တစ္ခါက်ရင္ မဖမ္းဖို႔ေျပာခ်င္တယ္၊ တိုင္တဲ့သူရွိရင္လည္း အေထာက္အထား ခိုင္ခိုင္မာမာမရွိဘူးဆိုရင္ မဖမ္းဖို႔က်ေနာ္ေျပာခ်င္တယ္” ဟု ဆလိုင္းေအာင္စိုးကေျပာသည္။

ဆလိုင္းေအာင္စိုးအား ေအေအမွဖမ္းဆီးစဥ္တြင္ အျခားခ်င္းလူငယ္သုံးဦးလည္း ဖမ္းဆီးခဲ့ေသာ္လည္း ထိုသံုးဦးမွာ ဩဂုတ္လ ၂၅ ရက္ေန႔က ျပန္လည္လႊတ္ေျမာက္ခဲ့ၿပီး ဆလိုင္းေအာင္စိုးမွာ ၄ လခြဲၾကာ အဖမ္းခံခဲ့ရျခင္းျဖစ္သည္။

KACC ၏ စာရင္းအရ ပလက္ဝၿမိဳ႕နယ္တြင္ ၂၀၁၅ ခုႏွစ္မွလက္ရွိခ်ိန္ထိ ရကၡိဳင့္တပ္ေတာ္ (AA) မွဖမ္းဆီးထားေသာ အရပ္သားအားလုံးေပါင္း ၁၀၅ ဦးထိရွိခဲ့ၿပီး၊ ၈၄ ဦးမွာ ျပန္လည္လြတ္ေျမာက္လာၿပီး ျဖစ္ကာ ၂၁ ဦးမွာလက္ရွိအခ်ိန္ထိ လြတ္ေျမာက္လာျခင္းမရွိေသးေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.