Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီးဇာရွာနှင့် အနီးဝန်းကျင်ကို ဂျက်ဖိုက်တာအုပ်စုဖြင့် ဗုံးကြဲတိုက်ခိုက်

မီးဇာရွာနှင့် အနီးဝန်းကျင်ကို ဂျက်ဖိုက်တာအုပ်စုဖြင့် ဗုံးကြဲတိုက်ခိုက်

0
By Editor on August 27, 2026 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာနှင့် အနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာအုပ်စုဖြင့် ဗုံးကြဲ တိုက်ခိုက်သွားသည်ဟု ဒေသခံတချို့ထံမှ သိရသည်။

ဩဂုတ်လ ၂၆ ရက် ညနေ ၄ နာရီကျော်ခန့်က ပလက်ဝမြို့နယ်၊ ကုလာတန်မြစ်ကမ်းဘေးရှိ မီးဇာ ကျေးရွာနှင့် အနီးဝန်းကျင်ကို ဂျက်ဖိုက်တာ ၅ စီးဖြင့် အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု သိရသည်။

“လောလောဆယ် ကြားသိရတာက အရပ်သားပြည်သူ အထိအခိုက်မရှိဘူးဆိုတာရယ်၊ ဗုံးကြဲတဲ့ နေရာလည်း AA ဂိတ်နဲ့ ဗျုဟာကုန်းလို့ သိရတယ်၊၊ ရွာနဲ့ နဲနဲဝေးတယ်၊၊ ဒါပေမဲ့ ဗုံးအပိုင်းအစတွေက ရွာထဲရောက်နိုင်တဲ့ အနေအထားပါ” ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်က ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် Y – 12 လေယာဉ် ၂ စီးဖြင့်လည်း ပျံဝဲနေမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပလက်ဝမြို့နယ်အခြေစိုက် သတင်းဌာနတချို့တွင် မီးဇာကျေးရွာအနီးကို ဂျက်ဖိုက်တာ အုပ်စုဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူသေဆုံး ထိခိုက်မှုနှင့် အပျက်အစီးများ ရှိနေသည်ဟု ရေးသားကြသော်လည်း ခိုနူမ်းသုန်သတင်းအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

မီးဇာကျေးရွာနှင့် အနီးဝန်းကျင်ကို ဂျက်ဖိုက်တာ ၅ စီးဖြင့် ဗုံးအလုံး ၅၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ မီးဇာရွာမှ အိမ်ပေါ်ကို ဗုံးကျ၍ သားအမိ ၂ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသည်ဟု ဒေသခံအခြေစိုက် ULA/ AA နှင့် နီးစပ်သော Paletwa Times က ရေးသားသည်။

မီးဇာရွာနှင့် အနီးဝန်းကျင်ကို စစ်တပ်က အုပ်စုဖွဲ့ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ခိုနူမ်းသုန်သတင်းအနေဖြင့် ထပ်မံ စုံစမ်းနေဆဲဖြစ်သည်။

ဩဂုတ်လ ၂၅ ရက် ရွှေလိုက်ဝကျေးရွာရှိ MDF ၏ စစ်သင်တန်းကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ MTC/ MDF တပ်ဖွဲ့ဝင် ၁ ဦး၊ CNDF တပ်ဖွဲ့ဝင် ၂ ဦး၊ PDF – Zoland တပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၅ ဦး ကျဆုံးပြီး ၇ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိသည်ဟု သိရသည်။

လတ်တလောတွင် စစ်တပ်သည် ပလက်ဝမြို့နယ်အတွင်း ပလက်ဝမြို့၊ ဆမီးမြို့အပါအဝင် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည့်အတွက် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူများ သေဆုံးမှု မြှင့်တက်လာနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.