Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီးဇာရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အရပ်သားထိခိုက်မှု ပိုတိုးလာ၊ ကုသရန် ဆေးဝါးလုံလောက်မှု မရှိဖြစ်နေ

မီးဇာရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အရပ်သားထိခိုက်မှု ပိုတိုးလာ၊ ကုသရန် ဆေးဝါးလုံလောက်မှု မရှိဖြစ်နေ

0
By Editor on November 21, 2023 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ မီးဇာရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွင် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု ပိုတိုးလားပြီး ဒဏ်ရာပြင်ထန်းသူများကို ကုသရန် ဆေးဝါးလုံလောက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် ညနေ ၄ နာရီခန့်က ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်ဖျားဒေသဖြစ်သည့် ထရွန်အိုင်ရွာအထက်ပိုင်း ၆ မိုင်က မီးဇာရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၉ ဦးအထိ ထိခိုက်ဒဏ်ရာများ ရရှိ ထားကာ သက်ကြီးပိုင်း ပြည်သူ ၂ ဦးမှာ ဒဏ်ရာများ ပြင်းထန်သည်ဟု မီးဇာရွာနှင့် နီးစပ်သော ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က ၇ ယောက်ပြောတာ ဒီမနက်ကတော့ ၉ ယောက်ဖြစ်တယ်။ အသက်ကြီးပိုင်း ၂ ယောက်ကတော့ ဒဏ်ရာ ပြင်းထန်တယ်။ မီးဇာဆေးရုံးမှာ ကုသတာ ရှိတော့ ဆေးဝါးက မလုံလောက်ဘူး။ မနက်ပိုင်း လေယာဉ်ပျံတွေ လာမယ်ဆိုလို့၊ ပြည်သူတွေက ဗုံးကြဲမှာကို စိုးလို့ အိမ်ထဲက အိမ်ပြင် မထွက်ရဲဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ – မြန်မာ သုံးနိုင်ငံနယ်စပ်အနီးမှာ တည်ရှိသည့် ပလက်ဝမြို့နယ်၊ တရွန်အိုင်ရွာအနီးက စစ်ကောင်စီ စခန်းကို ရခိုင်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေမှု တစ်ပတ်နီးပါး ရှိလာချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် တရွန်အိုင်ရွာအထက် ၆ မိုင်ခန့်က မီးဇာရွာမှ ဒေသခံများနှင့်စစ်ဘေးရှောင်များကို လေကြောင်းမှ ဦးတည်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဒေသခံတချို့က ပြောသည်။

မီးဇာရွာသည် ပလက်ဝမြို့မှ မိုင်တစ်ရာကျော် ကွာဝေးပြီး တိုက်နယ်ဆေးရုံနှင့် အထကကျောင်းရှိသော ရွာဖြစ်သည်၊ မီးဇာရွာတွင် ၂၀၁၈ ခုနှစ်ကတည်းက စစ်ဘေးရှောင်နေရသော ပြည်သူများ နေထိုင်သကဲ့သို့ အာဏာသိမ်းပြီးနောက်မှ စစ်ဘေး ရှောင်အသစ်များလည်း စစ်ရှောင်နေကြပြီး စစ်ဘေးရှောင် တစ်ထောင်ဝန်းကျင်ရှိသည်ဟု ပလက်ဝမြို့ဒေသခံများက ပြောသည်။

“တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာလည်း မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၂၀၁၈ ကတည်းကနေ စစ်ရှောင်တွေ ခိုလှုံနေတဲ့ နေရာ။ အခုက စစ်ရှောင်တွေ အဟောင်းလည်း ရှိတယ်၊ အသစ်လည်း ရှိတယ်။ အဲဒီရွာမှာပဲ တမင် တကာ ဗုံးကြဲတယ်ဆိုတာက လူထုတွေကို တော်လှန်ရေးမှာ စိတ်ဝမ်းကွဲအောင် လုပ်တာ၊ တကယ်တမ်းပြောရမယ်ဆိုရင် အဲဒီနေရာမှာ ဗုံးကြဲစရာလည်းအကြောင်းလည်း မရှိဘူး။ ချင်းလူမျိုးတွေ အများဆုံးရှိတဲ့ ရွာကြီးပါ” ဟု ဒေသခံက ပြောသည်။

မီးဇာရွာမှ စစ်ဘေးရှောင်များသည် မည်သည့်အဖွဲ့အစည်းထံမှ အကူအညီများ မရရှိဘဲဖြစ်နေပြီး အခြေခံစားနပ်ရိက္ခာများနှင့် နေထိုင်ရေးအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.