Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“မီးမရရင်လည်း ကိစ္စမရှိဘူး ရေရှိတယ်ဆိုရင် ရတယ်ဆိုတဲ့သဘောနဲ့ မိမိအိမ်ကိုပဲ တမ်းတပြီးတော့ ပြန်ချင်ကြတယ်”

“မီးမရရင်လည်း ကိစ္စမရှိဘူး ရေရှိတယ်ဆိုရင် ရတယ်ဆိုတဲ့သဘောနဲ့ မိမိအိမ်ကိုပဲ တမ်းတပြီးတော့ ပြန်ချင်ကြတယ်”

0
By Editor on January 30, 2025 Featured

(002MG)

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးဟာ ခုဆိုရင် ၂ လကျော်ရှိလာပြီဖြစ်ပါတယ်။

ဒီ ၂ လကျော်ကာလအတွင်းမှာ ဖလမ်းမြို့ထဲက စစ်ကောင်စီတပ်ဖွဲ့တွေနေရာယူတပ်စွဲထားသော တပ်စခန်းအားလုံးကို ချင်းညီနောင်တပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီးဖြစ်ပေမယ့် ခလရ ၂၆၈ တပ်ရင်းတစ်ခုသာ သိမ်းဖို့ကျန်တော့ပြီး ထိုး စစ်ဆင်တိုက်ခိုက်မှုတွေလည်းနေ့စဉ်ဆက်လက်ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီဘက်ကလည်း ခလရ ၂၆၈ တပ်ကုန်း မကျစေရေးအတွက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေနေ့စဉ်ပြုလုပ်နေပါတယ်။

လူဦးရေတစ်သောင်းဝန်းကျင်လောက်ရှိတဲ့ ဖလမ်းမြို့ဒေသခံအားလုံးဟာလည်း မြို့သိမ်းတိုက်ပွဲမစတင်ခင်ကတည်းက မြို့ကိုစွန့်ခွါထွက်ပြေးတိမ်းရှောင်နေကြရတာ ခုဆိုရင် ၂ လကျော်ရှိလာပြီဖြစ်ပါတယ်။ ဖလမ်းမြို့က ဒေသခံအများစုကတော့ ကလေးမြို့မှာစစ်ဘေးရှောင်နေကြရပြီး၊ တချို့မှာလည်း ဟားခါးမြို့၊ ရန်ကုန်မြို့ နှင့် ဖလမ်းမြို့နယ်ထဲက ကျေးလက်ဒေသတွေက ဆွေမျိုးအသိမိတ်ဆွေတွေထံ ခိုလှုံနေကြရပါတယ်။

အစကနဦးပိုင်းမှာတော့ ပါလာတဲ့ ရိက္ခာ၊ ငွေကြေးတွေနဲ့ စားဝတ်နေရေးပိုင်းဖြေရှင်းနိုင်ခဲ့ကြပေမယ့် အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ တဖြေးဖြေးအခက်အခဲဖြစ်လာကြတယ်လို့သိရပါတယ်။

ဖလမ်းမြို့က စစ်ဘေးရှောင်ပြည်သူတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး Falam Township IDPs Management Team (FTIMT) ကလေးမြို့ဌာန အတွင်းရေးမှူးကို ခိုနူမ်းသုန်သတင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ဖလမ်းမြို့သိမ်းတိုက်ပွဲကြောင့် ဖလမ်းမြို့ခံပြည်သူတွေက အဓိက ဘယ်ဒေသတွေမှာ စစ်ဘေးရှောင်ကြပြီးတော့ လူဦးရေအားဖြင့် ဘယ်လောက်လောက်ရှိပြီလဲ တိုးလာတာမျိုးရှိလား?

ဖြေ – ဖလမ်းမြို့ကနေ စစ်ဘေးရှောင်က ထပ်တိုးလာပါတယ်၊ တချို့ဆိုရင်တော့ ရွာတွေမှာ၊ နယ်တွေမှာ ခနလေး ဆိုပြီးမျှော်လင့်ချက်နဲ့ နေပြီးမှ အခုဒီလောက်ကြာလာတော့ ကျန်းမာရေး၊ ပညာရေးကိစ္စကြောင့် စားဝတ်နေရေး က အဆင်မပြေတော့ဘူးဆိုတော့ ကလေးမြို့ မှာဆင်းလာကြတယ်။ အခုချိန်မှာ ဒီကနေ့အထိ စာရင်းရထားတာက (၁၁၆၀) အိမ်ထောင်စုက ကလေးမြို့မှာ စစ်ဘေးရှောင်တာပေါ့ လူဦးရေ နဲ့ဆိုရင် (၅၀၀၀) ဝန်းကျင်ရှိနေပြီ။ ဟားခါးမှာက လူဦးရေက (၂၀၀၀) ကျော်ရှိတယ်။ ရွာတွေ၊နယ်တွေမှာ ရှောင်တဲ့သူတွေလည်းရှိတယ်၊ တချို့ရွာတွေဆိုရင် ကလေး မြို့ဖက်ကို ဆင်းလာတဲ့ သူတွေရှိတယ်။ ပြီးရင် နယ်တွေမှာ အဆင်မပြေတော့လို့ ရွာခံတွေကိုက ကလေးမြို့ ကိုလာ တဲ့သူတွေရှိတယ်၊ တချို့က ဟားခါးဖက်ကိုသွားတဲ့ သူတွေရှိတယ်။ ဇိုခေါထာရ် ဖက်မှာလည်း များတယ် ရန်ကုန်ဖက် အနည်းစု၊ ကလေးမြို့မှာ ကတော့ အများဆုံးပဲ အဲ့တာတွေပေါင်းမယ်ဆိုရင်တော့ အခု‌ စစ်ဘေး ရှောင် လူဦးရေက (၁၃,၀၀၀) လောက်ရှိမယ်။

မေး – အခုဆိုရင် စစ်ဘေးရှောင်နေရတာလည်း ၂ လကျော်ရှိလာပြီဆိုတော့လေ စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာပိုင်းမှာရော ဘယ်လိုပုံစံမျိုးနဲ့ ရှာဖွေရပ်တည်နေကြရလဲ။

ဖြေ – အခု ကျွန်တော်သိလောက်ပေါ့နော် ဟားခါးနဲ့ ကလေးမှာဆိုရင် မိမိစုဆောင်းထားတဲ့အရာလေးတွေကို ချွေတာ ပြီးတော့ သုံးနေတဲ့သူတွေရှိတယ်၊ တချို့ဆိုရင် မိသားစု၊ ဆွေမျိုးတွေက တတ်နိုင်သလောက်ကူတဲ့သူတွေရှိမယ်။ ပြီးရင် NGO အဖွဲ့အစည်းတွေက ပံ့ပိုးတဲ့အရာတွေလည်း ရှိနိုင်တယ်ပေါ့နော်။ ဖလမ်းမြို့မှာ နေတုန်းက ကိုယ်လုပ်တဲ့အလုပ်ကို ဆက်လုပ်ပြီးမှ အသက်မွေးဝမ်းကျောင်းပြုတယ်ဆိုတာ နည်းနည်းလေးပဲရှိတယ်။ အလုပ်လက်မဲ့တွေများလာတယ် အသက်မွေးဝမ်းကျောင်းအတွက်က ခက်လာတယ်၊ ဝန်ထမ်းတွေဆိုရင်တော့တမျိုးပေါ့။

မေး – ဆိုတော့လေ စစ်ဘေးရှောင်တဲ့ကာလကလည်း တဖြေးဖြေးကြာလာပြီဆိုတော့ အခုလက်ရှိမှာ ဘယ်လိုအခက် အခဲတွေကြုံတွေ့နေကြရလဲ။

ဖြေ – အခုက နေရေး၊ ထိုင်ရေးနဲ့ အစားအသောက်ပဲဖြစ်တော့မယ် ပထမအခက်အခဲက၊ အချို့က အခန်း ကျဉ်းကျဉ်း လေးကို မိသားစုသုံးစုလောက်နဲ့ အတူတူနေထိုင်ကြရတယ်။ အခုနည်းနည်းလည်း ကြာလာပြီ ဆိုတော့ အတူတူနေလို့ လည်း သိပ်အဆင်မပြေတော့ဘူးဆိုတော့ နေထိုင်ရေးလည်း အခက်အခဲတွေ့တယ်။ အစားအသောက်မှာကျတော့ တအားခက်ခဲဖြစ်တာမျိုးတော့ ကလေးမြို့မှာ မရှိသေးဘူးပေါ့။ ဒါပေမယ့် တခုရှိတာက အခု ဖလမ်းမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ ဖလမ်းမြို့ခံတွေက ဆန်တွေ ပြတ်လပ်နေပြီ အခုဘယ်လိုပို့ရမလဲဆိုတာ တချို့ စဉ်းစားတဲ့သူတွေ ရှိပါတယ်၊ နယ်တွေမှာ ထွက်ပြေးတဲ့ သူတွေအတွက်က သူတို့ငွေတွေရှိလည်း ဝယ်စရာပစ္စည်းက ရှားလာတယ် မရှိ သလောက်ဖြစ်နေတယ်။ နယ်တွေမှာကျတော့ စားရေးသောက်ရေးတွေဖြစ်မယ်။ ကလေးမြို့ဖက်ကို လာတဲ့သူတွေ ကျတော့ ဝယ်စရာလေးတွေရှိသေးတယ်၊ အစားအသောက်က အဆင်ပြေတယ်ဆိုတာမျိုးတော့ ရှိပါသေးတယ်။ တအားခက်တဲ့ မိသားစုတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း အချင်းချင်း တတ်နိုင် သလောက်လေး ကူညီကြတာပေါ့နော်။

မေး – ခုလက်ရှိမှာ စစ်ဘေးရှောင်ပြည်သူတွေက အကူအညီထောက်ပံ့ရတာမျိုးရှိလား၊ ဆရာတို့အဖွဲ့တွေ ဖက်ကနေ ဘာတွေဘယ်လိုကူညီဆောင်ရွက်ပေးတာမျိုးရှိလဲ?

ဖြေ – ကျွန်တော်တို့ အဖွဲ့အနေနဲ့ ချဉ်းကပ်တဲ့ပုံစံက ခရစ်ယာန်အသင်းတော် အနေနဲ့ သင်းထောက်လူကြီး၊ ပါစတာ တွေကို ဆက်သွယ်တယ်။ သူ့အသင်းသူ၊ အသင်းသားတွေ ဒီမှာ စစ်ဘေးလာရှောင်တဲ့သူတွေ စာရင်း အတိအကျရှိ တယ်။ သူတို့ကို ခက်ခဲတဲ့သူတွေကို ဆက်သွယ်ခိုင်းတယ်၊ အသင်းတော်ပါစတာ၊ အသင်းတော်လူ ကြီးတွေက ရွေးထားတဲ့ ခက်ခဲတဲ့ မိသားစုတွေကို ဆန်တအိတ်နဲ့ ငွေသား (၁) သိန်းခွဲလောက် တအိမ်ထောင်မှာ ကူညီတာတွေ ရှိတယ်။ ပြီးရင် ဂေါ်ရခါး ဗုဒ္ဓတွေလည်း ထည့်ထားပါတယ်။ သူတို့လည်းပဲ ခက်ခဲတာစား သောက် ရေးမှာ။ အဓိက ခက်ဖြစ်တာက စားသောက်ရေးဖြစ်တော့ အစားအသောက်မှာ ခက်ခဲမှုမရှိရလေအောင် ကျွန်တော်တို့ တတ်နိုင် သလောက်ပေါ့နော်။ ခက်ခဲတာကတော့ အားလုံးခက်ခဲနေတာပဲ ဒါပေမယ့် အစားအသောက်ပြတ်လပ်မှု မရှိရလေအောင် အဓိကထားပြီးတော့မှ အဖွဲ့အစည်းအနေနဲ့ ကူညီတယ်။ ဒုတိယတခုက ဒေသအဖွဲ့အစည်းတွေကို တတ်နိုင်သလောက် ဆက်သွယ်ထားပြီးတော့ သူတို့ပေးထားတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ကနေတဆင့် စာရင်း ရထားတဲ့သူတွေကို ပြန်လည်ဝေမျှတာတို့ရှိပါတယ်။

မေး – ဒီနေရာမှာမေးချင်တာတစ်ခုကတော့ စစ်ဘေးရှောင်ထဲမှာလည်း ကျောင်းနေရွယ်ကလေးငယ်တွေအများကြီး ရှိမယ်လို့ထင်ပါတယ် သူတို့ရဲ့ပညာရေးအခြေအနေက ဘယ်လိုရှိပါလဲ?

ဖြေ – ကလေးတွေရဲ့ ကျောင်းပညာရေးကို နည်းနည်း စိတ်ပူနေရတယ်၊ အခုကျတော့ ရုတ်တရက် ထွက်ပြေးလာတဲ့ သူတွေဆိုတော့ ကျောင်းတိုင်းကတော့ လက်ခံတယ်၊ ကျောင်းအဝင် လက်ခံတယ်။ အခုနောက်နှစ်ဆိုရင် ကလေးတွေ ကျောင်းဆက်တက်နိုင်မလားဆိုတာ စိုးရိမ်နေကြတာ။ ကျွန်တော်တို့ဖက်ကတော့ အထူးသဖြင့် ကျောင်းပြောင်း လက်မှတ်လိုတယ်ဆိုတော့ တချို့ဆိုရင် ဘယ်မှာယူရမလဲဆိုတာ တောင်မသိတဲ့သူတွေရှိတဲ့ အတွက် ကြောင့်မို့ ဒီပြဿနာရှိတဲ့သူတွေဆိုရင် ကျွန်တော်တို့က လုပ်ရမယ့်လမ်းကြောင်းတွေကို ကူညီပေးနိုင်တယ်။ ဒီမှာက ကျောင်းသား ဦးရေ အခုကောက်တဲ့ဟာ သူတို့ အကုန်မအပ်သေးဘူး။ များတယ်ထောင်ကျော်ဖြစ်မှာ။ ကလေးတွေရဲ့ အတန်း တင် ကိစ္စက ဖလမ်းမှာ နောက်ဆုံးအောက်တိုဘာလ ဖြေထားတဲ့အရာနဲ့ အတန်းတင်လို့ရမယ်ဆိုတဲ့ အသံကြား တယ်၊ နောက်တခုက ဒီမှာ တချို့တွေက လက်ခံတယ်ဆိုတော့ ကျောင်းပြောင်းလက်မှတ်တွေကိုယူပြီးမှ ဒီမှာ အတန်း ဆက်တက်တဲ့သူတွေလည်းရှိတယ်။ မတက်နိုင်တဲ့သူတွေလည်း ကျူရှင်ဝိုင်းပုံစံမျိုးနဲ့ပဲသွားတဲ့သူတွေရှိတယ်၊ ကျောင်းပြောင်းလက်မှတ်မရနိုင်သေးတဲ့သူတွေလည်းရှိတယ်။ အဲ့တာတွေကျတော့ သူတို့နောက်ဆုံးဖြေထားတဲ့အရာနဲ့ အတန်းတင်ပေးမယ်လို့ လည်းကြားတယ်။ ဒါပေမယ့် တရားဝင်ဖြစ်မဖြစ်တော့ မသိနိုင်ဘူး။

မေး – အခုဆိုရင် စစ်ဘေးရှောင်နေရတာ (၂) လကျော်ရှိလာပြီ အချိန်ကာလအားဖြင့်လည်း ကြာလာပြီဆိုတော့ စားဖို့သောက်ဖို့၊ နေရေးထိုင်ရေးကလည်း ခက်ခဲလာပြီဆိုတော့ စစ်ဘေးရှောင်ပြည်သူတွေက ဘာတွေပြောဆို တာ၊သူတို့ဘာတွေ မျှော်လင့်နေကြလဲ။

ဖြေ – ကိုယ့်မြို့၊ ကိုယ့်အိမ်ကိုပဲ တမ်းတနေကြတာပေါ့နော် အထူးသဖြင့် ပြန်ချင်တယ်ဆိုရင်လည်း ဒီအတိုင်းကြီး မဟုတ်ပဲနဲ့ ဒီအဖြေတခုခုရပြီးတော့မှ အဖြေလို့ပြောတဲ့အခါမှာ ပြည်သူဖက်ကနေ ထိန်းချုပ်နိုင်တာမျိုးဆိုရင် တတ်နိုင်သလောက်တော့ လူကြီးပိုင်းတွေဆိုရင်တော့ ကိုယ့်အိမ်မှာပဲနေချင်ကြတယ်။ မီးမရရင်လည်း ကိစ္စမရှိဘူး ရေရှိတယ်ဆိုရင် ရတယ်ဆိုတဲ့သဘောနဲ့ မိမိအိမ်ကိုပဲ တမ်းတပြီးတော့ ပြန်ချင်ကြတယ် ပထမအနေနဲ့၊ နောက်ထပ်က ဒီလိုမျိုး စစ်ဘေးရှောင်အနေနဲ့ တခြားဒေသမှာ ကြာကြာနေလို့ဆိုရင် ကြာလာရင် ဘယ်လိုစား သောက်တော့မှာလဲ စိုးရိမ်မှုတွေတော့မြင့်တက်လာပါတယ်။ ထမင်းငတ်ပြီးတော့မှ သေတော့မှာလားဆိုတဲ့အထိ ပေါ့နော်၊ ပြောချင်တာက ဒီမှာလည်း အဆင်မပြေတော့ဘူး။ ပုံမှန်လုပ်လို့လည်းမရဘူး၊ အသွားအလာလည်း ဆင်ခြင်ရတယ်၊ သတိထားရတယ်၊ မလုံခြုံတော့ဘူးပေါ့။ ပြီးတော့ အခုက ပူလာတော့မယ်ဆိုတော့ တောင်ပေါ် ဒေသမှာနေတဲ့သူတွေအတွက်က ဒီမြေပြန့် ကလေးမြို့မှာဆိုရင် အရမ်းကို ပူအိုက်တာပေါ့နော်။ အဲ့တာမခံနိုင်တဲ့ ကလေးသူငယ်၊ အဖိုးကြီးအဘွားကြီးတွေက အခုနွေရာသီရောက်မှာကိုပဲ အရမ်းကြောက်လာကြတယ် အဲ့တာတွေလည်းရှိတယ်။

မေး – တခြားဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ။

ဖြေ – မြန်မာနိုင်ငံတဝန်းမှာဖြစ်နေတဲ့အတွက် စစ်ဘေးရှောင်တွေအနေနဲ့ ရောက်တဲ့နေရာမှာ သဟဇာတဖြစ်အောင်၊ ငြိမ်သက်အောင် ကြိုးစားဖို့က ကျွန်တော်တို့တာဝန်ဖြစ်တယ် ပထမအနေနဲ့ ကျွန်တော်တို့ ရွေးပိုင်ခွင့်မရှိတဲ့အထဲမှာ ဖြစ်လာတဲ့အရာပေါ်မှာ အကောင်းဆုံး အတတ်နိုင်သလောက် အချင်းအချင်း ရိုင်းပင်းကူညီဖေးမပြီး နေထိုင်ဖို့လို့ပဲ ပြောချင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.