Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီးလောင်ဒါဏ်ကြောင့် အသက် ၁၅ နှစ်အရွယ် ချင်းလူငယ်တစ်ဦးကွယ်လွန်

မီးလောင်ဒါဏ်ကြောင့် အသက် ၁၅ နှစ်အရွယ် ချင်းလူငယ်တစ်ဦးကွယ်လွန်

0
By Editor on March 5, 2025 Khonumthung

(004SS)

တီးတိန်မြို့နယ် ကျိန်းပီးကွတ် (ခေါ် ) ကေးဇန်ရွာသား အသက် ၁၅ နှစ်အရွယ် ချင်းလူငယ်တစ်ဦးသည် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် မတ်လ ၄ ရက်နေ့ ညနေ ၆ နာရီက မီးလောင်ဒါဏ်ကြောင့် ကွယ်လွန်သွားကြောင်း ရွာသားများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သေဆုံးသွားသူ မောင်ဆွင်းခန်ကိမ်သည် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ဘက် ခရီးသွားနေစဉ် တောမီးလောင်မှုကြောင့် မီးထဲပါသွားပြီး ခန္ဓာကိုယ်၏ ၈၅% ဝန်းကျင် မီးလောင်ခံခဲ့ရခြင်းဟု သိရသည်။

“သူတို့က တွန်ဇံနယ်ဘက်ခရီးသွားတာ တောမီးထဲ ပါသွားတာ၊ ဖြစ်ချင်တော့ မလွတ်ဘူးပေါ့နော်၊ တစ်ကိုယ်လုံးနီးပါး လောင်သွားတာလို့ ပြောတယ်။ မျက်နှာတောင်မှ မမှတ်မိနိုင်လောက်အောင် ဖြစ်သွားတယ်၊ မီးလောင်မှုက ၈၅ % တောင်ရှိတယ်လို့ပြောတာနော် သနားစရာ‌လေး။ အိုင်ဇောလ်လဲရောက်ရော ဆေးဝါးကုသဖို့လဲ အခက်အခဲဖြစ်တော့ ကျွန်တော်တို့ ရွာသားတွေ တတ်နိုင်သလောက်ကူပေးကြဖို့ ကောက်နေတုန်းမှာ အခုလိုသေဆုံးသွားတာ” ဟု ကျိန်ပီးကွတ်ရွာသားတစ်ဦးက ပြောသည်။

မောင်ဆွင်းခန်ကိမ်သည် လူကြီး ၂ ဦး လွှဆွဲသမားနှင့်အတူ တွန်းဇံမြို့နယ်ဘက်သို့ လွှဆွဲရန် အကူလိုက်သွားရာမှ တောမီးထဲပါသွားခြင်းဖြစ်သည်ဟု သိရသည်။

‌ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မီဇိုရမ်ပြည်နယ်၊ ကျမ်ဖိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသော်လည်း ဒါဏ်ရာပြင်းထန်ခြင်းကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အိုင်ဇောလ်မြို့ ပြည်သူ့ဆေးရုံသို့ ထပ်မံ လွှဲပြောင်းခြင်းခံခဲ့ရကြောင်း သိရသည်။

ကွယ်လွန်သွားသူ မောင်ဆွင်းခန်ကိမ်၏ အလောင်းကို ယမန်နေ့ညက ကျမ်ဖိုင်းမြို့သို့ ပို့ဆောင်ကာ ယနေ့ မတ်လ ၅ ရက်နေ့ မနက်တွင် ၎င်း၏ ဇာတိရွာ ကျိန်ပီးကွတ်သို့ ထပ်မံပို့ဆောင်မည်ဖြစ်ပြီး မတ်လ ၆ ရက်နေ့တွင် ခရစ်ယာန်ထုံးစံအတိုင်း သဂြိုလ်မည်ဟု သိရသည်။

မောင်ဆွင်းခန်ကိမ်သည် ညီအကို ၄ ယောက်ရှိသည့်အနက် အကြီးဆုံးသားဖြစ်ကာ စစ်အာဏာသိမ်းမှုကြောင့် ကျောင်းဆက်မတက်တော့ဘဲ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရသူဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်း၏ မိဘနှစ်ပါး၊ အဘိုးနှင့် ‌ညီ ၃ ယောက် ကျန်ရစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.