Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မုဒိမ်းမှုကျူးလွန်သော ULA/AA တပ်ဖွဲ့ဝင် ၂ ဦးကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အမြန်ဆုံးဖော်ဆောင်ရန် GKYA တောင်းဆို

မုဒိမ်းမှုကျူးလွန်သော ULA/AA တပ်ဖွဲ့ဝင် ၂ ဦးကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အမြန်ဆုံးဖော်ဆောင်ရန် GKYA တောင်းဆို

0
By Editor on April 28, 2025 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ချင်းအမျိုးသမီးတစ်ဦးကို မုဒိမ်းပြုကျင့်ကာ သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သော ULA/ AA တပ်ဖွဲ့ဝင် ၂ ဦးကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ပွင့်လင်းမြင်သာစွာ တရားစွဲ အရေးယူ အပြစ်ပေးရန် နိုင်ငံတကာ ခူမီးလူငယ်များ အသင်း (GKYA) က တောင်းဆိုသည်။

အာရက္ခတပ်တော် ULA/ AA အနေဖြင့် တပ်ဖွဲ့ဝင် ၂ ဦး ကျူးလွန်သော အမှုကို အပြစ်ပေး အရေးယူနိုင်ရေးနှင့် ပတ်သက်၍ အချက် ၅ ချက်ကို နိုင်ငံတကာ ခူမီးလူငယ်များအသင်း (GKYA) က ဧပြီလ ၂၇ ရက် ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုခြင်းဖြစ်သည်။

အမှုကို လျင်မြန်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အမြန်ဆုံး ဖော်ဆောင်ပေးရန်၊ ကျူးလွန်သူများ၏ အမည်ကို ဖော်ထုတ်၍ ပြည်တွင်း၊ နိုင်ငံတကာ ဥပဒေများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ တရားစွဲအရေးယူ အပြစ်ပေးရန် GKYA အဖွဲ့က တောင်းဆိုသည်။

ကျူးလွန်ခံရသူအတွက် လိုအပ်သော စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု၊ လုံခြုံမှု၊ ဥပဒေ အကာအကွယ် နှင့် အခြားလိုအပ်သော အကူအညီများ ပံ့ပို့ဆောင်ရွက်ရန်၊ ULA/ AA အနေဖြင့် ဒေသခံပြည်သူများ၏ လုံခြုံမှုနှင့် ပတ်သက်၍ နောက် နောင်တွင် ကျူးလွန်မှု မရှိစေရေး ဆောင်ရွက်ပေးရန် စသည့်အချက်များလည်း ပါဝင်သည်။

ကျူးလွန်ခံရသူ အမျိုးသမီး၏ တရားမျှတမှု ရရှိရေးတွင် လူ့အခွင့်အ‌ရေးနှင့် အမျိုးသမီးရေး တက်ကြွလှုပ်ရှားသော လူမှုအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အစုအဖွဲ့များအနေဖြင့် ဝိုင်းဝန်းကူညီရန် GKYA က တိုက်တွန်းသည်။

ဧပြီလ ၅ ရက်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာအနီးတွင် ULA/AA တပ်ဖွဲ့ဝင် ၂ ဦးသည် ဒေသခံ ချင်းအမျိုးသမီး တဦးကို မုဒိမ်းမှု ကျူးလွန်ပြီးနောက် ရေနစ်သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။

ပြစ်မှုကျူးလွန်သူ ၂ ဦးကို ဖြစ်ပွားသော နေ့ကပင် ဖမ်းဆီးထိန်းသိမ်းထားပြီး ယင်းအမှုကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက် နေကြောင်း၊ တရားမျှတမှု ရရှိရေးအတွက် ပြစ်မှု ပြစ်ဒဏ် မျှတအောင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု အာရက္ခတပ်တော် ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.