Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မုန်တိုင်းငယ်အရှိန်ကြောင့် ချင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုကျော်မှာ ယနေ့မှစ၍ ၃ ရက်တာ မိုးကြီးနိုင်

မုန်တိုင်းငယ်အရှိန်ကြောင့် ချင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုကျော်မှာ ယနေ့မှစ၍ ၃ ရက်တာ မိုးကြီးနိုင်

0
By Editor on October 22, 2024 Khonumthung

(006SV)

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လာသည့် မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ နံနက်ပိုင်းမှ အောက်တိုဘာလ ၂၄ ရက်အထိ ချင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခုမှာ ဒေသအလိုက် မိုးကြီးနိုင်ပြီး မြေပြိုခြင်းနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်း တိုင်ထွားချက်များအရ မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မှစ၍ ၃ ရက်ကြာအထိ ချင်း၊ ရခိုင်၊ ကရင်၊ မွန်၊ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ စသည့် တိုင်းနှင့်ပြည်နယ်တို့တွင် နေရာစိပ်စိတ်မှ နေရာအနှံ့အပြား မိုးထစ်ချုပ်ရွာမည်ဖြစ်ကြောင်း သိရသည်။

အချို့ ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း စစ်ကောင်စီ၊ မိုးဇလဌာနက ထုတ်ပြန်သည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုပ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စစ်လက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဌာနက ထုတ်ပြန်သည်။

ယင်းတိုင်းနှင့် ပြည်နယ်တို့ရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများသည် မြေပြိုမှုအန္တရာယ်၊ မြစ်ချောင်းများအနီးတွင် နေထိုင်ကြသူများသည် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် သတိပေးနှိုးဆော်ထားသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအာား နည်းရပ်ဝန်းသည် အနောက်၊ အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းသော မုန်တိုင်ငယ်အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဟိုင်းကြီးကျွန်း၏ အနောက်၊ အနောက်တောင်ဘက် ရေမိုင် ၁၈၅ မိုင်ခန့်မှ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ် ဆာဂါကျွန်း၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၄၁၀ ခန့်အကွာကို ဗဟိုပြုနေကြောင်း သိရသည်။

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင့်အဆင့်အဖြစ် သတ်မှတ်ထားကြောင်း မိုးဇလဌာနက ထုတ်ပြန်သည်။

ယင်းမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာလ ၂၃ ရက်တွင် ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၄ ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်းအဖြစ် ပိုမိုအားကောင်းမည်ဟု သိရသည်။

အောက်တိုဘာလ ၂၅ ရက် နံနက်အစောပိုင်းတွင် ဩရိဿပြည်နယ်မြောက်ပိုင်း နှင့် အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေတို့က ပူရီမြို့(Puri)နှင့် ဆာဂါကျွန်း (Sagar Island)တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဟု မိုးဇလက ထုတ်ပြန်သည်။

မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၄ ပေခန့်ရှိနိုင်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.