(005MK)
မီဇိုရမ်ပြည်နယ်အစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးစီမံချက် (Special Drive on Drugs) ကိုအကောင် အထည်ဖော်ဆောင်ရန်အတွက် ပြည်နယ်ရဲမှူးချုပ်နှင့် ဗဟိုမီဇိုးလူငယ်အသင်း (CYMA) ခေါင်းဆောင်များသည် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်က ကျေးရွာများသို့ ကွင်းဆင်းလေ့လာမှုများ စတင်ဆောင်ရွက်နေသည်ဟု သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်ကတဆင့် မီဇိုရမ်ပြည်နယ်ဘက်သို့ မူးယစ်ဆေးဝါးဝင်ရောက်လာနိုင်သည့် လမ်းကြောင်းပေါ်မှာ တည်ရှိသော နယ်စပ်တစ်လျှောက်ကျေးရွာများအားလုံးထံ သွားရောက်ကာ ရပ်ရွာလူထုပြည်သူများနှင့် တွေ့ဆုံဆွေး နွေးရန် မီဇိုရမ်ပြည်နယ်ရဲမှူးချုပ် Inspector-General of Police (IGP) H. Ramthlengliana IPS ၏ ဦးဆောင်မှုဖြင့် ဗဟိုမီဇိုးလူငယ်အသင်းက ခေါင်းဆောင်များ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျန်ဖိုင်းခရိုင်ဘက်သို့ ထွက်ခွါခဲ့ ကြသည်ဟု မီဇိုရမ်ဒေ သတွင်းသတင်းဌာန Bengvarna ကဖော်ပြသည်။
မီဇိုရမ်ပြည်နယ်ရဲမှူးချုပ်နှင့် ဗဟိုမီဇိုးလူငယ် အသင်းခေါင်းဆောင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ကျန်ဖိုင်းခရိုင် Tlangsam ကျေးရွာလူထုနှင့်တွေ့ဆုံခဲ့ကြပြီးနောက် ညနေပိုင်းတွင် Zote, Ngur, Ngur Vengsang, Bulfek ရပ်ရွာလူထုများနှင့် မူး ယစ်ဆေးဝါးတားဆီးရေးကိစ္စများဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်တွင်တည်ရှိသည့်ကျေးရွာများအားလုံးကို ယခုပတ်အတွင်းသွားရောက်ကာ ရပ်ရွာ လူထုများနှင့်တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားကြသည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် နယ်စပ်တစ်လျှောက်က ကျေးရွာများအားလုံးတွင် ရဲတပ်ဖွဲ့များထားရှိကာ စက်တင် ဘာလ ကစတင်၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းတွေကို စနစ်တကျဆောင်ရွက်သွားရန်စီစဉ် ထားသည်ဟု သိရသည်။