Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မေကြးတိုင္းသို႔ ပါသြားသည့္ ေက်းရြာကို ခ်င္းျပည္နယ္ထဲ ျပန္ထည့္ရန္ ဆႏၵေဖာ္ထုတ္

မေကြးတိုင္းသို႔ ပါသြားသည့္ ေက်းရြာကို ခ်င္းျပည္နယ္ထဲ ျပန္ထည့္ရန္ ဆႏၵေဖာ္ထုတ္

0
By Editor on December 22, 2020 Headline

#Unicode

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်အတွင်းသို့ ထည့်သွင်းခံထားရသည့် မင်းတပ်မြို့နယ် လှေ့ချမ်းကျေးရွာအုပ်စု ရွှေအောင်သာကျေးရွာကို ချင်းပြည်နယ်သို့ပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုသည့် ဆန္ဒဖော်ထုတ်မှုတခုကို ယနေ့နံနက်ပိုင်းက မင်းတပ်မြို့တွင်ပြုလုပ်ခဲ့ကြသည်။

ယင်းဆန္ဒဖော်ထုတ်မှုကို ရွှေအောင်သာကျေးရွာသားများအပါအဝင် မင်းတပ်မြို့ဒေသခံပြည်သူ (၃၀) ဦးတို့က ယနေ့ နံနက်ပိုင်း ၁၀ နာရီခွဲကစတင်ပြီး မွန်းလွဲပိုင်း ၁၂ နာရီအထိ တောင်းဆိုချက် ပိုစတာများကိုင်ဆောင်ကာ မင်းတပ်မြို့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဂေကီးက “ ကျနော်တို့က ၁၉၉၅ ခုနှစ်ရွာစတည်ကတည်းက ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာနေခဲ့ရတာလေ၊ ၂၀၁၇ ခုနှစ်မှာ ရွှေအောင်သာကျေးရွာဟာ မကွေးတိုင်း ထီးလင်းမြို့နယ် ထဲကိုပါသွားတယ်လို့ မင်းတပ်မြို့နယ်အုပ်ချူပ်ရေးမှူးကပြောတယ်၊ အဲဒါကိုကျနော်တို့ကလက်မခံနိုင်ဘူးလေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ ကိုချိူးဖောက်ထားတာဖြစ်တယ်၊ ဒါကြောင့်ဒါကိုပြန်လည်သတ်မှတ်ပေးဖို့တောင်းဆိုရတာ ဖြစ်တယ်’’ ဟု ပြောသည်။

ထို့အပြင် ယခုလက်ရှိတွင်ရွှေအောင်သာကျေးရွာသား ၁၈ ဦးကို မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ကြိုင်ကြိုးဝိုင်း ကျူးကျော်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့်ကိစ္စကိုလည်း အမှုပြန်လည်ရုပ်သိမ်းပေးရန် ယနေ့ဆန္ဒဖော်ထုတ်မှုတွင် တောင်းဆိုခဲ့ကြသည်။

ရွေအောင်သာကျေးရွာသည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့စွဲဖြင့် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ထုတ်ဝေခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ ကျေးရွာများစာအုပ်အရ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အောင်းကျေးရွာအုပ်စုအတွင်းသို့ ထည့်သွင်း ခံရသည်ဟု သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ (က)နှင့် (ခ) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် အကြောင်းပေါ်ပေါက်လာပါက ယင်းနယ်နိမိတ်နှင့်အကျူံးဝင်သည့် မြို့နယ်အတွင်းနေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒသဘောထားကို ဦးစွာပထမရယူရမည်ဖြစ်ပြီး ယင်းသို့ရယူသည့်အခါ ယင်းမြို့နယ်အတွင်း နေထိုင်ကြသည့်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲမရလျှင် ယင်းနယ်နိမိတ်ပြင်ဆင် သတ်မှတ်ခြင်းကို ဆောင်ရွက်ခြင်းလုံးဝမပြုရဟု ဖော်ပြထားသည်။

အိမ်ခြေ ၃၀ လူဦးရေ ၁၀၀ ဝန်းကျင်ခန့်ရှိသော ရွှေအောင်သာကျေးရွာသည် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အထွေထွေရွေး ကောက်ပွဲတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ် မဲစာရင်းတွင်ပါရှိခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်မူ မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်၏ မဲစာရင်းတွင်ထည့်သွင်းခြင်းခံခဲ့ရသည်။

#Zawgyi

မေကြးတိုင္းေဒသႀကီး ထီးလင္းၿမိဳ႕နယ္အတြင္းသို႔ ထည့္သြင္းခံထားရသည့္ မင္းတပ္ၿမိဳ႕နယ္ ေလွ႕ခ်မ္းေက်းရြာအုပ္စု ေရႊေအာင္သာေက်းရြာကို ခ်င္းျပည္နယ္သို႔ျပန္လည္သတ္မွတ္ေပးရန္ ေတာင္းဆိုသည့္ ဆႏၵေဖာ္ထုတ္မႈတခုကို ယေန႔နံနက္ပိုင္းက မင္းတပ္ၿမိဳ႕တြင္ျပဳလုပ္ခဲ့ၾကသည္။

ယင္းဆႏၵေဖာ္ထုတ္မႈကို ေရႊေအာင္သာေက်းရြာသားမ်ားအပါအ၀င္ မင္းတပ္ၿမိဳ႕ေဒသခံျပည္သူ ၃၀ ဦးတို႔က ယေန႔ နံနက္ပိုင္း ၁၀ နာရီခြဲကစတင္ၿပီး မြန္းလြဲပိုင္း ၁၂ နာရီအထိ ေတာင္းဆိုခ်က္ ပိုစတာမ်ားကိုင္ေဆာင္ကာ မင္းတပ္ၿမိဳ႕တြင္ ၿငိမ္းခ်မ္းစြာစီတန္းလွည့္လည္ဆႏၵေဖာ္ထုတ္ခဲ့ၾကျခင္းျဖစ္သည္။

ယေန႔ဆႏၵေဖာ္ထုတ္မႈကို ဦးေဆာင္သူတစ္ဦးျဖစ္သည့္ ဦးေဂကီးက “ က်ေနာ္တို႔က ၁၉၉၅ ခုႏွစ္ရြာစတည္ကတည္းက ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္မွာေနခဲ့ရတာေလ၊ ၂၀၁၇ ခုႏွစ္မွာ ေရႊေအာင္သာေက်းရြာဟာ မေကြးတိုင္း ထီးလင္းၿမိဳ႕နယ္ ထဲကိုပါသြားတယ္လို႔ မင္းတပ္ၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမွဴးကေျပာတယ္၊ အဲဒါကိုက်ေနာ္တို႔ကလက္မခံႏိုင္ဘူးေလ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ ၅၃ ကိုခ်ဴိးေဖာက္ထားတာျဖစ္တယ္၊ ဒါေၾကာင့္ဒါကိုျပန္လည္သတ္မွတ္ေပးဖို႔ေတာင္းဆိုရတာ ျဖစ္တယ္’’ ဟု ေျပာသည္။ 

ထို႔အျပင္ ယခုလက္ရွိတြင္ေရႊေအာင္သာေက်းရြာသား ၁၈ ဦးကို မေကြးတိုင္းေဒသႀကီး သစ္ေတာဦးစီးဌာနမွ ႀကိဳင္ႀကိဳးဝိုင္း က်ဴးေက်ာ္သည္ဟုဆိုကာ တရားစြဲဆိုခံထားရသည့္ကိစၥကိုလည္း အမႈျပန္လည္႐ုပ္သိမ္းေပးရန္ ယေန႔ဆႏၵေဖာ္ထုတ္မႈတြင္ ေတာင္းဆိုခဲ့ၾကသည္။ 

ေရြေအာင္သာေက်းရြာသည္ လြန္ခဲ့သည့္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔စြဲျဖင့္ အေထြေထြအုပ္ခ်ဴပ္ေရးဦးစီးဌာနမွ ထုတ္ေ၀ခဲ့ေသာ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားႏွင့္ ေနျပည္ေတာ္အတြင္းရွိ ခ႐ိုင္၊ ၿမိဳ႕နယ္၊ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု၊ ေက်းရြာမ်ားစာအုပ္အရ မေကြးတိုင္းေဒသႀကီး၊ ဂန္႔ေဂါခ႐ိုင္ ထီးလင္းၿမိဳ႕နယ္ ေအာင္းေက်းရြာအုပ္စုအတြင္းသို႔ ထည့္သြင္း ခံရသည္ဟု သိရသည္။ 

၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ ၅၃ (က)ႏွင့္ (ခ) တြင္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္တစ္နယ္၏ နယ္နိမိတ္ကို ျပင္ဆင္သတ္မွတ္ရန္ အေၾကာင္းေပၚေပါက္လာပါက ယင္းနယ္နိမိတ္ႏွင့္အက်ဴံး၀င္သည့္ ၿမိဳ႕နယ္အတြင္းေနထိုင္ၾကေသာ ဆႏၵမဲေပးပိုင္ခြင့္ရွိသူမ်ား၏ ဆႏၵသေဘာထားကို ဦးစြာပထမရယူရမည္ျဖစ္ၿပီး ယင္းသို႔ရယူသည့္အခါ ယင္းၿမိဳ႕နယ္အတြင္း ေနထိုင္ၾကသည့္ဆႏၵမဲေပးပိုင္ခြင့္ရွိသူဦးေရ စုစုေပါင္း၏ ထက္၀က္ေက်ာ္ ေထာက္ခံဆႏၵမဲမရလွ်င္ ယင္းနယ္နိမိတ္ျပင္ဆင္ သတ္မွတ္ျခင္းကို ေဆာင္ရြက္ျခင္းလံုး၀မျပဳရဟု ေဖာ္ျပထားသည္။ 

အိမ္ေျခ ၃၀ လူဦးေရ ၁၀၀ ၀န္းက်င္ခန္႔ရွိေသာ ေရႊေအာင္သာေက်းရြာသည္ ၂၀၁၀ ခုႏွစ္ႏွင့္ ၂၀၁၅ ခုႏွစ္အေထြေထြေရြး ေကာက္ပြဲတြင္ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္ မဲစာရင္းတြင္ပါရွိခဲ့ၿပီး ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္မူ မေကြးတိုင္းေဒသႀကီး ထီးလင္းၿမိဳ႕နယ္၏ မဲစာရင္းတြင္ထည့္သြင္းျခင္းခံခဲ့ရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့နယ်ထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅လအတွင်း ဒေသခံ ၁၀ ဦးသေဆုံး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရ

လေကြောင်းရန် ကာကွယ်ရေးတပ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီ ပြည်သူ့စစ် ၃ ဦးကို ဖမ်းဆီးရမိဟု CDF – Asho ဆို

ချင်းတောင်ပိုင်း ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ် ULA/AA ထည့်သွင်း

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.