Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မလေးရှားယာဉ်တိမ်းမှောက်မှု ချင်းလူမျိုး (၃) ဦးသေဆုံး

မလေးရှားယာဉ်တိမ်းမှောက်မှု ချင်းလူမျိုး (၃) ဦးသေဆုံး

0
By Editor on May 22, 2019 Khonumthung

ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံကို တရားမ၀င် ၀င်ရောက်သည့် ချင်းလူမျိုး ၁၄ ဦးတို့စီးနင်းလိုက်လာသည့် ယာဉ်တစ်စီးသည် မေလ ၁၉ ရက်နေ့က တိမ်းမှောက်၍ ၃ ဦးပွဲချင်းသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိသည်ဟု သိရသည်။

ဖြစ်စဉ်မှာ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက ထိုင်းနယ်စပ်မှ ကွာလာလမ်ပူမြို့ဘက်သို့ ထွက်ခွါလာသည့် အဆိုပါကားသည် ဘာတာဝပ်မြို့နှင့် အီပိုမြို့အကြား မိုင်တိုင်အမှတ် ၁၉၀/၅ ဟိုက်ဝေးလမ်းမပေါ်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာရံထားသော စတီးပရိတ်ပြားများကို တိုက်မိ၍ ကားထဲပါလာသည့် လူ ၄ ယောက်သည် တံတားပေါ်မှ အောက်ဘက် ကားလမ်းမကြီးသို့ လွင့်ထွက်ပြုကျပြီး ပွဲချင်းသေဆုံးခဲ့ခြင်းဖြစ်သည်ဟု မလေးရှားမှာနေထိုင်သည့် Khumi Community မှ ဦးအိုက်လွင်ကပြောသည်။

အဆိုပါကားတိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာသည့် ၇ ဦးမှာ ဒဏ်ရရာရှိပြီး တိုင်ပင်ဆေးရုံးသို့ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေကြပြီး တစ်ဦးမှာ စိုးရိမ်ရသည်ဟု သိရသည်။ ဒဏ်ရာအနည်းငယ်သာရရှိကြသည့် ၄ ဦးကိုမူ စစ်ဆေးရန်အတွက် မလေးရှားရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည်ဟု သိရသည်။

ကားပေါ်သို့ လိုက်ပါလာသည့် ချင်းလူမျိုးများသည် ချင်းပြည်နယ် ပလက်ဝ၊ မတူပီ နှင့် တီးတိန်မြို့နယ်တို့မှဖြစ်ကြပြီး သေဆုံးသည့် ၃ ဦးမှာ ပလက်ဝမြို့နယ် ဆမီးမြို့ကဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

“ ကျနော်တို့ သေဆုံးတဲ့ မိသားစုဝင်တွေ အခုအဆက်အသွယ်လုပ်နေတယ် မလေးရှာမှာပဲ သဂြိုလ်ခွင့်ပြုတယ်ဆိုရင် မလေးရှားမှာရှိတဲ့ ပလက်ဝ Khumi Community ကနေ သဂြိုလ်ပေးဖို့စီစဉ်နေတယ် ဒါပေမယ့် ခုလောလောဆယ်တော့ သူတို့မိသားစုတွေရဲ့ဆန္ဒကိုစောင့်နေပါတယ်’’ ဟု ဦးအိုက်လွင်ကပြောသည်။ ​သေဆုံးသည့်​ ၃ ဦးမှာ ​မောင်​​မောင်​သန်း (၂၇)၊ ​မောင်​ဆုမွန်​ (၂၀) နှင့်​ ​မောင်​ခတ်​လိုက်​(၃၇) တို့ဖြစ်​သည်​။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.