Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

0
By Editor on July 18, 2026 Headline

ကုန်စည်သယ်ဆောင်ခြင်းဖြင့် ဝင်ငွေရှာဖွေနိုင်ကြောင်း ZYA လမ်းဇန် ဖိတ်ခေါ်

(004SS)

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မဏိပူရမြစ်ကူး မံဆောင်းတံတားသည် မိုင်းခွဲတိုက်ခိုက်ခံရမှု ဖြစ် ပွားခဲ့ပြီးနောက် လက်ရှိတွင် လူစီးကား၊ ကုန်ကားငယ်များနှင့် ၆ ဘီးယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံများနှင့် ကုန်သည်များထံမှ သိရသည်။

အဆိုပါတံတားသည် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အောက်ခြေတိုင်များ ပျက်စီးသွားခဲ့သဖြင့် ကားကြီးများ တိုက်ရိုက်ဖြတ်သန်းရန် အခက်အခဲရှိနေသော်လည်း၊ ရပ်ရွာလူငယ်များနှင့် ဒေသခံပြည်သူများ၏ ကိုယ်ထူ ကိုယ်ထ ပြန်လည်ပြုပြင်မှုကြောင့် လက်ရှိတွင် ကားငယ်များနှင့် ၆ ဘီးကားများအထိ ဖြတ်သန်းသွားလာနိုင်ပြီး ကုန်စည် များ အဆင်ပြေချောမွေ့စွာ ပြန်လည်ကူးသန်းသယ်ယူနေကြပြီ ဖြစ်သည်။

ကုန်ကားမောင်းနှင်သူ အမျိုးသားတစ်ဦးက “အခုတံတားကတော့ ဖြတ်သန်းသွားလာနေကြပြီ။ ကားတွေလည်း တောက် လျှောက်သွားနေကြပါပြီ။ ၆ ဘီးကားအထိပဲ သွားလို့ရပါတယ်။ ကုန်ပစ္စည်းသယ်တာကတော့ လူရော၊ ကားရော သယ်ကြ တယ်။ တံတားကို ရပ်ရွာလူငယ်တွေက ပြန်ပြင်တာဆိုတော့ ZYA ဆီမှာ ငွေကြေးပေးဆောင်ရတာတော့ရှိတယ်။ လမ်းဇန် မှာ ကုန်ပစ္စည်းတွေကို ကားနဲ့တစ်ဆင့်ချင်း ပြောင်းရွှေ့သယ်ယူကြတာပါ။ ကလေးမြို့ဘက်က တက်လာတဲ့ ကားတွေဆို လမ်းဇန်မှာ ကုန်ချလိုက်တာ ပိုပြီး လွယ်ကူသက်သာတယ်” ဟု ပြောသည်။

လမ်းဇန်ရွာတွင် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြင့် ဝင်ငွေရှာဖွေချင်သည့် မည်သည့်ဒေသက ကားမဆို လာရောက် သယ်ယူ လုပ်ကိုင်နိုင်သည်ဟု ဇူလိုင် ၁၇ ရင်နေ့က ZYA-Lamzang က ထုတ်ပြန်သည်။

လမ်းဇန်ရွာသို့ရောက်ရှိလာသော ကုန်စည်များအား သယ်ယူရာတွင် ခွဲတန်းစနစ်ဖြင့် ကုန်စည်များမျှမျှတတသယ်ယူနိုင်ရန် ဆောင်ရွက်ပေးမည်ဟုလည်း ၎င်းအဖွဲ့က ဆိုသည်။

ထို့အပြင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအတွက် ကုန်ကားများထံမှ ငွေကြေးပမာဏသတ်မှတ်ချက်မရှိဘဲ မိမိတို့စေတနာရှိ သလောက် အလှူငွေကောက်ခံသွားမည်ဖြစ်ကြောင်း ZYA-Lamznag က အသိပေးထုတ်ပြန်ထားသည်။

ယခုအခါ လမ်းဇန်နှင့် လိုင်တွီး အနီးတစ်ဝိုက် ကျေးရွာများတွင် ကုန်စည်စီးဆင်းမှု စနစ်တကျရှိစေရန်နှင့် လမ်းပိတ်ဆို့မှု မဖြစ်စေရန်အတွက် နံနက် ၉ နာရီ၊ မွန်းတည့် ၁၂ နာရီနှင့် ညနေ ၃ နာရီဟူ၍ ကားငယ်များ သွားလာရမည့် အချိန်ဇယား များကို ZYA -Lamzang က ထုတ်ပြန်ထားသည်။

အခြားတစ်ဘက်တွင် အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မှ တီးတိန်မြို့ဘက်သွားရာလမ်းသည် ယခုတွင် လမ်းပန်းဆက်သွယ်ရေး ပြန်လည်ပွင့်လည်လာသော်လည်း လမ်းခရီးတလျှောက် ဂိတ်ကြေးနှင့် အခွန်အခ ကောက်ခံမှုများ ပြားလွန်းသဖြင့် ကုန်ကျစရိတ် အဆမတန်ကြီးမြင့်နေကြောင်း သိရသည်။

ကုန်စည်ပို့ဆောင်သည့် ကားဆရာတစ်ဦးက “အခုကတော့ နယ်စပ်ဘက်သွားတာ လမ်းခရီးကတော့ အဆင်ပြေပြေသွား လို့ရပါပြီ။ ဒါပေမဲ့ လမ်းမှာ ကုန်ကျတာများလို့ တော်တော်ခက်တယ်၊ တီအိုချောင်းကနေ မံဆောင်းတံတားထိတောင် တစ်ခေါက်သွားရင် ဂိတ်ကြေးနဲ့တင် ၁၀ သိန်းလောက်ကုန်တယ်။ ကျွန်တော်က အဲဒီဘက်ပဲ သွားသေးတာမို့၊ တီးတိန် ဘက်ခြမ်းတော့ မပြောတတ်ဘူး” ဟု ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် စားနပ်ရိက္ခာသယ်ယူရေးအတွက် အဓိကကျသော မဏိပူရမြစ်ကူး မံဆောင်း တံတားဟောင်းသည် လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့က စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ ကုန်ပစ္စည်းသယ်ယူရာတွင် အခက်အခဲများစွာရှိခဲ့ပြီး မြစ်ကမ်း တစ်ဖက်တစ်ချက်တွင် ကားချိန်းကာ လူအင်အား၊ တွန်းလှည်းအင်အားဖြင့်သာ ခက်ခက်ခဲခဲ သယ်ယူခဲ့ကြရသည်။

သို့သော် လက်ရှိအသုံးပြုနေသည့် တံတားမှာမူ NLD အစိုးရလက်ထက်က ကျပ်သိန်းပေါင်း ၅ သောင်း ဘတ်ဂျက်ဖြင့် ဆောက်လက်စ တံတားသစ်စီမံကိန်းဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် ဖောင်ဒေးရှင်းနှင့် တိုင်၊ တန်းအဆင့်တွင်တင် လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ဒေသခံပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ရပ်နားထားသည့် တံတားသစ် ဖောင်ဒေးရှင်းတိုင်များနှင့် သံဘောင်များပေါ်တွင် လူနှင့် ဆိုင်ကယ်များ ဖြတ်သန်းနိုင်မည့် ယာယီတံတားတစ်စင်းကို ကိုယ်ထူကိုယ်ထ ဆောက် လုပ်ခဲ့ရာမှ ယခုအခါ ကားငယ်များနှင့် ၆ ဘီးကားများပါ ဖြတ်သန်းနိုင်သည့်အထိ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

Crd – Cin Tuang/ ZYA Lamzang

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.