Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မျိုးနွယ်စုနှင့် ဒေသအရေးကိစ္စများမှာ ဝင်ရောက်ပတ်သက်မည် မဟုတ်ဟု CDF – ပလက်ဝကြေညာ

မျိုးနွယ်စုနှင့် ဒေသအရေးကိစ္စများမှာ ဝင်ရောက်ပတ်သက်မည် မဟုတ်ဟု CDF – ပလက်ဝကြေညာ

0
By Editor on July 7, 2025 Khonumthung

(006SV)

ချင်းလူမျိုးအချင်းချင်းကြား ဘုံရန်သူကို တိုက်ထုတ်နေသော တော်လှန်ရေးကာလအတွင်း လူမျိုးနွယ်စုနှင့် ဒေသကိစ္စရေးများတွင် ဝင်ရောက်စွက်ဖက်မှုကို အားမပေးဘဲ ယင်းသို့လုပ်ဆောင်သော ချင်းအဖွဲ့အစည်းကို အားပေးထောက်ခံမည်မဟုတ်ကြောင်း ပလက်ဝကောင်စီနှင့် CDF – ပလက်ဝက ကြေညာသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် အာဏာရှင်စနစ်အဖွဲ့ဟူသမျှကိုသာ တိုက်ထုတ်သွားမည်ဖြစ်ပြီး ချင်းလူမျိုးအချင်းချင်းကြား ဘုံရန်သူကို တိုက်ထုတ်နေသော တော်လှန်ရေး ကာလအတွင်း လူမျိုးနွယ်စု၊ ဒေသကိစ္စရေးများတွင် လုံးဝဝင်ရောက်၊ စွက်ဖက် ပူးပေါင်းပါဝင်မှုကို အားမပေးကြောင်း CDF – ပလက်ဝက ယနေ့ ဇူလိုင်လ ၇ ရက်မှာ ထုတ်ပြန်သည်။

အချင်းချင်းပဋိပက္ခဖြစ်စေသော မည်သည့်ချင်းတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းကိုမျှ အားပေးထောက်ခံမည်မဟုတ်ကြောင်း အသိပေးသည်။

ချင်းပြည်လွတ်မြောက်ရေး၊ အမျိုးသား တည်ဆောက်ရေးလမ်းစဉ်နှင့် အာဏာရှင်စနစ်ဟူသမျှ တိုက်ဖျက်ရေးတို့တွင် ရည်မှန်းချက်တူ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်လက်ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဟု CDF- ပလက်ဝက ဆိုသည်။

လက်ရှိ ချင်းပြည်အတွင်းဖြစ်ပွားနေသော လူမျိုးချင်းတူညီ အစ်ကိုကြား သွေးထွက်သံယိုမှုကိစ္စသည် ချင်းလူမျိုးများ၏ သွေးစည်းညီညွတ်ရေးလမ်းစဉ်ကို လွန်စွာထိခိုက်စေသည်ဟု ပလက်ဝကောင်စီက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ CDF – ပလက်ဝထံ ဆက်သွယ်မေးမြန်းသော်လည်း မရသေးပါ။

ဇူလိုင်လ ပထမပတ်အတွင်း ချင်းလဲန်းကောင်စီအဖွဲ့ဝင် HPO / CDF – Hualngoram နှင့် ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုုး သားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) တို့က လူမျိုးနွယ်စုနှင့် ဒေသအရေးကိစ္စအခြေခံသော စစ်ရေးပဋိပက္ခကြောင့် အရှိန်မြင့်လာချိန်တွင် CDF – ပလက်ဝ၏ ယခု ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မရာဒေသတွင်လည်း ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF – မရာနှင့် ချင်းညီနောင်အဖွဲ့ဝင် MDF တို့ကြားတွင် စစ်ရေးတင်းမာမှုများ ဖြစ်လာနေသည်ဟု CDF – မရာက ဇူလိုင်လ ၅ ရက်မှာ ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.