(005MK)
မြန်မာနိုင်ငံကနေ တရားမ၀င်သယ်ဆောင်လာသော ရှားပါးမျောက်၀ံမျိုးစိတ် (orangutan) တစ်ကောင်ကို မီဇိုရမ်ပြည်နယ် အခွန်ဦးစီးဌာနတာ၀န်ရှိသူများက အောက်တိုဘာလ ၁၁ ရက်နေ့ကဖမ်းဆီးရမိခဲ့သည်။
အိန္ဒိယ-မြန်မာနယ်စပ်ကတဆင့် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့သို့ ကားတစ်စီးဖြင့် တင်ဆောင်လာစဉ် Seling ရွာအ၀င်နီးမှာ တာ၀န်ရှိသူများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယခုဖမ်းဆီးရမိသည့် မျောက်၀ံမျိုးစိတ်သည် ကမ္ဘာပေါ်တွင် မျိုးသုဉ်းပြောက်ကွယ်လုနီးပါးဖြစ်နေသော ရှားပါးတိရိစ္ဆာန်မျိုးစိတ်ဖြစ်ပြီး မလေးရှာနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်သာ တွေ့ရှိနိုင်သည်ဟုသိရသည်။
တရားမ၀င် သယ်ဆောင်လာသော ယာဉ်မောင်းနှင့် ယာဉ်ကိုလည်း အခွန်ဦးစီးဌာနက ထိန်းသိမ်းကာ အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။
ရှားပါးမျောက်၀ံမျိုးစိတ် (orangutan) ကိုတော့ မီဇိုရမ်ပြည်နယ် Enviroment, Forest& Climate Change ဌာနတွင် လွဲပြောင်းအပ်နှံခဲ့ကြသည်ဟုသိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသော မီဇိုရမ်ပြည်နယ်တွင် ယခင်ကလည်း ယခုကဲ့သို့ တရားမ၀င်သယ်ဆောင်လာသော ရှားပါးမျိုးစိတ်တိရိစ္ဆာန်များကို မကြာခဏ ဖမ်းဆီးရမိလေ့ရှိသည်။