Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာစစ်ဘေးရှောင်များ အကူညီရရှိမှု နည်းပါးလာသောကြောင့် ပိုမိုခက်ခဲလာ

မြန်မာစစ်ဘေးရှောင်များ အကူညီရရှိမှု နည်းပါးလာသောကြောင့် ပိုမိုခက်ခဲလာ

0
By Editor on March 19, 2023 Headline

မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးခိုလုံလာကြသော မြန်မာနိုင်ငံကစစ်ဘေးရှောင်ပြည်သူများသည် အကူညီရရှိမှု နည်းသထက်နည်းပါးလာနေသောကြောင့် စားဝတ်နေရေးအတွက် ပိုမိုအခက်ကြုံလာနေကြရသည်ဟု မီဇိုရမ်ပြည်နယ်အခြေစိုက် ZORO အဖွဲ့က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ရေးပဋိပက္ခအခြေအနေကြောင့် မြန်မာနိုင်ငံက အထူးသဖြင့် ချင်းမျိုးနွယ်စုများသည် မီဇိုရမ်ပြည်နယ်တွင် လာရောက်ထွက်ပြေးခိုလုံကြသည်မှာ ၂ နှစ်နီးပါးခန့်ရှိလာပြီဖြစ်ကာ အချိန်ကြာမြင့်လာသည်နှင့်အမျှ အကူညီထောက်ပံ့ရရှိမှုသည်လည်း နည်းသထက်နည်းပါးလာသည့်အတွက် နေ့စဉ်စားဝတ်နေ ရေးမှာ ပိုမိုခက်ခဲလာနေသည်ဟု မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Aizawl Press Club တွင် ယနေ့ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Zo Reunification Organization (ZORO) က ပြေဆိုလိုက်ခြင်းဖြစ်သည်။

“သူတို့ (စစ်ဘေးရှောင်) ရဲ့အခြေအနေက တော်တော်ဆိုးပါတယ်၊ အလုပ်အကိုင်လည်းမရှိကြဘူး၊ အရင်တုန်းကလို ကူညီထောက်ပံ့မှုတွေက သူတို့မရရှိကြတော့ဘူး၊ ပြည်သူလူထု၊ YMA နဲ့ အစိုးရတွေထံကနေ ထောက်ပံ့မှုတွေကလည်း မရှိသလောက်ဖြစ်သွားတယ်၊ တချိန်တည်းမှာပဲ သူတို့ရဲ့နေ့စဉ်လိုအပ်ချက်တွေက ပြောင်းလဲမသွားဘူး ပိုလို့တောင်တိုးလာနေတယ်” ဟု ZORO Refugee Committee အဖွဲ့မှ အတွင်းရေးမှူး Dr. Lalrinawmi Ralte က ပြောသည်။

ယခုလက်ရှိအနေအထားတွင် စစ်ဘေးရှောင်စခန်း၌ နေထိုင်ကြသော စစ်ဘေးရှောင်များသည် နေ့စဉ်စားဝတ်နေရေး ကူညီထောက်ပံ့ရန် အထူးလိုအပ်နေကြသည်ဟု ZORO က ဆိုသည်။

ပြီးခဲ့သည့်မတ်လ ၁၄ ရက်နေ့ကလည်း Nghalchawm စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်နေပြီဟု ကြားသိရသည့်အတွက် ZORO အဖွဲ့က ဆန်အိတ် ၂၀ ၊ ပဲ ၂ အိတ်၊ အသားတု ၃ အိတ်၊ ဆီနှင့် အဝတ်အထည်များကို အရေးပေါ် သွားရောက်ကူညီခဲ့ကြသည်ဟု ဆိုသည်။

စစ်ဘေးရှောင်စခန်းများသည် ဝါး၊ မိုးကာများဖြင့်သာဆောက်လုပ်ထားကြသည့်အတွက် မိုးတွင်းကာလတွင် လုံခြုံမှုရှိမည်မဟုတ်သည့်အတွက် နည်းလမ်းများရှာဖွေပေးရန်လည်းအထူးလိုအပ်သည်ဟုဆိုပါသည်။

ထို့အပြင် ဆေးဝါး၊ ကျောင်းနေရွယ်ကလေးငယ်များအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာများအပြင် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများအတွက် အလုပ်ကိုင်အခွင့်အလမ်းများ ရှာဖွေဖန်တီးပေးရန်လည်း လိုအပ်သည်ဟု ZORO အဖွဲ့ကပြောသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုနည်းပါးလာနေသောကြောင့် ZORO အဖွဲ့အနေဖြင့် စစ်ဘေးရှောင်ကူညီရေးလုပ်ငန်းများကို တတ်နိုင်ငံသည့်ဘက်မှ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဆိုပါသည်။

ZORO အဖွဲ့အစည်းသည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် ၃ နိုင်ငံတွင်နေထိုင်ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် တစည်းတလုံးတည်း ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရန်အတွက် လှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ သြဇာရှိသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်ရှိသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသော်လည်း ချင်းအရပ်ဖက်အဖွဲ့အစည်းများကမူ ၅ သောင်းခန့်ရှိကြသည်ဟု ခန့်မှန်းထားကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.