Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာစစ်ဘေးရှောင်များအရေး အတတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်မည်ဟု မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်သစ်ဖြစ်လာမည့် ပူးလာလ်ဒိုအောမ်မာကပြော

မြန်မာစစ်ဘေးရှောင်များအရေး အတတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်မည်ဟု မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်သစ်ဖြစ်လာမည့် ပူးလာလ်ဒိုအောမ်မာကပြော

0
By Editor on December 6, 2023 Headline

(005MK)

မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအရေးကို အတတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်သွားရန် အိန္ဒိယဗဟိုအစိုးရနှင့် မကြာခင်မှာ တွေ့ဆုံဆွေးနွေးသွားမည်ဟု မီဇိုရမ်ပြည်နယ်မှာ ၀န်ကြီးချုပ်အသစ်ဖြစ်လာမည့် ပူးလာလ်ဒိုအောမ်မာက ပြောသည်။

မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး မကြာခင်ရက်ပိုင်းအတွင်း အစိုးရအသစ်ဖွဲ့စည်းတော့မည့် Zoram People’s Movement (ZPM) ပါတီခေါင်းဆောင်လည်းဖြစ် ၀န်ကြီးချုပ်သစ်ဖြစ်လာမည့် ပူးလာလ်ဒိုအောမ်မာသည် အစိုးရသစ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ယနေ့တွင် မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) ကို တွေ့ဆုံပြီးနောက် သတင်းထောက်များထံ ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အိန္ဒိယ ပြည်ထဲရေး၀န်ကြီး၊ နိုင်ငံခြားရေးရာ၀န်ကြီးတို့နှင့်လည်း ဖုန်းဖြင့် စကားပြောဆိုရာမှာ မြန်မာစစ်ဘေးရှောင်အရေး၊ အိန္ဒိယ၏ မြန်မာအပေါ်ထားရှိသော ပေါ်လစီ စသည့်အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြသည့်အပြင် နယူးဒေလီမြို့သို့သွားရောက်ပြီး လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကာ မြန်မာစစ်ဘေးရှောင်များအတွက် အတတ်နိုင်ဆုံးဆက်လက်ဆောင်ရွက်သွားမည်ဟု ပူးလာလ်ဒိုအောမ်မာက ပြောသည်။

မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် နို၀င်ဘာလ ၇ ရက်နေ့က ၉ ကြိမ်မြောက် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲကို ကျင်းပခဲ့ကြပြီး အတိုက်ခံပါတီဖြစ်သည့် Zoram People’s Movement (ZPM) က မဲဆန္ဒနယ်မြေ ၄၀ တွင် ၂၇ နေရာမှာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပါတီသက်တမ်း ၆ နှစ်သာရှိသေးသည့် Zoram People’s Movement (ZPM) ပါတီသည် ပထမဦးဆုံးအကြိမ် အစိုးရ ဖွဲ့စည်းခွင့်ရရှိမှာြဖစ်သည်။

လာမည့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပူးလာလ်ဒိုအောမ်မာဦးဆောင်မည့် မီဇိုရမ်ပြည်နယ် အစိုးရသစ်ကို တရား၀င် လက်ခံအတည်ပြုမည်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) အိမ်ယာ Raj Bahwan တွင် ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနား ကျင်းပမည်ဖြစ်သည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် သုံးသောင်းကျော် ခိုလုံလျှက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.