Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက် စာရင်းပေးသွင်းနိုင်ရေးအစီစဉ်များ အိုင်ဇောလ်မြို့ D.C က အသိပေးထုတ်ပြန်

မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက် စာရင်းပေးသွင်းနိုင်ရေးအစီစဉ်များ အိုင်ဇောလ်မြို့ D.C က အသိပေးထုတ်ပြန်

0
By Editor on September 1, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့နယ်အတွင်း နေထိုင်ကြသော မြန်မာနိုင်ငံကစစ်ဘေးရှောင်များအနေဖြင့် ဇီဝအချက်အလက်စာရင်းပေးသွင်းနိုင်မည့်အစီစဉ်များကို အိုင်ဇောလ်မြို့ Deputy Commissioner (D.C) ရုံးကထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ်အစိုးရသည် မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူရေးကို ခရိုင် ၁၁ ခုမှာ ဇူလိုင်လ ကုန်ပိုင်းကစတင်ဆောင်ရွက်လျှက်ရှိပြီး ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့ပေါ် နှင့် အနီးပတ်ဝန်းကျင်တွင်နေထိုင်ကြ သော စစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူနိုင်ရေးအစီစဉ်ကို ထုတ်ပြန်လာခြင်းဖြစ်သည်။

အိုင်ဇောလ်မြို့ Deputy Commissioner (D.C) ရုံးတွင် စက်တင်ဘာလ ၈ ရက်မှ အောက်တိုဘာလ ၂ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ညနေပိုင်း ၄ နာရီခွဲအထိ ဇီဝအချက်အလက် ကောက်ယူရေးအစီစဉ်ကို ဆောင်ရွက်သွားကြမှာ ဖြစ်သည်ဟုသိရသည်။

ယင်းသတ်မှတ်အချိန်ကာလတွင် မြန်မာစစ်ဘေးရှောင်များသည် မိမိနေထိုင်ရာ ရပ်ကွက်ကောင်စီ/ YMA တို့၏ ထောက်ခံချက်များနှင့်အတူ ယာယီသက်သေခံကတ်ပြား/မြန်မာမှတ်ပုံတင်/ ကျောင်းသားကတ်/မွေးစာရင်း စသဖြင့် ယူဆောင်၍ ဇီဝအချက်အလက်များကို သွားရောက်ပေးအပ်နိုင်သည်ဟု ဆိုသည်။

ဇီဝအချက်အလက်စာရင်းသွင်းမည့်သူများသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း မီဇိုရမ်ပြည်နယ်သို့ထွက်ပြေးတိမ်းရှောင် လာသူများဖြစ်ရမည်ဟုဖော်ပြထားသည်။

ယနေ့စက်တင်ဘာလ ၁ ရက်နေ့တွင် အိုင်ဇောလ်မြို့အနီး Rangvamual နှင့် Phunchawng ကျေးရွာတို့မှာ ဇီဝအချက်အလက်ကောက်ယူရေးကိုစတင်ဆောင်ရွက်ခဲ့ကြသည်။

စက်တင်ဘာလ ၄ ရက်မှ ၆ ရက်နေ့အထိ Thuampui,Muana veng, Zuangtui, Zemabawk,Falkland ရပ်ကွက်တွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များကို Thuampui YMA ခန်းမတွင် ဇီဝအချက်အလက်ကောက်ယူမှုကိုဆောင်ရွက်မည်ဟု သိရသည်။

အခြားသော အိုင်ဇောလ်မြို့ပေါ် နဲ့အနီးနားကျေးရွာများတွင် နေထိုင်သည့် မြန်မာစစ်ဘေးရှောင်များအနေဖြင့် အောက်ပါ ရပ်ကွက်အလိုက် သတ်မှတ်ထားသည့်နေ့ရက်တွင် အိုင်ဇောလ်မြို့ Deputy Commissioner (D.C) ရုံးတွင် သွားရောက် ဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားသည်။

Deputy Commissioner (D.C) ရုံးခန်းမမှာ ဆောင်ရွက်ရမည့် ရပ်ကွက်နှင့် ကျေးရွာများမှာ……

(၁) စက်တင်ဘာ ၈ ရက်မှာ Selesih,Durtlang N, Durtlang, Durtlang Leitan, Leitan Ramthar

(၂) စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ – Chaltlang Lily veng, Chaltlang, Laipuitlang, Bawngkawn, Bawngkawn South, Bawngkawn west

(၃) စက်တင်ဘာ ၁၂ မှ ၁၅ ရက်အထိ – Ramhlun North, Ramhlun Venglai, Ramhlun Vengthar, Ramhlun Sport Complex, Ramhlun South, Ramthar North, Ramthar

(၄) စက်တင်ဘာ ၁၆ မှ ၁၈ ရက်အထိ – Aizawl Venglai, Electric veng, Chanmari, Zarkawt, Chanmari west, Dawrpui

(၅) စက်တင်ဘာ ၁၉ မှ ၂၂ ရက်အထိ – Saron veng, Chhina veng, Tuithiang, Armed veng, Armed veng south, Chite

(၆) စက်တင်ဘာ ၂၃ ရက်နေ့တွင် – Khatla, Khatla south, Khatla east, Nursery, Bungkawn, Lawipu, Bungkawn vengthar, Maubawk

(၇) စက်တင်ဘာ ၂၄ မှ ၂၆ ရက်နေ့အထိ – Tuikual North, Tuikual South, Dinthar, Dawrpui vengthar, Vaivakawn, Hunthar, Edenthar

(၈) စက်တင်ဘာ ၂၉ မှ ၃၀ ရက်နေ့အထိ – Kanaan, Chawnpui, Zotlang, Zonuam, Ainawn, Luangmual, Chawlhhmun, Tanhril, Sakawrtuichhun, Tuivamit

(၉) အောက်တိုဘာ ၁ ရက်နေ့တွင် – Bethlehem, Bethlehem vengthlang, Venghlui, Upper Republic, Republic, Republic vengthlang, College veng, ITI, Salem veng

(၁၀) အောက်တိုဘာ ၂ ရက်နေ့တွင် – Dam veng, Veng hnuai, Tuikhuahtlang, Mission veng, Mission vengthlang, Model veng, Thakthing, Kulikawn, Tlangnuam, Tlangnuam vengthar, Saikhamakawn, Melthum, Hlimen, Kulikawn west တို့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.