Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာစစ်ဘေးရှောင်အရေး အိန္ဒိယအစိုးရ ထင်သလောက် မကြိုဆိုဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြော

မြန်မာစစ်ဘေးရှောင်အရေး အိန္ဒိယအစိုးရ ထင်သလောက် မကြိုဆိုဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြော

0
By Editor on March 23, 2021 Headline
#Unicode
ရစ်ချက် – မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းယူလိုက်သည့်နောက်ပိုင်း အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံလာသော မြန်မာ စစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရက ထင်သလောက်မကြိုဆိုကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောသည်။
အဆိုပါကိစ္စကို မီဇိုရမ်ပြည်နယ်တွင် ကျင်းပသည့် Assembly Budget Session နောက်ဆုံးရက်နေ့တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ယခုလို ပြောဆိုခဲ့ကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။
လက်ရှိမြန်မာနိုင်ငံရေးအခြေအနေသည် တဖြေးဖြေးဆိုးရွားလာသောကြောင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာ ကြသော မြန်မာစစ်ဘေးရှောင်များ၏ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်သင့် ကြောင်း နှင့် Union Home Minister ထံတွင်လည်း မီဇိုရမ်ပြည်နယ်ကို မြန်မာစစ်ဘေးရှောင်များ ထွက်ပြေးခိုလှုံသည့် အခြေအနေအရပ်ရပ်တို့ကို တင်ပြဆွေးနွေးထားပြီးဖြစ်သော်လည်း အိန္ဒိယအစိုးရက နယ်စပ်ကိုမဖြတ်ကျော်အောင် ဟန့်တားပြီး ပြန်လည်ပို့ဆောင်ရန် အိန္ဒိယ-မြန်မာနယ်စပ် ပြည်နယ်လေးခုထံ Ministry of Home Affairs က အမိန့် ပေးလာခဲ့သည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောသည်။
Ministry of Home Affairs က ယခုလို အမိန့်ပေးဆောင်ရွက်လာသော်လည်း ယခုလက်ရှိအခြေအနေအထိ ပြည်နယ်လေးခုကလည်း မြန်မာစစ်ဘေးရှောင်များကို ပြန်လည်ပို့ဆောင်ခြင်းမရှိသေးသလို မီဇိုရမ်အစိုးရကလည်း ဆောင်ရွက်ခြင်းမရှိသေးကြောင်း ပူးဇိုးရမ်းထန်းငါက လွတ်တော်အစည်းအဝေးတွင် ပြောသည်။
“နိုင်ငံရေးကြောင့် ထွက်ပြေးခိုလှုံလာတဲ့ မြန်မာစစ်ဘေးရှောင်တွေအပေါ် ထင်သလောက် အိန္ဒိယအစိုးရက မကြိုဆိုဘူး။ ဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ ဒီထက်ကြိုဆိုလာအောင် တာဝန်ရှိအစိုးရအကြီးအကဲ တို့ထံ တင်ပြသွားမယ်။”ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောသည်။
အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ၏ လုပ်ရပ်အ​ပေါ် ကန့်ကွက်ရှုံ့ချသည့်အနေဖြင့် မတ်လ ၂၃ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ရှိ Zo Re-Unification Organisation (ZoRo) အဖွဲ့ ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြမှု (sit-in-protest) ပြုလုပ်သွားမည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ယနေ့ချိန်ထိတစ်နိုင်ငံလုံးတွင် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှု ဖြစ်ပွား လျက်ရှိပြီး ရဲတပ်ဖွဲ့အပါအဝင် အစိုးရဝန်ထမ်းများကလည်း စစ်အာဏာရှင်စနစ်အောက်တွင် အလုပ်မလုပ်လို့တော့ သည့်အတွက် Civil Disobedience Movement-CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာကာ လုံခြုံရေးအခြေအနေ ကြောင့် အိမ်နီးချင်း မီဇိုရမ်ပြည်နယ်တွင် အယောက် ၄၀၀ ကျော် ထွက်ပြေးခိုလှုံနေကြရသည်။
#Zawgyi
ရစ္ခ်က္ – ျမန္မာႏိုင္ငံတြင္ စစ္တပ္မွအာဏာသိမ္းယူလိုက္သည့္ေနာက္ပိုင္း အိႏိၵယႏိုင္ငံကို ထြက္ေျပးခိုလံႈလာေသာ ျမန္မာ စစ္ေဘးေရွာင္အေရးနဲ႕ပတ္သက္ၿပီး အိႏိၵယအစိုးရက ထင္သေလာက္မႀကဳိဆိုေၾကာင္း မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ပူးဇိုးရမ္းထန္းငါက ေျပာသည္။
အဆိုပါကိစၥကို မီဇိုရမ္ျပည္နယ္တြင္ က်င္းပသည့္ Assembly Budget Session ေနာက္ဆံုးရက္ေန႕တြင္ မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ပူးဇိုးရမ္းထန္းငါက ယခုလို ေျပာဆိုခဲ့ေၾကာင္း ေဒသထုတ္သတင္းစာ The Aizawl Post တြင္ ေဖာ္ျပသည္။
လက္ရွိျမန္မာႏိုင္ငံေရးအေျခအေနသည္ တေျဖးေျဖးဆိုးရြားလာေသာေၾကာင့္ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလံႈလာ ၾကေသာ ျမန္မာစစ္ေဘးေရွာင္မ်ား၏ ေနရာထိုင္ခင္း၊ စားနပ္ရိကၡာမ်ား ကူညီေထာက္ပံ့ေပးျခင္း ေဆာင္ရြက္သင့္ ေၾကာင္း ႏွင့္ Union Home Minister ထံတြင္လည္း မီဇိုရမ္ျပည္နယ္ကို ျမန္မာစစ္ေဘးေရွာင္မ်ား ထြက္ေျပးခိုလံႈသည့္ အေျခအေနအရပ္ရပ္တို႕ကို တင္ျပေဆြးေႏြးထားၿပီးျဖစ္ေသာ္လည္း အိႏိၵယအစိုးရက နယ္စပ္ကိုမျဖတ္ေက်ာ္ေအာင္ ဟန္႕တားၿပီး ျပန္လည္ပို႕ေဆာင္ရန္ အိႏိၵယ-ျမန္မာနယ္စပ္ ျပည္နယ္ေလးခုထံ Ministry of Home Affairs က အမိန္႕ ေပးလာခဲ့သည္ဟု မီဇိုရမ္ဝန္ႀကီးခ်ဳပ္ကေျပာသည္။
Ministry of Home Affairs က ယခုလို အမိန္႕ေပးေဆာင္ရြက္လာေသာ္လည္း ယခုလက္ရွိအေျခအေနအထိ ျပည္နယ္ေလးခုကလည္း ျမန္မာစစ္ေဘးေရွာင္မ်ားကို ျပန္လည္ပို႕ေဆာင္ျခင္းမရွိေသးသလို မီဇိုရမ္အစိုးရကလည္း ေဆာင္ရြက္ျခင္းမရွိေသးေၾကာင္း ပူးဇိုးရမ္းထန္းငါက လြတ္ေတာ္အစည္းအေဝးတြင္ ေျပာသည္။
“ႏိုင္ငံေရးေၾကာင့္ ထြက္ေျပးခိုလံႈလာတဲ့ ျမန္မာစစ္ေဘးေရွာင္ေတြအေပၚ ထင္သေလာက္ အိႏိၵယအစိုးရက မႀကဳိဆိုဘူး။ ဒါေၾကာင့္ အိႏိၵယအစိုးရအေနနဲ႕ ဒီထက္ႀကဳိဆိုလာေအာင္ တာဝန္ရွိအစိုးရအႀကီးအကဲ တို႕ထံ တင္ျပသြားမယ္။”ဟု မီဇိုရမ္ဝန္ႀကီးခ်ဳပ္ကေျပာသည္။
အိႏိၵယႏိုင္ငံ ဗဟိုအစိုးရ၏ လုပ္ရပ္အ​ေပၚ ကန္႕ကြက္ရံႈ႕ခ်သည့္အေနျဖင့္ မတ္လ ၂၃ ရက္ေန႕တြင္ မီဇိုရမ္ျပည္နယ္ရွိ Zo Re-Unification Organisation (ZoRo) အဖြဲ႕ ဦးေဆာင္ၿပီး ကန္႕ကြက္ဆႏၵျပမႈ (sit-in-protest) ျပဳလုပ္သြားမည္ဟုလည္း သိရသည္။
ျမန္မာႏိုင္ငံတြင္ စစ္အာဏာသိမ္းမႈျဖစ္ပြားၿပီးေနာက္ ယေန႕ခ်ိန္ထိတစ္ႏိုင္ငံလံုးတြင္ ဆန္႕က်င္ဆႏၵေဖာ္ထုတ္မႈ ျဖစ္ပြား လ်က္ရွိၿပီး ရဲတပ္ဖြဲ႕အပါအဝင္ အစိုးရဝန္ထမ္းမ်ားကလည္း စစ္အာဏာရွင္စနစ္ေအာက္တြင္ အလုပ္မလုပ္လို႕ေတာ့ သည့္အတြက္ Civil Disobedience Movement-CDM လႈပ္ရွားမႈတြင္ ပူးေပါင္းပါဝင္လာကာ လံုၿခံဳေရးအေျခအေန ေၾကာင့္ အိမ္နီးခ်င္း မီဇိုရမ္ျပည္နယ္တြင္ အေယာက္ ၄၀၀ ေက်ာ္ ထြက္ေျပးခိုလႈံေနၾကရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.