Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာစစ်ဘေးရှောင် ၂၀၀၀ နီးပါး၏ ဇီဝအချက်အလက်များကောက်ယူပြီးစီး

မြန်မာစစ်ဘေးရှောင် ၂၀၀၀ နီးပါး၏ ဇီဝအချက်အလက်များကောက်ယူပြီးစီး

0
By Editor on August 11, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် ခရိုင် ၁၁ ခုမှာ မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်များ ကောက်ယူလျှက်ရှိရာမှာ ယခုလက်ရှိတွင် စစ်ဘေးရှောင် ၁၉၄၇ ယောက် ၏ အချက်အလက်များကို ကောက်ယူပြီးစီးပြီဟု သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏စာရင်းအရ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ရှောင် ၃၂၀၀၀ ကျော် နှင့် ဘဂ်လားဒေရှ့်စစ် ရှောင် ၃၀၀၀ နီးပါးတို့၏ ဇီဝအချက် အလက်များကို ဇူလိုင်လကုန်ပိုင်းကစတင်ကောက်ယူခဲ့ကြသည်ဟု All India Radio News ကဖော်ပြသည်။

ဇီဝအချက်အလက်ကောက်ယူမှုကို ခရိုင် ၁၁ ခုမှာ ဇူလိုင်လကုန်းပိုင်းက တပြိုင်တည်းစတင်ခဲ့ကြပြီး အွန်လိုင်းကတဆင့် ကောက်ယူကြသည့်အတွက် အင်တာနက်လိုင်းမကောင်းခြင်း နှင့် စက်ကိရိယာချို့ယွင်းမှုတို့ကြောင့် လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သိရသည်။

မြန်မာစစ်ဘေးရှောင်အများဆုံးနေထိုင်သော ကျန်ဖိုင်းခရိုင်ထဲတွင် ဇီဝအချက် အလက်ကောက်ယူရာမှာ အသုံးပြုသော စက်ကိရိယာချို့ယွင်းမှုကြောင့်လူဦးရေ ၁၀ ဂဏန်းဝန်းကျင်သာကောက်ယူနိုင်သေးပြီး အိုင်ဇောလ်မြို့ဘက်မှ စက်ကိရိယာအသစ်များမှာယူပြီးနောက် ယခုဩဂုတ်လ ဒုတိယပတ်တွင် ကောင်းမွန်စွာပြန်လည်စတင်နိုင်မည်ဟု All India Radio News ကဖော်ပြသည်။

ဇီဝအချက်အလက်ကောက်ယူရာမှာ အသက် ၂ နှစ်အထက်ရှိသူအားလုံးကို ကောက်ယူခြင်းဖြစ်ပြီး နာမည်၊ မိဘအမည်၊ အလုပ်အကိုင်၊ မြန်မာမှတ်ပုံတင်နံဘတ်၊ လက်ဗွေ၊ မျက်ကြည်လွှာ၊ ခန္ဓာကိုယ်အမှတ်အသား နှင့် ဓာတ်ပုံများရိုက်ယူ၍ ကောက်ယူခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာစစ်ဘေးရှောင်များသည် မီဇိုရမ်ပြည်နယ်ထဲက Serchhip, Lunglei, Champhai, Saitual, Khawzawl, Aizawl, Lawngtlai, Mamit, Siaha, Kolasib နှင့် Hnahthial စသည့် ခရိုင် ၁၁ ခုက စစ်ရှောင်စခန်းများနှင့် အိမ်ငှါးများဖြင့် နေထိုင်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.