Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာစစ်ဘေးရှောင် ၉၉ ရာခိုင်နှုန်းကျော် ID ကဒ်ထုတ်ပေးပြီဟုဆို

မြန်မာစစ်ဘေးရှောင် ၉၉ ရာခိုင်နှုန်းကျော် ID ကဒ်ထုတ်ပေးပြီဟုဆို

0
By Editor on June 16, 2022 Headline

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ခိုလုံနေကြသော မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူ ၉၉ ရာခိုင်နှုန်းကျော်ထံ ဒုက္ခသည်အသိမှတ်ပြုကဒ် (ID) ထုတ်ပေးထားပြီဟု သိရသည်။

မီဇိုရမ်ပြည်ထဲရေးဝန်ကြီး ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသော High-Level Committee on Myanmar refugee’s အဖွဲ့၏ ယခုနှစ်ဇွန်လ ၄ ရက်နေ့အထိ စာရင်းမှတ်တမ်းအရ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၂၉၉၆၄ ဦးရှိသည့်အနက် ၂၉၇၅၁ ဦးထံ အဆိုပါ ID ကဒ်ပြားများကိုထုတ်ပေးထားပြီဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် ၉၉.၂၈ ရှိသည်ဟု The Aizawl Post သတင်းတွင်ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့စစ်တပ်က မတရားအာဏသိမ်းယူပြီးနောက် နိုင်ငံတဝန်း စစ်အာဏာရှင်စနစ်ဆန့်ကျင်မှု ပေါ်ပေါက်ခဲ့ပြီး စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုးခွင်းကာ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက်လုပ်ဆောင်လာခဲ့သောကြောင့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်က ပြည်သူများသည် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများအား စနစ်တကျစာရင်းပြုစုရန် မီဇိုရမ်အစိုးရက ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် ကျေးရွာအဆင့်အထိ ကော်မတီအသီးသီးဖွဲ့စည်းကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကစ၍ စစ်ဘေးရှောင်ပြည်သူများ ID ထုတ်ပေးရေးကို အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည်။

High-Level Committee on Myanmar refugee’s အဖွဲ့၏ စာရင်းမှတ်တမ်းအရ ယခုလက်ရှိ မီဇိုရမ်ပြည်နယ် ခရိုင် ၆ ခုတွင် စစ်ဘေးရှောင်စခန်း (Relief Camp) ၁၄၉ ခုရှိကာ ယင်းစခန်းများတွင် စစ်ဘေးရှောင်ပြည်သူ ၁၁၈၃၃ ဦး နေထိုင်ကြပြီး စစ်ဘေးရှောင်စခန်းမဟုတ်သည့် အခြားသောနေရာများတွင် နေထိုင်ကြသူ ၁၈၁၃၁ ဦးရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.