Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာဒုက္ခသည်ကျောင်းသား၏ ဒေလီတက္ကသိုလ် အဆင့်မြင့်ပညာသင်ယူခွင့်ရရှိရေး လျှောက်ထားမှုကို အိန္ဒိယနိုင်ငံ ဒေလီတရားရုံးချုပ် လက်ခံကြားနာမည်

မြန်မာဒုက္ခသည်ကျောင်းသား၏ ဒေလီတက္ကသိုလ် အဆင့်မြင့်ပညာသင်ယူခွင့်ရရှိရေး လျှောက်ထားမှုကို အိန္ဒိယနိုင်ငံ ဒေလီတရားရုံးချုပ် လက်ခံကြားနာမည်

0
By Editor on July 14, 2026 Khonumthung

(004SS)

အိန္ဒိယနိုင်ငံ ဒေလီတက္ကသိုလ် (DU) တွင် အဆင့်မြင့်ပညာ ဆက်လက်သင်ယူခွင့်ရရှိရေး မြန်မာဒုက္ခသည် ကျောင်းသား တစ်ဦး၏ ကြိုးပမ်းလျှောက်ထားမှုကို နယူးဒေလီမြို့ရှိ ဒေလီတရားရုံးချုပ်က တရားဝင်လက်ခံပြီး ကြားနာစစ်ဆေးပေး နေပြီ ဖြစ်ကြောင်း တရားလိုဘက်မှ အဓိကရှေ့နေကြီး Mr. Ashok Agarwal ၏ တရားဝင်ဖော်ပြချက်နှင့် တရားရုံး အမိန့်စာအရ သိရသည်။

ဤအမှုတွဲကို ပြန်လည်စစ်ဆေးရန် လာမည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ကို နောက်ထပ် ကြားနာမည့်ရက်အဖြစ် တရားရုံးက ရက်ချိန်းသတ်မှတ်ထားပြီး၊ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ပထမအကြိမ်အဖြစ် စတင်ကြားနာခဲ့ခြင်း ဖြစ်ကြာင်း သိရသည်။

မြန်မာကျောင်းသား ဟင်နရီထူးအောင်လင်းက ဒေလီတက္ကသိုလ် နိုင်ငံခြားကျောင်းသားများဌာန (Foreign Students Registry) ၏ ဝင်ခွင့်လမ်းညွှန်ချက်ထဲက နိုင်ငံကူးလက်မှတ် (Passport) မဖြစ်မနေ တင်ပြရမည်ဆိုသည့် ကန့်သတ်ချက် သည် တရားဝင်အသိအမှတ်ပြုထားသည့် ဒုက္ခသည်များအပေါ် ခွဲခြားဆက်ဆံရာရောက်ပြီး ပညာသင်ခွင့် ဆုံးရှုံးနေရသဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့တွင် တရားရုံးချုပ်၌ အခွင့်အရေးတောင်းဆို လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

၎င်းအတွက် အိန္ဒိယနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ကလေးသူငယ် ပညာရေးဆိုင်ရာ အခွင့်အရေးများအတွက် ထင်ရှားစွာ လှုပ်ရှားဆောင်ရွက်နေသည့် ဝါရင့်ရှေ့နေကြီး Mr. Ashok Agarwal က ဦးဆောင်ပြီး ရှေ့နေများဖြစ်ကြသည့် Mr. Kumar Utkarsh၊ Ms. Ashna Khan နှင့် Mr. Manoj Kumar တို့ပါဝင်သော ရှေ့နေအဖွဲ့က အခမဲ့ လိုက်ပါကူညီ ဆောင်ရွက်ပေးနေ ကြောင်း သိရသည်။

လျှောက်ထားချက်တွင် လက်တွေ့၌ ဖြည့်ဆည်းရန် မဖြစ်နိုင်သော နိုင်ငံကူးလက်မှတ် လိုအပ်ချက်သည် တရားဝင် အသိအမှတ်ပြုထားသည့် ဒုက္ခသည်များအပေါ် ခွဲခြားဆက်ဆံရာရောက်ပြီး၊ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄ ပါ တန်းတူညီမျှခွင့်နှင့် ပုဒ်မ ၂၁ ပါ အသက်ရှင်သန်ခွင့်နှင့် လွတ်လပ်ခွင့်တို့ကို ချိုးဖောက်နေသဖြင့် အဆိုပါ စည်းမျဉ်းကို ပယ်ဖျက်ပေးရန် သို့မဟုတ် ဒုက္ခသည်များအတွက် အခြားရွေးချယ်စရာ လမ်းကြောင်းပေးရန် တောင်းဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ ကြားနာပွဲအတွင်း တရားသူကြီး Mr. Justice Jasmeet Singh က ဒေလီတက္ကသိုလ် ဘက်ကို ရှင်းလင်းချက် တင်ပြရန် ညွှန်ကြားခဲ့ပြီး၊ တရားလို၏ရှေ့နေ Mr. Ashok Agarwal ၏ တရားခွင်အတွင်း နှုတ်အားဖြင့် တောင်းဆိုချက်ကြောင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှတစ်ဆင့် အိန္ဒိယပြည် ထောင်စုအစိုးရကိုပါ ဤအမှု၏ ဒုတိယမြောက် တရားပြိုင် အဖြစ် ပူးတွဲထည့်သွင်းရန် အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် အစိုးရရှေ့နေ Ms. Nidhi Raman အား လျှောက်ထားသူ မြန်မာကျောင်းသားကဲ့သို့ နိုင်ငံကူးလက်မှတ်မရှိဘဲ ပညာသင်ခွင့် ဆုံးရှုံးနေရသည့် အလားတူအခြေအနေရှိ ဒုက္ခသည်များ၏ တက္ကသိုလ်ဝင်ခွင့် ရရှိနိုင်မည့် အခြေအနေနှင့် စပ်လျဉ်း၍ ဗဟိုအစိုးရထံမှ ညွှန်ကြားချက်များ တောင်းခံကာ တရားရုံးသို့ ပြန်လည်တင်ပြရန် တရားသူကြီးက အရေးပေါ် ညွှန်ကြားထားကြောင်း သိရသည်။

တရားလို မြန်မာကျောင်းသား Henry နှင့် ၎င်း၏မိသားစုသည် မြန်မာနိုင်ငံ၏ ပဋိပက္ခများနှင့် လုံခြုံရေးအခြေအနေကြောင့် ၂၀၂၂ ခုနှစ်ကတည်းက ထွက်ပြေးတိမ်းရှောင်လာရပြီး အိန္ဒိယနိုင်ငံတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အကာအကွယ်အောက်တွင် နေထိုင်နေကြသူများ ဖြစ်သည်။

Henry အနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဒေလီတက္ကသိုလ် ဘွဲ့ကြိုသင်တန်းကို ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့တွင် ဝင်ခွင့်လျှောက်လွှာ တင်သွင်းခဲ့သော်လည်း နိုင်ငံကူးလက်မှတ် မပါရှိသဖြင့် ၎င်း၏လျှောက်လွှာကို မပြည့်စုံကြောင်း သတ်မှတ်ခံခဲ့ရသည်။

ထိုသို့ သတ်မှတ်ခံရပြီးနောက် နယူးဒေလီမြို့ UNHCR ရုံးက ထုတ်ပေးထားသည့် ဒုက္ခသည်အသိအမှတ်ပြု အထောက် အထားစာရွက်စာတမ်းကို နိုင်ငံကူးလက်မှတ်အစား လက်ခံပေးရန် တက္ကသိုလ်သို့ ထပ်မံတင်ပြ တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ဖြေရှင်းပေးခြင်း မရှိခဲ့သဖြင့် ယခုကဲ့သို့ တရားရုံးချုပ်သို့ တက်ရောက်ခွင့် တောင်းဆိုခဲ့ရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.