Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာဒုက္ခသည်များအား Exit Permit အတွက် ရူပီး ၅ သိန်း တောင်းခံမှု အထောက်အထားရှိပါက Delhi High Court သို့တင်ပြပေးမည်ဟု ရှေ့နေကြီး Dr. Ashok Agarwal ပြော

မြန်မာဒုက္ခသည်များအား Exit Permit အတွက် ရူပီး ၅ သိန်း တောင်းခံမှု အထောက်အထားရှိပါက Delhi High Court သို့တင်ပြပေးမည်ဟု ရှေ့နေကြီး Dr. Ashok Agarwal ပြော

0
By Editor on March 17, 2026 Headline

(004SS)

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ နိုင်ငံခြားသားမှတ်ပုံတင်ရုံး (FRRO) မှ မြန်မာဒုက္ခသည်များ တတိယနိုင်ငံသို့ ထွက်ခွာခွင့် (Exit Permit) ရရှိရန်အတွက် ငွေကြေးရူပီး ၅ သိန်း တောင်းခံသည့် ကိစ္စနှင့် ပတ်သက်၍ ခိုင်လုံသော စာရွက်စာတမ်း သက်သေ အထောက်အထားများရှိပါက ဒေလီတရားရုံး (Delhi High Court) သို့ တင်ပြပေးမည်ဟု ရှေ့နေကြီး Dr. Ashok Agarwal က ပြောကြားခဲ့ကြောင်း ချင်းဒုက္ခသည်များကော်မတီ (CRC- New Dehli) ထံမှ သိရသည်။

ချင်းဒုက္ခသည်များကော်မတီမှ OB ခေါင်းဆောင်များသည် မတ်လ ၁၂ ရက် နေ့လယ် ၁ နာရီတွင် Delhi High Court သို့ ရှေ့နေကြီး Dr. Ashok Agarwal နှင့် သွားရောက်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံမှုတွင် CRC ခေါင်းဆောင်များက Exit Permit အတွက် ငွေကြေးအမြောက်အမြား တောင်းခံနေရသည့် အခြေအနေ ကို တင်ပြခဲ့ရာ၊ ရှေ့နေကြီးက အဆိုပါကိစ္စကို တရားဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန်အတွက် FRRO ရုံးမှ တောင်းခံသည့် စာရွက်စာတမ်း သို့မဟုတ် ခိုင်လုံသော သက်သေရှိပါက တရားရုံးသို့ တရားဝင်တင်ပြပေးမည်ဟု အာမခံခဲ့ကြောင်း သိရ သည်။

ထို့အပြင် CRC အနေဖြင့် မြန်မာဒုက္ခသည်များ၏ လုံခြုံရေး (Protection) ပိုမိုအားကောင်းလာစေရန်နှင့် အခြားအရေးကြီး သော လိုအပ်ချက်များကိုလည်း ထည့်သွင်းတောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နယူးဒေလီရောက် မြန်မာဒုက္ခသည်များအနေဖြင့် မိမိတို့အား အဆိုပါ ငွေကြေးပမာဏကို တောင်းခံရသည့် သက်သေအထောက်အထားများ ရှိပါက CRC ရုံးသို့ အမြန်ဆုံး အကြောင်းကြားပေးရန် ကော်မတီက မေတ္တာရပ်ခံထား သည်။

ရှေ့နေကြီး Dr. Ashok Agarwal သည် နယူးဒေလီရောက် မြန်မာဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများနှင့် ဥပဒေကြောင်းအရ အကာအကွယ်ပေးမှုများတွင် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း CRC ထုတိပြန်ချက်အရ သိရသည်။

၎င်းသည် ဒုက္ခသည်မိသားစုများ၏ အခြေခံအခွင့်အရေးများဖြစ်သော ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် အခမဲ့ရရှိ နိုင်ရန် တစိုက်မတ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဆိုသည်။

Dr. Ashok Agarwal ၏ ကြိုးပမ်းမှုကြောင့် မြန်မာဒုက္ခသည်ကလေးငယ်များသည် အစိုးရကျောင်းများတွင် အခမဲ့ပညာ သင်ကြားခွင့် (Government School Admission) ရရှိခဲ့သည့်အပြင်၊ Mata Chanan Devi (MCDH) ဆေးရုံကြီးတွင် လည်း ဆင်းရဲနွမ်းပါးသူများအတွက် သတ်မှတ်ထားသော (EWS – Economically Weaker Section) အစီအစဉ်ဖြင့် အခမဲ့ဆေးကုသခွင့် ရရှိစေရန် စီစဉ်ပေးကြောင်း သိရသည်။

ယခုကဲ့သို့ ဒုက္ခသည်များအရေး စဉ်ဆက်မပြတ် ကူညီပေးနေသော ရှေ့နေကြီး Dr. Ashok Agarwal အား CRC က အထူးကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်များအဖြစ် ချင်းရိုးရာ အင်ကျီတစ်ထည်၊ စားစရာ သစ်သီးဝလံမျိုးစုံ၊ ကျေးဇူးတင်ဂုဏ်ပြုလွှာ (Appreciation Certificate) တို့အား ပေးအပ်ခဲ့ကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.