Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာဝင်များ ဖိနှိပ်ခံနေရမှုအပါအဝင် အချက် ၃ ချက်ကို အမေရိကန်အစိုးရထံတင်ပြ

မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာဝင်များ ဖိနှိပ်ခံနေရမှုအပါအဝင် အချက် ၃ ချက်ကို အမေရိကန်အစိုးရထံတင်ပြ

0
By Editor on March 31, 2026 Khonumthung

(004SS)

အမေရိကန်အခြေစိုက် မြန်မာသုတေသနဌာန (Burma Research Institute – BRI) မှကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာဝင်များ နှိပ်စက်ညှဉ်းပန်းခံနေရမှုအပါအဝင် အချက် ၃ ချက်ကို တင်ပြတောင်းဆိုခဲ့ကြောင်းသိရသည်။

မြန်မာသုတေသနဌာန(BRI) ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၂၅ ရက်နေ့က ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနတွင် ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အဓိကအကြံပေးပုဂ္ဂိုလ် Mark Walker နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံမှုတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလက ထုတ်ပြန်ခဲ့သည့် ” ခရစ်ယာန်ဘာသာဝင်များအပေါ် ပြင်းထန်သော ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများ” အစီရင်ခံစာကို တင်ပြဆွေးနွေးခဲ့ကြပြီး BRI အဖွဲ့မှ အဓိကအချက် ၃ ချက်ကို ထရန့်အစိုးရအဖွဲ့ ထံ အထူးတိုက်တွန်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါအထူးတိုက်တွန်းချက် ၃ ချက်မှာ စစ်ကော်မရှင်မှ ခရစ်ယာန်ဘာသာဝင်များအပေါ် ကျူးလွန်ခဲ့သည့် ရက်စက် ကြမ်းကြုတ်မှုများသည် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes against humanity)” နှင့် “စစ်ရာဇဝတ်မှု (War crimes)” မြောက်ကြောင်း ဆုံးဖြတ်သတ်မှတ်ရန်၊ မြန်မာနိုင်ငံကို အထူးစိုးရိမ်ရသည့် နိုင်ငံ (CPC) အဖြစ် ပြန်လည်သတ်မှတ်ကာ စစ်ကော်မရှင်တပ်၏ ခရစ်ယာန်ဘာသာဝင်များအပေါ် နှိပ်စက်ညှဉ်းပန်းမှုများကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချရန်နှင့် နှိပ်စက်မှုများရပ်တန့်ရန်ဖိအားပေးရန်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် နှင့် မတရားဖမ်းဆီးခံထားရသူများ အပါအဝင် ဘာသာရေးနှင့် နိုင်ငံရေးအကျဉ်း သားအားလုံးကို ချက်ချင်းလွှတ်ပေးနိုင်ရေးအတွက် အမေရိကန်အစိုးရအနေဖြင့် စစ်ကော်မရှင်ကို ဖိအားပေးရန် တို့ဖြစ်သည်။

ထို့အပြင် BRI သည် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ထံသို့ ပေးအပ်မည့် အိတ်ဖွင့်ပေးစာတစ်စောင်ကိုလည်း တင်ပြခဲ့ပြီး အမေရိကန်အစိုးရအနေဖြင့် စစ်ကော်မရှင်တပ်ဦးဆောင်ကျင်းပသော အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာမယ့် အစိုးရကို အသိအမှတ်မပြုရန်လည်း တောင်းဆိုခဲ့ကြသည်ဟုသိရသည်။

မြန်မာနိုင်ငံသည် ၁၉၉၈ ခုနှစ် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်အက်ဥပဒေအရ (၂၄) နှစ်ဆက်တိုက် အထူးစိုးရိမ်ရ သည့်နိုင်ငံအဖြစ် သတ်မှတ်ခံထားရသော်လည်း အမေရိကန်၏ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ကင်းမဲ့နေဆဲဖြစ်သည်ဟု BRI ကပြောသည်။

“မြန်မာနိုင်ငံက ခရစ်ယာန်တွေကို နှိပ်စက်နေတာတွေ ရပ်တန့်ဖို့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာစေဖို့ ဒီအစီရင်ခံစာကို ရေးသားတင်ပြခဲ့တာပါ၊ အဓိကအကြံပေးပုဂ္ဂိုလ် မတ်ခ်ဝေါ်ကာဟာ ကျွန်တော်တို့ပြောတာတွေကို သေသေချာချာ နားထောင်ခဲ့ပြီး လေးလေးနက်နက် ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံက နှိပ်စက်ခံနေရတဲ့ ခရစ်ယာန်တွေ ကို အကာအကွယ်ပေးဖို့ ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေကို သူ အလေးအနက် ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု BRI ၏ ဥက္ကဋ္ဌနှင့် စီအီးအို ဖြစ်သူ Pu Zo Tum Hmung က ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.