မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Vinay Kumar က မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကို ယနေ့အောက်တိုဘာလ ၁၇ ရက်မွန်းလွဲပိုင်းတွင် သူ၏ရုံးခန်းသို့ လာရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။
အိန္ဒိယနိုင်ငံတွင် လာမည့်အောက်တိုဘာလ ၂၀ မှ ၂၂ ရက်နေ့အထိ သံအမတ် များညီလာခံ Indian Ambassador Conference ကျင်းပမည်ဖြစ်ပြီး ယင်းညီ လာခံမကျင်းပခင်တွင် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်က မီဇိုရမ်ပြည် နယ်သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။
၎င်းနှင့်အတူ စလိုဗီးကီးယားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Pu Vanlalhuma လည်း ပါဝင်ခဲ့သည်။
အဆိုပါတွေ့ဆုံမှုတွေ သံအမတ် ၂ ဦးက ၎င်းတို့တာဝန်ထမ်းဆောင်ကြသော နိုင်ငံအခြေအနေများ ပြောဆိုခဲ့ကြပြီး အိမ်းနီးချင်းနိုင်ငံများ၏ အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်အစိုးရက ထုတ်ပြန်သည်။
အလားတူ သံအမတ်ကြီးနှစ်ဦးသည် ယနေ့နံနက်ပိုင်းတွင် မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး (Governor) Hari Babu Kambhampati ကိုလည်း တွေ့ဆုံခဲ့ကြပြီး ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအကြောင်းအရာလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။