Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာနိုင်ငံတွင် D-day ကြေညာပြီးနောက် မီဇိုရမ်တွင် စစ်ဘေးရှောင် များလာနိုင်ဖွယ်ရှိ

မြန်မာနိုင်ငံတွင် D-day ကြေညာပြီးနောက် မီဇိုရမ်တွင် စစ်ဘေးရှောင် များလာနိုင်ဖွယ်ရှိ

0
By Editor on September 9, 2021 Khonumthung

မြန်မာနိုင်ငံတွင် စစ်တင်ဘာ ၇ ရက်နေ့က D-day ကြေညာခဲ့ပြီးနောက် ချင်းပြည်နယ် မြို့နယ်အသီးသီးတို့တွင် တိုက်ပွဲများတဖြေးဖြေးပြင်ထန်လာမည်ကို စိုးရိမ်ပူပန်ကြသောကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်း ရှောင်လာသူများ ရှိနေပြီ၊ ထွက်ပြေးတိမ်းရှောင်လာသူ ပိုများလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

အမျိူးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG က မြန်မာနိုင်ငံတွင် စက်တင်ဘာ ၇ ရက်နေ့က D-day ကြေညာခဲ့ပြီးနောက် ချင်းပြည်နယ် ထန်တလန်မြို့နယ်က စစ်ဘေးရှောင် အယောက် ၃၀ ခန့် မီဇိုရမ်ပြည်နယ် Sangau ကျေးရွာအနီး Pang ကျေးရွာကို ဝင်ရောက်လာပြီး Pang ကျေးရွာလူထုများက ကူညီစောင့်ရှောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင် အယောက် ၃၀ တို့မှာ South Lungpher ကျေးရွာတွင် နေထိုင်ကြရန် South Lungpher ကျေးရွာကို ဆက်လက်ခရီးဆက်ခဲ့ကြသည်ဟု ဒေသတွင်းမီဒီယာများကဖော်ပြသည်။

စက်တင်ဘာ ၈ ရက်နေ့ကလည်း ထန်တလန်နယ်မှ စစ်ဘေးရှောင် အယောက် ၂၀ ကျော် မီဇိုရမ်ပြည်နယ် Sangau ကျေးရွာဘက်ကို ဝင်ရောက်လာကြောင်း သိရပြီး မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင် လာသော စစ်ဘေးရှောင်းများ လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

HPO/CDF-Hualngoram က ရိခေါဒါရ်မြို့ မူကြိုကျောင်းမှာ ဘိန်းဖြူဟောင် ၄၀၀ ကျော်ဖမ်းမိ

မတူပီ-မင်းတပ်လမ်း ပြုပြင်နေသောကြောင့် ခေတ္တလမ်းပိတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.