မြန်မာနိုင်ငံဘက်မှ ခိုးသွင်းလာသည့်ဟု သံသယရှိဖွယ် တိရိစ္ဆာန်အမျိုးမျိုး အကောင် ၁၄၀ ကို မီဖိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ တွင် ယနေ့အောက်တိုဘာလ ၁၅ ရက်မနက်ပိုင်းက ဒေသတွင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ကယ်တင်ခဲ့သည်ဟု သိရသည်။
ယင်းတိရိစ္ဆာန်များကို ကျန်ဖိုင်းမြို့တွင်နေထိုင်ကြသော ဒေသခံအမျိုးသား ၃ ဦးစီးလာသည့် ကား ၃ စီးတွင် ကျန်ဖိုင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
ဖမ်းဆီးရမိသည့် တိရိစ္ဆာန်နှင့်ငှက်များမှာ လိပ်အကောင် ၃၀၊ မျောက်နှစ်ကောင်၊ Marmoset မျောက်အမျိုးစား နှစ်ကောင်၊ စပါးအုံးမြွေ ၂၂ ကောင်၊ Sumatran Water Monitor ၁၈ ကောင်၊ မိချောင်းသားပေါက် ၅၅ ကောင်၊ Flame power bird ၄ ကောင်၊ Servel cat ၄ ကောင်၊ Marmoset နှစ်ကောင်၊ Albino wallaby တစ်ကောင် တို့ဖြစ်ကြသည်။
ယခုဖမ်းဆီးရမိသည့် တိရိစ္ဆာန်နှင့် ငှက်များ၏ တန်ဖိုးမှာ ရူပီးငွေသိန်း ၁၃၀ ကျော်ရှိသည်ဟု သိရသည်။