Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာနိုင်ငံသား ၃၂၀ ဦးအပါအဝင် တရားမဝင် နေထိုင်သည့် နိုင်ငံခြားသား ၁၇၀၀ ကျော်ကို မလေးရှားက ပြည်နှင်ဒဏ်ပေး

မြန်မာနိုင်ငံသား ၃၂၀ ဦးအပါအဝင် တရားမဝင် နေထိုင်သည့် နိုင်ငံခြားသား ၁၇၀၀ ကျော်ကို မလေးရှားက ပြည်နှင်ဒဏ်ပေး

0
By Editor on June 16, 2025 Khonumthung

(006SV)

မလေးရှားနိုင်ငံ၊ ကွာလလမ်ပူမြို့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းက တရားမဝင် အထောက်အထားမဲ့ နေထိုင်ကြသည့် မြန်မာနိုင်ငံသား ၃၂၀ အပါအဝင် နိုင်ငံခြားသား ၁၇၀၀ ကျော်ကို ပြည်နှင်ဒဏ် ပေးလိုက်သည်ဟု သိရသည်။

ကွာလာလမ်ပူမြို့ ဧရိယာ တစ်ခုထဲတွင် မြန်မာအပါအဝင် နိုင်ငံ ၅ နိုင်ငံက နိုင်ငံခြားသားများကို မလေးရှားလူဝင်မှု ကြီးကြပ် ရေးက ယခုနှစ်ပိုင်းတွင် ဖမ်းဆီးရမိထားမှုများကို ယနေ့ဇွန်လ ၁၆ ရက်တွင် ပြည်နှင်ဒဏ် ပေးခြင်းဖြစ်သည်ဟု မလေးရှားရောက် ချင်းလူမျိုးများကို ကူညီပေးနေသူ ဦးအိုက်လွင်က ပြောသည်။

“မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဧရိယာတစ်ခုထဲမှာပဲ အဖမ်းခံရတဲ့ လူတွေပေါ့နော်။ အဲဒါက ဒီမှာ ရှိတဲ့ လဝကတွေက ဖမ်းပြီးမှ ပြည်နှင်ဒဏ်ပေးတာပါ။ ဒီမြို့နယ်တခုထဲကိုမှ မြန်မာနိုင်ငံသား ၃၂၀ ဦး ပါတယ်။ အဲဒီမှာ ကျနော်တို့ ချင်းတွေလည်း အများကြီး တော့ ပါမယ်၊၊ ဒါပေမယ့် စာရင်းဇယားနဲ့ ပြောဖို့တော့ ခက်လိမ့်ယ်” ဟု ဦးအိုက်လွင်က ပြောသည်။

မြန်မာနိုင်ငံသား ၃၂၀ ဦး၊ အင်ဒိုနီးရှား ၆၆၁ ဦး၊ ဘင်္ဂလားဒေရှ့် ၃၀၉ ဦး၊ ထိုင်း ၁၂၀ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁၀၃ ဦးကို ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံပါက ဖမ်းဆီးခံရချိန်တွင် ၁၄ ရက် ရမန်ယူကာ တရားရုံးတင်ကြောင်း၊ တရားရုံးမှ ထောင်ဒဏ်များ ချမှတ်၍ ပြစ်ဒဏ်ခံယူပြီးပါက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ကာ ယင်းမှတဆင့် မြန်မာသံရုံးဖြင့် ချိတ်ဆက်၍ ပြန်လည် ပို့ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

ယခုနှစ်ထဲတွင် မလေးရှားအာဏာပိုင်တို့သည် တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးရမိသူများကို တရားရုံးသို့ မပို့တောဘဲ လူဝင်မှု ကြီးကြပ်ရေး စခန်းသို့ ပို့ဆောင်ကာ မြန်မာသံရုံးဖြင့် ချိတ်ဆက်၍ မြန်မာပြည်သို့ တိုက်ရိုက်ပြန်ပို့နေကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၆ ရက်တွင် မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်၊ ဂျာဝီးတရားရုံးမှာ မြန်မာနိုင်ငံသား ၄၀ ဦးကို အမိန့်ချခဲ့ပြီး အများစုမှာ တရားမဝင် နေထိုင်မှု လူဝင်မှုကြီးကြပ်ရေး ၆-၁- ဂ ဥပဒေဖြင့် တရားစွဲခံရခြင်းဖြစ်သည်ဟု သိရသည်။

အသက် ၂၀ နှစ်အောက် လူငယ်များကို တရားမဝင် နေထိုင်မှု လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ထောင်ဒဏ် ၅ လချမှတ်ပြီး အသက် ၂၀ နှစ် အထက်ကို ထောင်ဒဏ် ၅ လနှင့် ကြိမ်ဒဏ် တချက်စီ ချမှတ်ကြောင်း၊ UNHCR တွင် အွန်းလိုင်းဖြင့် မှတ်ပုံတင်လျှောက်ထားဆဲသူများကိုလည်း တရားရုံးက အသိအမှတ်မပြု၍ ထောင်ဒဏ်နှင့် ကြိမ်ဒဏ်များ ချမှတ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.