Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် CHRO အပါအဝင် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က UNGA ထံ အိပ်ဖွင့်စာပေးပို့

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် CHRO အပါအဝင် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က UNGA ထံ အိပ်ဖွင့်စာပေးပို့

0
By Editor on September 5, 2025 Headline

(004SS)

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် ချင်းလူ့အခွင့်အရေး (CHRO) အပါအဝင် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀၆ ဖွဲ့တို့က ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) နှင့် အတွင်းရေးမှူးချုပ်ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ယမန်နေ့က ပူးတွဲပေးပို့ခဲ့ကြသည်။

အဆိုပါပေးစာသည် UNGA ၏ လာမည့် ၈၀ ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂအနေဖြင့် စစ်အာဏာရှင်အဖွဲ့၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ရှုတ်ချရန်နှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒများကို တရားဝင် ထောက်ခံရန် အချက်များပါဝင်သော အဓိကအချက် (၃) ချက်ကို အလေးပေး ဆောင်ရွက်ရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

စစ်ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံတွင် မည်သည့်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ကိုမဆို ဆောင်ရွက်ရန် ဥပဒေအရ အခွင့်အာဏာသော်လည်းကောင်း၊ နိုင်ငံရေးအရ တရားဝင်မှုမရှိသည့်အပြင် နိုင်ငံအပေါ် ထိရောက်သော ထိန်းချုပ်မှု မရှိသည့်အတွက် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာကျင်းပမယ့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ပြတ်ပြတ် သားသား ပယ်ချရန်တောင်းဆိုထားသည်။

ဒုတိယအချက်မှာ ရွေးကောက်ခံကိုယ်စားလှယ်များ၊ သတင်းသမားများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှ အဖွဲ့ဝင်များနှင့် အခြားလူ့အခွင့်အရေးကာကွယ်သူများ အပါအဝင် လက်ရှိဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး ဖြစ်သည်။

တတိယအချက်မှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက် အသိအမှတ်ပြုရန်နှင့် မြန်မာ့အရေးကို ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်းမရှိသော မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်ရာထူးကို ဖယ်ရှားပြီး မြန်မာ့ပဋိပက္ခအတွက် ကုလ အထွေထွေအတွင်းရေးမှူးချုပ်က တိုက်ရိုက်ကိုင်တွယ်ရန်ဆိုသည့် အချက်ကိုလည်း တောင်းဆိုခဲ့ကြသည်။

စစ်ကော်မရှင်သည် အရပ်သားများအပေါ် အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် လေကြောင်းတိုက်ခိုက်၊ ပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှု စသည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေကြောင်းလည်းဖော်ပြထားသည်။

မကြာသေးမီက ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ မော်ချီးမြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် လူ ၃၂ ဦး သေဆုံးခဲ့ပြီး စစ်ကိုင်း ငလျင်ဒဏ်သင့်ဒေသများတွင်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဟန့်တားကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ၏ ၈၀ ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံထိပ်တန်းခေါင်းဆောင်များ တက်ရောက်မည့် အထွေထွေဆွေးနွေးပွဲ (General Debate) ကိုမူ စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.