Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

0
By Editor on December 5, 2023 Featured

(003PT)

မြန်မာ့နွေဦးတော်လှန်ရေးမှာ တူမီးသေနတ်ကို စွဲကိုင်ပြီး စစ်အာဏာရှင်ကို အစောဆုံး အန်တုခဲ့တဲ့ ချင်းလူမျိုးတွေရဲ့ တော်လှန်ရေးကို အခြေခံရိုက်ကူးထားတဲ့ “Ram Rian (My Duty)” ဇာတ်လမ်းတို ရုပ်ရှင်မှတ်တမ်းကို နို၀င်ဘာလ ၂၆ ရက်နေ့က ကိုးရီးယားနိုင်ငံမှာ ပထမဆုံးအကြိမ် ပြသလိုက်ပြီဖြစ်ပါတယ်။

ဒီ ရုပ်ရှင်မှတ်တမ်းကို ချင်းလူမျိုး Salai Tial Bawi Ling က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး  စစ်ကောင်စီကြောင့် ပြာပုံအတိဖြစ်ခဲ့ရတဲ့ ထန်တလန်မြို့ကို နောက်ခံထားပြီး စစ်ရဲ့ အနိဌာရုံ မြင်ကွင်းတွေကို မြင်တွေ့ရမယ်လို့ သူကပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်လမ်းတိုနဲ့ပတ်သက်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ Salai Tial Bawi Ling ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။      ။ အရင်ဆုံး ဆရာ့အကြောင်းလေးနဲ့ ခုရိုက်ကူးပုံဖော်ထားတဲ့ Ramrian အကြောင်းလေး မိတ်ဆက်ပါဦး။

ဖြေ။      ။  ကျွန်တော် အမေရိကန်ကနေ Photo Journalist နဲ့ ၂၀၁၂ မှာ စတက်ပြီး ၂၀၁၅ မှာ ကျောင်းပြီးတယ်။ အဲ့ဒါပြီးပြီးချင်း CNF ဥက္ကဌ Pu Zing Cung ကနေပြီး ကျွန်တော့်ကို CNA သမိုင်းဆိုပြီးတော့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတယ်။ အဲ့ဒီတုန်းက ၂၀၁၅ စက်တင်ဘာက နေစပြီးရိုက်ဖြစ်တယ်။ ကျွန်တော်တို့ ချင်းတော်လှန်ရေး အရင်က ပြီးခဲ့တဲ့ ၈ နှစ်ကပေါ့။ သူ့ရဲ့ Title က RO (Heritage) လို့ခေါ်တယ်။ ဒါပေမဲ့ ဒီဟာက မီနစ် ၈၀ စာလောက်ရှိတဲ့ ဟာကို ကျွန်တော်က တစ်နာရီနှင့် ၁၄ မီနစ်စာလုပ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့အကြောင်းအရပ်တွေက အဆင်သင့်မဖြစ်သေးဘူး။ စစ်တိုက်နေတုန်းမို့လို့ Information တွေ၊ ကျွန်တော်တို့ အကြောင်းများ စစ်တိုက်တဲ့ကာလမှာ မသိတာ ကောင်းတဲ့အတွက် ကျွန်တော် ခဏသိမ်းထားတာဖြစ်တယ်။ အခုကျွန်တော် ရိုက်ထားတဲ့ RAM RIAN ဆိုတဲ့ဟာက အမှန်ဆိုရင် ဒီကောင် ရုပ်ရှင် နှစ်ခုရိုက်ထားတယ် ဒီတစ်ခေါက်မှာ။ တော်လှန်ရေး တကယ့် BACK TO BURMA (War Action) ဆိုတဲ့ဟာကို release မလုပ်သေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီထန်တလန်မြို့ကို အခြေခံတဲ့ စစ်ကောင်စီတွေ ဘယ်လောက် ရက်စက်သလဲဆိုတဲ့ဟာ Ram Rian ကို အဓိကထားပြီး မှတ်တမ်း ရုပ်ရှင်တို (Short Documentary) ၂၃ မီနစ်စာကို ဒီကိုးရီးယားနိုင်ငံ Bupyeong-Station ,Lotte Cinema မှာ (နိုဝင်ဘာလ) ၂၆ ရက်နေ့က စပြခဲ့တာ ဖြစ်တယ်။ ဒါအပြင် မလေးရှားကို ထပ်သွားမယ်။ အဲ့ဒီမလေးရှားပြီးရင် သြစတြေးလျမှာ ပြဖို့ ရှိတယ်။ ဂျပန် နှင့် အမေရိကတို့ ဥရောပတို့ လာမယ့်နှစ် ၂၀၂၄ မှာ ကမ္ဘာကို ပြမှာဖြစ်တယ်။ အဲ့တာပြီးမှပဲ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့  ချင်းညီအစ်ကိုတွေဖြစ်ဖြစ်၊ တိုင်းရင်းသားပဲဖြစ်ဖြစ်  နိုင်ငံတကာကို ကြည့်နိုင် အောင် ကျွန်တော်တို့ စီစဥ်ပါတယ်။

မေး။      ။ ဘယ်လိုစိတ်ကူး ရည်ရွယ်ချက်နဲ့ ဒီရုပ်ရှင်ကို ရိုက်ကူးဖြစ်ခဲ့တာလဲ။

ဖြေ။      ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြန်တွင်းစစ်ဖြစ်နေတာ ကမ္ဘာက သိပ်မသိဘူး။ အဲ့တာကြောင့်မို့လို့  တတ်နိုင်တဲ့ဖက်ကနေ ဒီရုပ်ရှင်၊ Camera ကဏ္ဏကနေပြီး ကျွန်တော်က Presentation ပေးခြင်းဖြစ်ပါတယ်။ ဒီခေတ်မှာ ရုရှားနဲ့ ယူကရိန်းစစ်ပွဲရှိသလို အခုပြီးခဲ့တဲ့လတွေက ဟားမက်နဲ့ အစ္စရေးမှာ စစ်ပွဲဖြစ်တယ်၊ ကမ္ဘာ့မီဒီယာတွေက သူတို့အကြောင်းလောက်ကိုပဲသိတယ်။ မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး။ အဲ့တာကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကိုတင်ပြခြင်းဖြစ်တယ်။

မေး။      ။ ဒီရုပ်ရှင်က ဘာကို အခြေခံပြီး ရိုက်ကူးထားတာလဲ။ ဒီရုပ်ရှင်ထဲမှာ ဘယ်လိုအကြောင်းအရာတွေပါလဲ။

ဖြေ။      ။ ဒီရုပ်ရှင်ကို ကြည့်ချင်းအားဖြင့် ဘာကို သိနိုင်သလဲဆိုလို့ရှိရင် စစ်ရဲ့ အနိဌာရုံကို ပထမဦးဆုံးမှာ မြင်ရမယ်။ လူသားမဆန်တဲ့၊ မြန်မာပြည်မှာဆိုရင် တစ်မြို့လုံးပြာကျတဲ့ မြို့ဆိုရင် ထန်တလန်မြို့ တစ်မြို့ပဲရှိတယ်။ အဲ့လိုမျိုးကြောင့် ထန်တလန်မြို့ကို ပုံဖော်ထားတယ်။ Refugee (စစ်ဘေးရှောင်) တွေ ဘယ်မှာနေသလဲ၊ ဘယ်လိုအခက်ခဲ စားသောက်သလဲဆိုတဲ့ဟာ၊ Refugee တွေရဲ့ နေရာတွေ ပုံဖော်ထားတယ်၊ ပြီးတော့ ကျွန်တော်တို့ Victoria Base ရဲ့ စစ်သင်တန်းရဲ့ အခြေအနေနဲ့ ကျွန်တော်တို့ စစ်ရဲ့ အနိဌာရုံ မြင်ကွင်းတို့၊ ဒီတော်လှန်ရေးရဲဘော်တွေ သေဆုံးသွားတဲ့ စစ်မြေပြင်မြင်ကွင်းတွေ အဲ့တာတွေ အဓိက မြင်ရမှာဖြစ်ပါတယ်။ ပြီးတော့ ဆေးရုံးတွေမှာ လူနာတွေကြည့်တဲ့ ဟာတွေ၊ ဒီ Landmine Victims တွေ၊ မြေမြှပ်မိုင်းနဲ့ ခြေပျက်၊ လက်ပျက်၊ မျက်စိမမြင်နိုင်၊ နားတွေပျက်တဲ့သူတွေ၊ သူတို့ရဲ့ အခြေအနေတွေကို တစိတ်တပိုင်းလေးမြင်ရမှာ ဖြစ်ပါတယ်။

မေး။      ။ ဒီရုပ်ရှင်ဖြစ်မြောက်ဖို့အတွက် အချိန်ဘယ်လောက် ပေးခဲ့လဲ။ ငွေကြေးအရ ဘယ်လောက်ကုန်ခဲ့လဲ။

ဖြေ။      ။ အချိန်တော့ ကျွန်တော် ဒီပြင်ဆင်ထားတဲ့ Script (ဇာတ်ညွှန်း) ရေးတာနဲ့ ရိုက်ကွင်းကအစ Location (နေရာရွေးချယ်တာ) သွားတာကအစ အချိန် ၅ လ လောက်ကြာခဲ့တယ်။ ငွေကြေးအနေနဲ့ ဒေါ်လာ ၅ သောင်းအထက် ကုန်တယ်။

မေး။      ။ ဒီရုပ်ရှင်ကို အခု ကိုးရီးယားမှာ စပြပြီလို့ သိရပါတယ်။ ဒါက ပထမဆုံးအကြိမ် ပြတာလား။ ပရိတ်သတ်ရဲ့ အားပေးမှုက ဘယ်လိုရှိပါသလဲ။

ဖြေ။      ။ ကိုးရီးယားမှာ ပထမအကြိမ် စပြခဲ့တယ်။ ဒီနိုဝင်ဘာ ၂၆ ရက်နေ့ ပြခဲ့တာဖြစ်တယ်။ ရုပ်ရှင်ရုံက လူ ၃၀၀ ဆန့်တဲ့ ရုပ်ရှင်ရုံမှာ တချို့အားပေးတဲ့ လူတွေ အရမ်းများတော့ ထိုင်ခုံမှာ မဆန့်တော့ ဘေးနာတွေမှာ ထိုင်တဲ့ သူတွေလည်း ရှိတယ်။ သူတို့ရဲ့ ပါဝင်မှုကိုလည်း အသိမှတ်ပြုတယ်၊ အားပေးမှုကိုလည်း ကျေးဇူးတင်တယ်လို့ ဒီကနေပဲ ကျွန်တော် ပြောချင်တယ်။ ရုံကအပြည့်ပဲ ရုံက ထိုင်ခုံတောင် မလောက်ငှလို့ ဒီလျှောက်လမ်းတွေမှာ လူတွေကအကုန်လုံးထိုင်တယ်။ ပြီးတော့ ကိုးရီးယားမှာရှိတဲ့ အဖွဲ့အစည်းအားကနေ၊ မြန်မာဆိုင်ရာ လှုပ်ရှားမှုအဖွဲ့စည်းကနေပြီး ကျွန်တော်တို့ကို လှူဒါန်းထားတာတွေရှိတယ်။ နှုတ်အားဖြင့်ဖြစ်စေ၊ စိတ်အားဖြင့်ဖြစ်စေ အကုန်လုံးက ပါဝင်ခဲ့တယ်၊ supporting တော်တော်လုပ်ခဲ့တယ်။

မေး။      ။ နောက်ထပ် ဘယ်နိုင်ငံတွေကို ဆက်ပြမှာလဲ။

ဖြေ။      ။ ကျွန်တော် ဒီလာမယ့်အပတ်မှာဆိုရင် မလေးရှားမှာပြမယ်။ အဲ့တာပြီးရင် ဒီဇင်ဘာလ ၂၀ ကနေ ခရစ္စမတ်ကာလပေါ့၊ New Year နှင့် ခရစ္စမတ်ကာလတွေဆိုရင် သြစတြေးလျမှာလည်း ပြသမှာဖြစ်တယ်။ ဂျပန်က ၂၀ ရက်နေ့က စီစဥ်ထားပေမဲ့ ရုံက လူအယောက် ၃ ထောင်ဆန့်တဲ့ ရုံလိုချင်တယ်။ အဲ့ဒီရုံက နေရာမလွတ်တော့ဘူး။ အဲ့တော့ ဂျပန်က သူတို့ရရင်လုပ်မယ်တဲ့။ သူအခုထိမရသေးတော့ ဒီနှစ်တော့ မသွားရတော့ဘူးထင်တယ်။ နောက်နှစ်မှပဲ ဂျပန်ဖက်က။ အဲ့ဒီပြီးရင် North America နှင့် Europe ဆိုရင် လာမယ့် ဇန်နဝါရီ၊ ဖေဖော်ဝါရီတွေမှာ ပြနိုင်မှာဖြစ်ပါတယ်။

မေး။      ။ ဒီကနေရရှိလာတဲ့ ရန်ပုံငွေကို ဘယ်လိုပြန်လည် အသုံးချမှာလဲ။

ဖြေ။      ။ ကျွန်တော်တို့ ကိုးရီယားမှာလည်း အချိန်လည်း သိပ်မရဘူးဆိုတော့၊ ရုံကလည်း ရုံကြီးတွေ မရဘူးဆိုတော့ ကျွန်တော်တို့လည်း Finance ကို သေချာလေးတော့ မသိဘူး။ ခန့်မှန်းတာလေးတော့ရှိတယ်။ အခုထိ အကုန်လုံး မစုမိသေးဘူးလေး အဖွဲ့တွေက၊ အမေရိကန်ဒေါ်လာ ၁၂၀၀၀ လောက်တော့ ရမယ်လို့ ခန့်မှန်းကြတယ်။ အဲဒီက ရတဲ့ဝင်ငွေတွေက အဓိကတော့ ပထမဦးဆုံးအနေနဲ့ Victims တွေရဲ့ ဘဝ ပညာရေးတွေအတွက်၊ ကွန်ပျူတာသင်တန်းတွေ၊ အင်္ဂလိပ်သင်တန်းတွေအတွက် ကျွန်တော်ကိုယ်တိုင်သွားရောက်ပြီး သွားလှူဒါန်းမှာ ဖြစ်တယ်။ ရသမျှရံပုံငွေအားလုံးကို ကျွန်တော်တို့ စစ်မှာ စစ်တိုက်နေတဲ့ အခက်အခဲအများကြီး၊ ပညာရေးရော၊ ကျန်းမာရေးကဏ္ဏမှာပါ ကျွန်တော်တို့ သုံးမှာဖြစ်တယ်။  တချို့တဝက်ကို ကျွန်တော်တို့ War Action ရုပ်ရှင်ပြန် ရိုက်မှာ ဖြစ်တယ်။ အဲ့ဒီရုပ်ရှင် ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့ မြန်မာတစ်လျှောက်လုံးရဲ့ တော်လှန်ရေးကို ကျွန်တော်တို့ ရုပ်ရှင်ရိုက်မှာ ဖြစ်တယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ သုံးမှာဖြစ်ပါတယ်။

မေး။      ။ လက်ရှိ ချင်းပြည်နယ်ကို ကြည့်ရင် ဆရာ ဘယ်လိုခံစားမိပါသလဲ။

ဖြေ။      ။ ကျွန်တော်က ဒီစစ်မြင်ကွင်းကို ကိုယ်တိုင်မြင်တဲ့အခါမှာ ကျွန်တော့်ဟာ ကျွန်တော်၊ ဒီ Landmine Victims တွေအတွက်၊ စစ်ရဲ့ ဒီမှာသေဆုံးသွားတဲ့ သားသမီးတွေ၊ ကျွန်တော်တို့ရဲ့ သူရဲကောင်းလေးတွေရဲ့ ဘဝလေးက အရမ်းကိုသနားစရာကောင်းတယ်။ သူတို့ရဲ့ မိသားစုလေးတွေ ကလေးတွေရဲ့ ပညာရေးကအစ ကျွန်တော်ဆုံးဖြတ်ထားတာက ဒီအတွက် မြန်မာပြည် တလျှောက်မှာရှိတဲ့ စစ်ရဲ့ ဒီသားကောင်တွေ ခက်ခဲတဲ့ လူတွေကို တတ်နိုင်တဲ့ဖက်ကနေပဲ ဒီကရသမျှကို ကျွန်တော် လှူဒါန်းမယ်။ ဆက်လက်ပြီးတော့ သူတို့နဲ့အတူ တိုက်ပွဲဝင်မယ်လို့ ကျွန်တော်ဆုံးဖြတ်ထားတယ်။

မေး။      ။ လက်ရှိတော်လှန်ဆင်နွဲနေတဲ့ တော်လှန်ရေးအပေါ်  ဆရာ့အမြင် သိချင်ပါတယ်။

ဖြေ။      ။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာဆိုလို့ရှိရင် ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၀ တုန်းက ကြည့်မယ်ဆိုရင် အဲ့ဒီတုန်းက အရှေ့တောင်အာရှမှာ အရမ်းထွန်းတောက်တဲ့ နိုင်ငံဖြစ်တယ်။ စင်ကာပူကနေ ရန်ကုန်မှာ အလုပ်လာလုပ်ကြတယ်၊ ကျောင်းလာတက်ကြတယ်။ ဒါပေမဲ့ အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းအကြာကြီး နေပြီးနောက်ပိုင်းမှာ မြန်မာပြည်က အာရှမှာ၊ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ တိုင်းပြည်ဖြစ်သွားတယ်။ မြန်မာပြည်သူပြည်သား အများကြီး နိုင်ငံခြားမှာ အလုပ်သမားအဖြင့် သွားပြီး အလုပ်လုပ်ကြတယ်။ အဲဒါ စစ်ရဲ့သားကောင်ပါပဲ။ ဒါကြောင့် ဒီဟာကို တိုက်ခိုက်မယ် အနိုင်ထိ လုံးဝအောင်ပွဲရသည့်အထိ ယုံကြည်တယ်၊ သူတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ကျွန်တော်တို့ အမြဲတမ်း အားပေးထောက်ခံမှာ ဖြစ်ပါတယ်။

မေး။      ။ တခြားဘာများ ဖြည့်စွပ်ပြောချင်လဲ။

ဖြေ။      ။ ကျွန်တော့်ကို အားပေးကြတဲ့ မြန်မာပြည်သူပြည်သား၊ တိုင်းရင်းသားများ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်ပါ၊ ဒီကျွန်တော့်ရဲ့ ကဏ္ဍအနေနဲ့ ဒီရုပ်ရှင်လုပ်ငန်းအနေနဲ့ ပါဝင်မှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ကို အားပေးပါ၊ ဒီတော်လှန်ရေးမှာ တစိတ်တပိုင်း အားပေးတဲ့ လူတွေအပေါ်မှာလည်း အားလုံးကို အသိမှတ်ပြုတယ်၊ ကျေးဇူးတင်တယ်။ မြန်မာပြည်နယ်တလျှောက်တိုင်းမှာ တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးရဲဘော် ညီငယ်၊ ညီမလေးတွေ ကျွန်တော်တို့ အမြဲတမ်း အားပေးပါတယ် ဆိုတဲ့ဟာကို ပြောချင်ပါတယ် ကျေးဇူးတင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.