Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာဘက်ကိုပို့မည့် ဖောက်ခွဲရေးပစ္စည်းတချို့ မီဇိုရမ်အာဏာပိုင်များဖမ်းဆီး

မြန်မာဘက်ကိုပို့မည့် ဖောက်ခွဲရေးပစ္စည်းတချို့ မီဇိုရမ်အာဏာပိုင်များဖမ်းဆီး

0
By Editor on November 6, 2024 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့မနက်ပိုင်းမှာ ဖမ်းဆီးရမိသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် Serchhip ခရိုင် ရဲတပ်ဖွဲ့ နှင့် အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့မနက်ပိုင်း ၄ နာရီခန့်တွင် Sailiamkawn နေရာတွင် Pick-up ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာမှာ ဖောက်ခွဲရေးတွင်အသုံးပြုသော Gelatin ၄၈ ထုတ်၊Detonator ၉၄ ထုတ် နှင့် Coils fuse ၅ ခု ကို ကားထဲမှ ဖမ်းဆီးရမိသည်ဟု ဒေသတွင်းသတင်းမှာဖော်ပြထားသည်။

အဆိုပါပစ္စည်းများနှင့်အတူ ဒေသခံ ၂ ဦးကိုလည်းဖမ်းဆီးပြီး မည်သူမည်ဝါဖြစ်သည်ကို အတည်ပြု၍မရသေးဘဲ ယင်း ပစ္စည်းများကို မြန်မာဘက်သို့ပို့ဆောင်ရန်ဖြစ်သည်ဟု သိရသည်။

Serchhip ခရိုင်ရဲတပ်ဖွဲ့က ယင်းအမှုကိစ္စနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အဖမ်းခံရသူနှစ်ဦးကို ယနေ့တွင် တရားရုံးသို့ခေါ်ဆောင်သွားမည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ Carmel တောင်တက်သည့် လူငယ်များ ဓားခုတ်ခံရမှုဖြစ်ပွား၊ နှစ်ဖက်စလုံးဒဏ်ရာရရှိ

ဟားခါးလူထုသပိတ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်

ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသာ ရဲဘော်များ ဖေဖော်ဝါရီလကုန်မှာ ပြန်တာဝန်ထမ်းဆောင်ရန် CDF – KKG ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.