Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာ့အရေးလှုပ်ရှားမှုအတွက် မီဇိုရမ်တွင် NGO United for Democratic Myanmar ဖွဲ့စည်း

မြန်မာ့အရေးလှုပ်ရှားမှုအတွက် မီဇိုရမ်တွင် NGO United for Democratic Myanmar ဖွဲ့စည်း

0
By Editor on February 24, 2021 Khonumthung
#Unicode
By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် လက်ရှိမြ န်မာ့နိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ ဦးဆောင်လှုပ်ရှားမည့် NGO United for Democratic Myanmar အဖွဲ့ကို မီဇိုရမ်ရောက်မြန်မာနိုင်ငံသားများနှင့် ဒေသတွင်းအစိုးရမဟုတ်သော NGO များက ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပူးပေါင်း ဖွဲ့စည်းလိုက်ကြသည်ဟု သိရသည်။
အဆိုပါအဖွဲ့မှ ပြောဆိုခွင့်ရှိသူတစ်ဦးက “အဓိကတော့ မီဇိုရမ်ရောက်မြန်မာပြည်သားများအနေဖြင့် ကိုယ့်နိုင်ငံအခက်အခဲ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့လည်း တစ်ခုခု လုပ်မှဖြစ်တယ်ဆိုပြီး ဖွဲ့စည်းတာဖြစ်တယ်။ ဒီအဖွဲ့ဟာ အရင်ကတော့ ယာယီသဘောမျိုးနဲ့ဖွဲ့စည်းပြီးတော့ ဆန္ဒပြတာတွေလုပ်တယ်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံရေးအခြေအနေကို သုံးသပ်တဲ့ အခါမှာ ဆက်လက်လုပ်ဆောင်ရမဲ့ ကိစ္စတွေ အများကြီးရှိနေသေးတာကြောင့် ခုလို အတည်တကျ ပြန်လည်ဖွဲ့စည်း ထားတာဖြစ်တယ်”ဟု ပြောသည်။
ဆက်လက်၍ “ဤအဖွဲ့အစည်းက အဓိကအနေဖြင့် မီဇိုးဒေသခံ NGO များနှင့်ပူးပေါင်းပြီး လုပ်ငန်းတွေ အများကြီး လုပ်ဆောင်သွားဖို့ရှိတယ်။ ဥပမာ- စစ်ဘေးကြောင့်ဖြစ်ဖြစ်၊ ယခုလက်ရှိနိုင်ငံရေးကြောင့်ဖြစ်ဖြစ် မီဇိုရမ်ဘက်ကို ထွက်ပြေးလာတဲ့သူရှိရင် မီဇိုရမ်အစိုးရအနေဖြင့် လက်ခံပေးဖို့အတွက် မီဇိုရမ်အစိုးရ၊ ဗဟိုအစိုးရအထိ တောင်ဆိုသွားဖို့ရှိတယ်။” ဟု သူကဆက်ပြောသည်။
အဆိုပါအဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒဖော်ထုတ်မှု CDM လှုပ်ရှားမှုကို ထောက်ခံအားပေးသည့်အနေဖြင့် မီဇိုးဒေသခံ NGO အဖွဲ့များ အဆိုတော်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး CDM ရန်ပုံငွေကိုလည်း ရှာဖွေသွားရန်ရည်ရွယ်ထားကြောင်း သိရသည်။
“ကျနော်တို့ ရည်ရွယ်ထားတာက CDM အတွက်ဆိုပြီး မီဇိုရမ်ရောက်မြန်မာပြည်သားများတွင် အလှူငွေကောက်ခံ သွားဖို့ ရှိတယ်။ နောက်ပြီး မီဇိုရမ်အစိုးရက ခွင့်ပြုရင် ဒေသခံ NGO နဲ့ အဆိုတော်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အိုက်ဇောလ်မြို့ တနေရာရာမှာ သီချင်းဆိုပွဲတွေပြုလုပ်ရင်း အလှူခံသွားဖို့လည်း ရည်ရွယ်ထားပါတယ်” ဟုပြောသည်။
သမိုင်းကြောင်းအရ မီဇိုရမ်ပြည်နယ်ရှိ မီဇိုးလူမျိူးများသည် ချင်းလူမျိူးများနှင့် တအူတုံဆင်းညီရင်းအကိုများဖြစ်ကြပြီး မြန်မာ့ဒီမိုကရေစီအရေးနှင့်ပတ်သက်၍ ရှေ့တန်းမှဦးဆောင်ထောက်ခံအားပေးသည့်ပြည်နယ်တစ်ခုဖြစ်သည်။
ယခင် စစ်အစိုးရခေတ်တုန်းကတလည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထွန်းကားလာစေရေးအတွက် Mizoram for Democracy in Burma ဆိုသည့်အဖွဲ့ကို ဖွဲ့စည်းကာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဖိအားပေးရန် အိန္ဒိယဗဟို အစိုးရကို တိုက်တွန်းတောင်းဆိုမှုများလည်းပြုလုပ်ခဲ့ကြသည်။
#Zawgyi
By ရစ္ခ်က္ – ခ်င္းျပည္နယ္ႏွင့္နယ္နိမိတ္ခ်င္းထိစပ္ေနေသာ အိႏိၵယႏိုင္ငံအေရွ႕ေျမာက္ေဒသ မီဇိုရမ္ျပည္နယ္တြင္ လက္ရွိျမ န္မာ့ႏိုင္ငံေရး အေျခအေနႏွင့္ပတ္သက္၍ ဦးေဆာင္လႈပ္ရွားမည့္ NGO United for Democratic Myanmar အဖြဲ႔ကို မီဇိုရမ္ေရာက္ျမန္မာႏိုင္ငံသားမ်ားႏွင့္ ေဒသတြင္းအစိုးရမဟုတ္ေသာ NGO မ်ားက ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔က ပူးေပါင္း ဖြဲ႔စည္းလိုက္ၾကသည္ဟု သိရသည္။
အဆိုပါအဖြဲ႔မွ ေျပာဆိုခြင့္ရွိသူတစ္ဦးက “အဓိကေတာ့ မီဇိုရမ္ေရာက္ျမန္မာျပည္သားမ်ားအေနျဖင့္ ကိုယ့္ႏိုင္ငံအခက္အခဲ ျဖစ္ေနတဲ့အခ်ိန္မွာ က်ေနာ္တို႕လည္း တစ္ခုခု လုပ္မွျဖစ္တယ္ဆိုၿပီး ဖြဲ႕စည္းတာျဖစ္တယ္။ ဒီအဖြဲ႕ဟာ အရင္ကေတာ့ ယာယီသေဘာမ်ဳိးနဲ႕ဖြဲ႕စည္းၿပီးေတာ့ ဆႏၵျပတာေတြလုပ္တယ္။ ကြ်ႏ္ုပ္တို႕ ျမန္မာႏိုင္ငံေရးအေျခအေနကို သံုးသပ္တဲ့ အခါမွာ ဆက္လက္လုပ္ေဆာင္ရမဲ့ ကိစၥေတြ အမ်ားႀကီးရွိေနေသးတာေၾကာင့္ ခုလို အတည္တက် ျပန္လည္ဖြဲ႕စည္း ထားတာျဖစ္တယ္”ဟု ေျပာသည္။
ဆက္လက္၍ “ဤအဖြဲ႕အစည္းက အဓိကအေနျဖင့္ မီဇိုးေဒသခံ NGO မ်ားႏွင့္ပူးေပါင္းၿပီး လုပ္ငန္းေတြ အမ်ားႀကီး လုပ္ေဆာင္သြားဖို႕ရွိတယ္။ ဥပမာ- စစ္ေဘးေၾကာင့္ျဖစ္ျဖစ္၊ ယခုလက္ရွိႏိုင္ငံေရးေၾကာင့္ျဖစ္ျဖစ္ မီဇိုရမ္ဘက္ကို ထြက္ေျပးလာတဲ့သူရွိရင္ မီဇိုရမ္အစိုးရအေနျဖင့္ လက္ခံေပးဖို႕အတြက္ မီဇိုရမ္အစိုးရ၊ ဗဟိုအစိုးရအထိ ေတာင္ဆိုသြားဖို႕ရွိတယ္။” ဟု သူကဆက္ေျပာသည္။
အဆိုပါအဖြဲ႕အစည္းအေနျဖင့္ ျမန္မာႏိုင္ငံအတြင္း စစ္အာဏာရွင္စနစ္ဆန္႔က်င္ဆႏၵေဖာ္ထုတ္မႈ CDM လႈပ္ရွားမႈကို ေထာက္ခံအားေပးသည့္အေနျဖင့္ မီဇိုးေဒသခံ NGO အဖြဲ႔မ်ား အဆိုေတာ္အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းၿပီး CDM ရန္ပံုေငြကိုလည္း ရွာေဖြသြားရန္ရည္ရြယ္ထားေၾကာင္း သိရသည္။
“က်ေနာ္တို႕ ရည္ရြယ္ထားတာက CDM အတြက္ဆိုၿပီး မီဇိုရမ္ေရာက္ျမန္မာျပည္သားမ်ားတြင္ အလွဴေငြေကာက္ခံ သြားဖို႕ ရွိတယ္။ ေနာက္ၿပီး မီဇိုရမ္အစိုးရက ခြင့္ျပဳရင္ ေဒသခံ NGO နဲ႔ အဆိုေတာ္အဖြဲ႕ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ အိုက္ေဇာလ္ၿမဳိ႕ တေနရာရာမွာ သီခ်င္းဆိုပြဲေတြျပဳလုပ္ရင္း အလွဴခံသြားဖို႕လည္း ရည္ရြယ္ထားပါတယ္” ဟုေျပာသည္။
သမိုင္းေၾကာင္းအရ မီဇိုရမ္ျပည္နယ္ရွိ မီဇိုးလူမ်ဴိးမ်ားသည္ ခ်င္းလူမ်ဴိးမ်ားႏွင့္ တအူတံုဆင္းညီရင္းအကိုမ်ားျဖစ္ၾကၿပီး ျမန္မာ့ဒီမိုကေရစီအေရးႏွင့္ပတ္သက္၍ ေရွ႕တန္းမွဦးေဆာင္ေထာက္ခံအားေပးသည့္ျပည္နယ္တစ္ခုျဖစ္သည္။
ယခင္ စစ္အစိုးရေခတ္တုန္းကတလည္း ျမန္မာႏိုင္ငံတြင္ ဒီမိုကေရစီျပန္လည္ထြန္းကားလာေစေရးအတြက္ Mizoram for Democracy in Burma ဆိုသည့္အဖဲြ႕ကို ဖြဲ႔စည္းကာ ျမန္မာ့ဒီမိုကေရစီအေရးအတြက္ ဖိအားေပးရန္ အိႏိၵယဗဟို အစိုးရကို တိုက္တြန္းေတာင္းဆိုမႈမ်ားလည္းျပဳလုပ္ခဲ့ၾကသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.