Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာ-အိန္ဒိယနယ်စပ်တလျှောက်က မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို တားဆီးနှိမ်နှင်းရေး အလေးထားဆောင်ရွက်မည်ဟု ချင်းလဲန်းကောင်စီ ဆို

မြန်မာ-အိန္ဒိယနယ်စပ်တလျှောက်က မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို တားဆီးနှိမ်နှင်းရေး အလေးထားဆောင်ရွက်မည်ဟု ချင်းလဲန်းကောင်စီ ဆို

0
By Editor on March 19, 2024 Headline

(006SV)

ချင်းပြည်နှင့် အိန္ဒိယနယ်စပ်တစ်လျောက် တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို တားဆီးနှိမ်နှင်းရေး အလေးထားဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်သည်။

တရားမဝင်မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ စိုက်ပျိုးသူများ၊ အရောင်းအဝယ်ပြုသူများ၊ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ များကို စုံစမ်းဖော်ထုတ်ကာ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်က ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူများသည် အာဏာမသိမ်းမှီကပင် ပုံစံမျိုးစုံဖြင့် ရောင်းဝယ်ဖောက်ကား နေသူများဖြစ်ပြီး လက်ရှိမှာ နယ်စပ်တလျှောက် မငြိမ်သက်မှုများနှင့် စစ်ရေးတင်းမာမှုများကို အခွင့်ကောင်းယူ၍ မြန်မာ စစ်ဘေးရှောင်များကို အသုံးချကာ ယခင်ကထက် ရောင်းဝယ်မှုများကို ပိုမိုပြုလုပ်လာကြောင်း ချင်းလဲန်း ကောင်စီက ဆိုသည်။

မြန်မာစစ်ဘေးရှောင်များအနေဖြင့် အိန္ဒိယနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၏ အမည်ခံ၊ အသုံးချခံအဖြစ် မပါဝင်ကြရန် နှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှု သတင်းများကို သက်ဆိုင်ရာ မြို့နယ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပေး တိုင်ကြားကြရန် ချင်းလဲန်းကောင်စီက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်အမှတ် ၂ ကုန်သွယ်ရေးစခန်း ရိမြို့ ကတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို မူးယစ်ဆေး၀ါး ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားမှောင်ခိုတင်သွင်းမှုပိုမိုများပြားလာခဲ့သည်။

မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်ထဲမှာ ဘိန်းဖြူ ၆၈.၀၅၅ ကီလိုဂရမ်၊ Methamphetamine စိတ်ကြွ ဆေးပြား ၁၅၄.၁၇၂ ကီလိုဂရမ်၊ Crystal Meth ၄၉.၀၀၅ ကီလိုဂရမ်ကျော်ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေး၀ါးများနှင့် ပတ်သက်ဆက်နွယ်သူ အယောက် ၃၈၅ ဦးကို ဖမ်းဆီးခဲ့သည့်အနက် မြန်မာနိုင်ငံသား ၅၅ ယောက် ပါ၀င်သည်ဟု သိရသည်။

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်၊ တွန်းဇံ- ကျီးခါး ကားလမ်းမများဘေးမှာလည်း ဘိန်းစိုက်ခင်းများ ယခင်နှစ်များထက် ပိုမိုများပြားလာနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.