Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် တိမ်းရှောင်ခဲ့ကြသည့် တီးတိန်မြို့ခံ ပြည်သူများ နေရပ်ပြန်

မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် တိမ်းရှောင်ခဲ့ကြသည့် တီးတိန်မြို့ခံ ပြည်သူများ နေရပ်ပြန်

0
By Editor on May 21, 2026 Headline

(004SS)

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်သွားကြသည့် ဒေသခံပြည်သူများ ယခုတစ်ပတ်အတွင်း မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်လာနေကြကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းမှစတင်ကာ တီးတိန်မြို့မှာ တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ပြီးနောက် မြို့ခံအားလုံးနီးပါးမှာ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ခဲ့ကြရာ တစ်လခန့်အကြာမှာ နေရပ်သို့ပြန်လာကြခြင်း ဖြစ်သည်။

“လက်ရှိ တီးတိန်မြို့က ပြည်သူအတွက် လုံခြုံလို့လားဆိုရင် အဲလိုတော့ မပြောတတ်ဘူး။ လူတွေ ပြန်လာကြတော့ အဲလိုပဲ ပြန်လာဖြစ်ကြတာပေါ့နော်။ တစ်ဖြည်းဖြည်းနဲ့ နည်းနည်းချင်း ပြန်လာကြပြီ။ အခု မြို့ဒေသခံ တစ်ဝက်နီးပါး ရှိရင်ရှိလောက် မယ်ရှင့်။ အစကတော့ မြို့ခံအားလုံးနီးပါး စစ်ရှောင်သွားကြတာပေါ့နော်။ မြို့ထဲတိတ်ဆိတ်နေတာပဲ။ အခုတော့ ပြန်ဆူညံ လာပါပြီ” ဟု တီးတိန်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် တစ်ပတ်ခန့်ကအထိ တီးတိန်မြို့တွင်း၌ အလွန်တိတ်ဆိတ်နေခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ဒေသခံများ သိသိသာသာပြန်လည်ရောက်ရှိလာကြပြီး အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်တွင် စစ်ရှောင်နေကြသူများနှင့် တီးတိန်မြို့အနီးအနားရှိ ကျေးရွာများတွင် ခိုလှုံနေကြသည့် စစ်ရှောင်များ အဓိက ပြန်လည်ဝင်ရောက်လာကြခြင်း ဖြစ် သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ စစ်ရှောင်ပြည်သူများ နေရပ်သို့ ပြန်လည်ဝင်ရောက်လာကြခြင်းမှာ စစ်ရှောင်ရာဒေသများတွင် ရင်ဆိုင်နေရသည့် အထွေထွေအခက်အခဲများကြောင့် ပြန်လာကြခြင်းဟု သိရသည်။

စစ်ရှောင်အများစု သွားရောက်ခိုလှုံရာ ကလေးမြို့တွင် အိမ်ငှားခများ မြင့်တက်နေခြင်း၊ အိမ်ငှားရှာဖွေရန် ခက်ခဲခြင်းတို့ ကြောင့် မတတ်နိုင်ကြတော့သည့်အပြင် အမျိုးအိမ်များ၌ မိသားစု နှစ်စု၊ သုံးစုခန့် စုပြုံနေထိုင်ရသဖြင့် နေထိုင်ရေး အဆင်မပြေမှုများနှင့် ရင်ဆိုင်နေကြရသည်။

ထို့အပြင် ရုတ်တရက် နေရာအပြောင်းအလဲ၊ ရာသီဥတုအပြောင်းအလဲကြောင့်လည်း ပြင်းထန်သော အပူဒဏ်ကို သက်ကြီးရွယ်အိုများ မခံနိုင်ကြခြင်းနှင့် ကိုယ့်အိမ်ကိုယ်ယာမဟုတ်သည့်နေရာတွင် နေထိုင်ရ ခြင်းကြောင့် ကြုံတွေ့ရသည့် စိတ်ဆင်းရဲမှု စသည့် ကိုယ်စီအခက်အခဲအမျိုးမျိုးကြောင့် မိမိတို့နေရပ်သို့ ပြန်လာကြခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ အတွင်း တီးတိန်မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် မြို့ပေါ်ရှိ ဒေသခံပြည်သူများသည် ကလေးမြို့နှင့် နီးစပ်ရာကျေးရွာများသို့ နေ့စဉ်နှင့်အမျှ ကြိုတင်ပြောင်းရွှေ့ခဲ့ကြရာ မြို့ပေါ်တွင် ကျန်းမာရေးဌာနအပါအဝင် မဖြစ်မနေ ပြည်သူ့ဝန်ဆောင်မှုပေးရမည့် ဌာနဆိုင်ရာဝန်ထမ်းအချို့သာ ကျန်ရှိတော့သည့်အထိ မြို့လုံးကျွတ်နီးပါး တိမ်းရှောင်ခဲ့ကြရ သည်။

တီးတိန်မြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ဒေသခံများစစ်ရှောင်ခဲ့ကြသော်လည်း သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်သည့် ZFU/PDF Zoland အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ယနေ့အထိ တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးသလို စစ်ရေးအခြေအနေများနှင့် ပတ်သက်၍လည်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။

လက်ရှိတွင် တီးတိန်မြို့တွင်းသို့ စစ်ရှောင်ပြည်သူများ တစ်ဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာနေသော်လည်း ဒေသတွင်း စစ်ရေးအခြေအနေမှာမူ မည်သို့ဖြစ်လာမည်ကို အတိအကျ ခန့်မှန်းရခက်ခဲနေဆဲဟု ဒေသခံများထံမှ သိရသည်။

ထိုသို့ ချင်းပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လာနေသည့်နည်းတူ ကလေးမြို့ဘက်သို့ စစ်ဘေးရှောင် နေကြသည့် ဖလမ်းမြို့ဒေသခံများနှင့် ဝန်ထမ်းမိသားစုဝင်အချို့သည်လည်း Falam Pawlpi (Falam) ၏ စီစဉ်ပေးမှုဖြင့် မေလ ၂၀ ရက် နံနက်ပိုင်းက ကားအစီး ၂၀ ခန့်၊ ဆိုင်ကယ်ကိုယ်စီဖြင့် ကလေး-သိုင်းငင်းလမ်းအတိုင်း ဖလမ်းမြို့သို့ နေရပ် ပြန်သွားကြကြောင်း သိရသည်။

ယင်းသည် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ပြီးနောက် ဒုတိယသုတ်အဖြစ် နေရပ်ပြန်ကြခြင်းဖြစ်ပြီး ပြီးခဲ့ သည့် ဧပြီလကုန်ပိုင်းကလည်း ပထမသုတ်အဖြစ် Non-CDM ဝန်ထမ်းများကို စစ်ကောင်စီဘက်က ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်က ချင်းတောင်ပိုင်း ထိုးစစ်ဆင်မှုမှာ မြို့များကို လေကြာင်းဗုံးကြဲမှု ၁၀ ရက်အတွင်း ၂၅ ကြိမ် ပြုလုပ်

မလေးရှားသို့သွားရာလမ်းခုလတ်တွင် ကွယ်လွန်ခဲ့သည့် Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး အချုပ်မှလွတ်မြောက်လာပြီးနောက် မြန်မာသို့ပြန်ပို့

အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်မှာ (၄) လအတွင်း စစ်တပ်ကြောင့် အရပ်သား(၁၀) ဦးသေဆုံး၊ ဖမ်းဆီးခံရသူ (၁၈) ဦးခန့်ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.