Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းမှူး ထောက်ခံချက်ဖြင့် ရဲဘော် ၃ ဦး သယ်လာသည့် ဆေးပြား ၃ သန်းခန့်နှင့် ဘိန်းဖြူ ကီလို ၁၀၀ ကျော် CDF-Hakha ဖမ်းဆီး

ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းမှူး ထောက်ခံချက်ဖြင့် ရဲဘော် ၃ ဦး သယ်လာသည့် ဆေးပြား ၃ သန်းခန့်နှင့် ဘိန်းဖြူ ကီလို ၁၀၀ ကျော် CDF-Hakha ဖမ်းဆီး

0
By Editor on July 10, 2025 Headline

(006SV)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းမှူး ထောက်ခံစာဖြင့် သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၃ သန်းခန့်နှင့် ဘိန်းဖြူ ကီလို ၁၀၀ ကျော်ကို တော်လှန်ရေးရဲဘော် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း CDF – Hakha Central Council ကထုတ်ပြန်သည်။

ဇူလိုင်လ ၈ ရက်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ်၊ ဗားရ်တံတားသို့ Hilux 9K – 1693 ကားနှင့် ကိုစိုးသူ ပိုင်ဆိုင်သော 1J – 6011 Forland ကားတို့ဖြင့် သယ်ယူ ပို့ဆောင်သော စိတ်ကြွဆေးပြား ၃ သန်းခန့်၊ နံပါတ်ဖိုး ခေါ် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်တို့ကို CDF – ဟားခါးက ဖမ်းဆီးရမိသည်ဟု ဇူလိုင်လ ၁၀ ရက်က ထုတ်ပြန်သည်။

ယင်းမူယစ်ဆေးဝါးများနှင့်အတူ တော်လှန်ရေး ရဲဘော် ၃ ဦး၊ ယာဉ်မောင်း ၁ ဦး နှင့် စပယ်ယာ ၁ ဦးတို့ကို မောင်းပြန်သေနတ် ၂ လက်၊ mini starlink ၂ ခုတို့ဖြင့် ဖမ်းဆီးရမိသည်ဟု သိရသည်။

စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများကို ကားနှစ်စီးနှင့်အတူ အိတ်ကြီး ၅၀ ၊ အိတ်သေး ၁၅ အိတ်ခန့်ဖြင့် သယ်ဆောင်လာသည်ဟု CDF ဟားခါးက ထုတ်ပြန်သော ရုပ်သံဖိုင်တွင် ကားဆရာ ကျော်ဟိန်းက ပြောသည်။

“ကိုစိုးရသူရဲ့ ကားကို မောင်းလာတာပါ။ စလင်းကြီးမြို့နယ်ထဲကနေ သယ်လာတာပါ။ ငွေသာရွာအနားပဲဗျ။ သူတို့ အဆောက်အဦးလေးတွေ ရှိတယ်။ လူနေတဲ့ အဆောက်အဦးရယ်၊ အဲဒီပစ္စည်းတွေထားတဲ့ အဆောက်အဦးရယ်၊ အဲဒါတွေက အဖွဲ့အစည်းဟာပါ။သူတို့ အဖွဲ့အစည်းကဟာလို့ ပြောပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ နေပါတယ်။ ကျနော်တို့ကို ပြောတာက ယင်းမာပင်တပ်ရင်း ၁၅ လို့ပဲ ပြောပြထားပါတယ်။ တပ်ခွဲကတော့ မသိပါဘူး” ဟု ကားဆရာကျော်ဟိန်းက ပြောသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄ မှ ရဲဘော် ကိုဇော်နောင်ကမူ ၎င်းတို့ တပ်ခွဲမှူး ကိုပုတီးထံမှ သယ်လာခြင်းဖြစ်ပြီး ချင်းပြည်နယ်ကို ဖြတ်၍ မူးယစ်ဆေးဝါး သယ်ဆောင်ခြင်းသည် ၄ ခေါက်မြောက်ဖြစ်သည်ဟု ပြောသည်။

မူးယစ်ဆေးဝါးများကို ဆလင်းကြီးမြို့နယ်၊ ငွေသာရွာအနားက သယ်ဆောင်လာခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူများက ပြောသည်။

တတိတမြောက်ရဲဘော်တစ်ဦးမှာ အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀ က ရဲဘော် အာကာဖြိုးဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးရမိသူများကို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု CDF – Hakha Central Council ထံမှ သိရသည်။

မူးယစ်းဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ သယ်ယူပို့ဆောင်ရေးတွင် တာဝန်ခံဖြစ်သော မောင်ဇော်လတ် (အမည်ရင်း ဦးဝင်းမော်) နှင့် ကိုပုတီး (အမည်ရင်း ဦးကျော်မင်းဇော်) တို့သည် ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၉ ရက်တွင် ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF – ဟားခါးက ရုပ်သံဖိုင်များနှင့်တကွ ထုတ်ပြန်သည်။

ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်း နှင့် သယ်ယူပို့ဆောင်ခြင်းများကို ထပ်မံတွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်လိုက်သည်။

ဒေသခံပြည်သူများကလည်း မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ပေးကြပါရန် CDF – Hakha Central Council က တိုက်တွန်းနှိုးဆော်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.