Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ယနေ့မနက် CNA, CDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၅ ဦးသေဆုံး

ယနေ့မနက် CNA, CDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၅ ဦးသေဆုံး

0
By Editor on October 13, 2021 Khonumthung

ယနေ့မနက်ပိုင်းမှစတင်ကာ ချင်းအမျိုသားတပ်ဦး (CNF/CNA)၊ CDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများစတင်ဖြစ်ပွားလျက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့မနက် တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ပူးထက်နီက ယခုလိုဖြေကြားသည်။

“ဟားခါးမြို့အထွက် နှရီယာလောန်ထာရ်ကျေးရွာမှာ ဒီမနက် ၁၀ နာရီလောက်ကဖြစ်တယ်။ စစ်ကောင်စီဖက်က ၅ ဦး တိုက်ပွဲမှာကျတယ်။ ကျွန်တော်တို့ CNA, CDF ပူးပေါင်းတပ်ဖွဲ့ကတော့ အထိအခိုက်မရှိဘူး။ နောက် ၆ မိုင်အကွာမှာ သူတို့ (စစ်ကောင်စီ) ဖက်က လက်နက်ကြီးတွေနဲ့ ပစ်တာခတ်တာတော့ရှိတယ်။ ထိပ်တိုက်တွေ့တယ်လို့တော့ ပြောလို့မရဘူး။ သူတို့ဖက်က ရမ်းသမ်းပစ်ခတ်နေတာပဲဖြစ်တယ်။ ဆက်သွယ်ရေးအခက်အခဲကြောင့် အဆက်အသွယ်တော့မရသေးဘူး။ ဖြစ်တယ်လို့တော့ ပြောလို့ရပါတယ်”

ထို့အပြင် တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ နှရီယာလောန်ထာရ်ကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မောင်ပဲန်အုပ်ထန်အပါအဝင် ဒေသခံ ၄ ဦး အဖမ်းခံရသည့်အပြင် SKAT ကားတစ်စီးကိုလည်း သိမ်းယူသွားကြောင်း ဒေသတွင်းသတင်းဖော်ပြချက်အရ သိရသော်လည်း ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီမှ အနောက်မြောက်ပိုင်းစစ်တိုင်းမှူး အပြောင်းအလဲပြုလုပ်ခဲ့ပြီးနောက် ချင်းပြည်နယ်၏ မြောက်ပိုင်းဖက်မှကော တောင်ပိုင်းဖက်မှပါ စစ်အင်အားများ ဆက်တိုက်တို့ချဲ့လာနေကာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာနိုင်ချေရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.