Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ယောဒေသတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ထိခိုက်သေဆုံးမှုများလည်းရှိ

ယောဒေသတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ထိခိုက်သေဆုံးမှုများလည်းရှိ

0
By Editor on March 22, 2023 Khonumthung

ယောဒေသ ထီးလင်းမြို့မှ ထွက်လာသော စစ်ကောင်စီယာဉ်တန်းကို ထွက်ကြိုလာသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ကို ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က မတ်လ ၁၉ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၃ ဦး ပွဲချင်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု YPDF က ထုတ်ပြန်သည်။

ထီးလင်းမြို့မှထွက်လာသော စစ်ယာဉ်တန်းအား ထွက်ကြိုလာသည့် ခလရ (၅၀) မှကား ၄ စီးကို မတ်လ ၁၉ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့နယ် ရှောက်ပင်နှင့် ခေါက်ခူရွာကြားတွင် YPDF တပ်ဖွဲ့မှ အသင့်ပြင်ဆင်ထားသော မိုင်းကွင်းအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီနှင့် ပျူစောထီးများ အယောက် ၂၀ ခန့်မှာ ပြေပြင်သို့လဲကျသွားခဲ့ပြီး ၃ ဦးမှာ ပွဲချင်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု YPDF က ဆိုသည်။

မိုင်းဒဏ်ကြောင့် အထိနာသွားသော စစ်ကောင်စီစစ်ကြောင်းသည် မိုင်းမိသည့်နေရာတွင် ခေတ္တရပ်နားကာ ရှေ့ဆက်မတိုးတော့ပဲ ဂန့်ဂေါမြို့ဘက်သို့ နောက်ကြောင်းပြန်လှည့်သွားခဲ့ပြီး YPDF ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

ထီးလင်းမြို့မှ ထွက်ခွါလာသော ယာဉ်တန်းစစ်ကြောင်းသည်လည်း လမ်းတစ်လျှောက် ကာကွယ်ရေးတပ်ဖွဲ့များ၏ အသင့်စောင့်ကြိုတိုက်ခိုက်မှုများကြောင့် အထိနာနေကြပြီး ယာဉ်တန်းဖြတ်သန်းရာလမ်းတစ်လျှောက် ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ခေတ္တတိမ်းရှောင်ကြရန် အချိန်မရွေး တိုက်ပွဲကြီးငယ်ဖြစ်လာနိုင်သောကြောင့် သတိအနေအထားဖြင့်နေပေးကြရန် YPDF က မေတ္တာရပ်ခံထားသည်။

ထို့အပြင် ယောဒေသရှိ စစ်ကောင်စီတပ်များရှိရာနေရာသို့ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်သည့်အတွက် စစ်ကောင်စီတပ်များရှိရာ နေရာဒေသများမှ ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာများကို ရှောင်တိမ်းနေထိုင်ကြရန်နှင့် စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ပြီး ကာကွယ်ရေးတပ်ဖွဲ့များထံ သတင်းပေးပို့ခြင်းဖြင့် တော်လှန်ရေးတွင် ပါဝင်ပေးကြရန် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ Carmel တောင်တက်သည့် လူငယ်များ ဓားခုတ်ခံရမှုဖြစ်ပွား၊ နှစ်ဖက်စလုံးဒဏ်ရာရရှိ

ဟားခါးလူထုသပိတ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်

ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသာ ရဲဘော်များ ဖေဖော်ဝါရီလကုန်မှာ ပြန်တာဝန်ထမ်းဆောင်ရန် CDF – KKG ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.